Border News Agency
ပဲခူး၊ ဩဂုတ် ၁၇။
ပဲခူးတိုင်းဒေသကြီး၊ဝေါမြို့နယ်၊ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်မှာ ဩဂုတ်လ ၁၇ ရက်၊ဒီနေ့ မနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်က အငှားယာဉ်နဲ့ကုန်တင်ယာဉ် မျက်နှာချင်းဆိုင်တိုက်မိပြီး လူနှစ်ဦးသေဆုံးသွားခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် ဝေါမြို့နယ် မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေဟာ ရှာဖွေကယ်ဆယ်ရေးယာဉ်တစီးနဲ့ အခင်းဖြစ်နေရာသို့သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒိီယာဉ်တိုက်မှုကြောင့် အငှားယာဉ်ပေါ်မှာလိုက်ပါလာတဲ့အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။
သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကိုတော့ ဝေါလူမှုကူညီရေးအသင်း ယာဉ်နဲ့ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ဆိုပါတယ်။











