Border News Agency
ရေကြည်၊ သြဂုတ် ၅။
အာရက္ခ-ဧရာဝတီအစပ်မှာ အာရက္ခတပ်တော်(AA)နဲ့အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သြဂုတ်လ ၅ ရက်၊ ဒီနေ့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဲဒီနေရာတွေမှာ ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုအပြင် ရာသီဥတုအခြေအနေအပေါ်မူတည်ပြီး နှစ်ဖက်ထိုးစစ်၊ ခံစစ်တွေအနိမ့်အမြင့်ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တိုက်ပွဲမဖြစ်တဲ့နေ့မရှိသလောက်ဖြစ်ပြီး တိုက်ပွဲကြီး၊ တိုက်ပွဲငယ်တွေ နေ့စဉ်နီးပါးတနေရာရာမှာဖြစ်နေပြီး အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာသလို တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်တာတွေရှိခဲ့တယ်လို့ အာရက္ခတပ်တော်ဆိုပါတယ်။
အဲဒီမြေပြင်နှစ်ဖက်ထိတွေ့တိုက်ပွဲတွေမဖြစ်ပေမယ့် အာဏာသိမ်းစစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဥ်လုပ်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် ၃.၇ နဲ့ ၃.၃ ကီလိုမီတာခန့်အကွာမှာ သြဂုတ်လ ၂ ရက်နေ့က နှစ်နာရီနီးပါးကြာ တိုက်ပွဲနှစ်နေရာရှေ့ဆင့်နောက်ဆင့်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် ၃.၃ကီလိုမီတာခန့်အကွာမှာ နံနက် ၁၁ နာရီ ၅၀ မိနစ်မှနေ့လယ် ၁ နာရီ (၅၀) မိနစ်ထိတိုက်ပွဲဖြစ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ကဒရုန်းနဲ့ မြေပြင်ပစ်ကူအများအပြားသုံးပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအချိန်နှစ်နာရီကြာခဲ့ပြီး အာဏာသိမ်းစစ်သားတွေ အထိအခိုက်အကျအဆုံးများလို့ တပ်ပြန်ဆုတ်သွားခဲ့ပေမယ့် အလောင်းနဲ့လက်နက်ခဲယမ်းတချို့သိမ်းမိတယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။
အဲဒီအပြင် ဧရာဝတီတိုင်း၊ ရေကြည်မြို့ နယ်၊ ရုံးပင်ကျေးရွာအနောက်မြောက်ဘက် ၃.၇ ကီလိုမီတာခန့်အကွာမှာ ည နေ ၃ နာရီ ၄ မိနစ်အချိန်ခန့်မှစပြီး တိုက် ပွဲထပ်ဖြစ်ပေမယ့် အာဏာသိမ်းစစ်သားတွေ အထိအခိုက်အကျအဆုံးများပြီး တပ်ပျက်ထွက်ပြေးသွားကြပေမယ့် အလောင်းတချို့နဲ့လက်နက်ခဲယမ်းတချို့ထပ်ရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေဟာ အမှတ် ၆၆ ခြေ မြန်တပ်မဌာနချုပ်လက်အောက်ခံ၊ အ မှတ် ၁ ခြေလျင်တပ်ရင်း၊ အမှတ် ၁၁ ခြေလျင်တပ်ရင်းက စစ်သားတွေနဲ့ဖြစ်ခဲ့တာလို့ ဆိုပါတယ်။
ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာအရှေ့ဘက် ၁.၀၆ ကီလိုမီတာခန့်အကွာမှာ သြဂုတ်လ ၁ ရက်နေ့၊နေ့လယ် ၁ နာရီ ၅၁မိနစ်မှ ညနေ ၃ နာရီ ၄၀ မိနစ်ထိ ၂ နာရီနီးပါးကြာတိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး လက်နက်ခဲယမ်းတချို့သိမ်းမိခဲ့တယ်လို့ဆိုပါတယ်။








