Border News Agency
မြဝတီ၊ ဇူလိုင် ၃၀။
မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ ရဲကုန်းတိုက်ပွဲမှာ အာဏာသိမ်းစစ်တပ်အဖွဲ့ဝင်နှစ်ဦး သေနတ်သုံးလက်နဲ့အတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ဆီ လက်နက်ချအလင်းဝင်ခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ စကခ ၁၃ လက်အောက်ခံ ခမရ ၅၅၇ မှစစ်မှုထမ်းသစ်နှစ်ဦးဟာ ဇူလိုင်လ ၂၈ ရက်နေ့က အလံဖြူထောင်ပြီး KNLA တပ်ရင်း ၂၇ ဆီ လာရောက်ပူးပေါင်းခဲ့တာပါ။
အဲဒီလက်နက်ချပူးပေါင်းလာသူနှစ်ဦးကို KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး စောမူဂေက ထောက်ပံ့ငွေတွေပေးအပ်ခဲ့ပါတယ်။
မြဝတီ-ဝေါ်လေလမ်းပိုင်းကို ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်းထိုးလာတဲ့ အာဏာသိမ်းစစ်တပ်ဟာ KNLA နဲ့ တိုက်ပွဲတွေဖြစ်ပွားနေပြီး ထိခိုက်သေဆုံးမှုများပြားနေတာကြောင့် လက်နက်ချသူတွေလည်း ဆက်တိုက်ရှိနေပါတယ်။









