Border News Agencyဂွ၊ စက်တင်ဘာ ၃။ အာရက္ခဒေသ၊ဂွ၊ ကျိန္တလီ၊ ဂျိတ်တောမြို့နဲ့အနီးပတ်ဝန်းကျင်တွေကို စက်တင်ဘာလ ၃ ရက်၊ဒီနေ့ မနက် ၁၁ နာရီအချိန်က အာဏာသိမ်းစစ်တပ်ရဲ့ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့စစ်သင်္ဘောတွေမှ ရေကြောင်းတိုက်ခိုက်နေတယ်လို့ အာရက္ခတပ်တော် (AA)ကထုတ်ပြန်ပါတယ်။ အဲဒီရေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့်...
Read moreBorder News Agencyဂွ၊ ဩဂုတ် ၂၃။ ဂွမြို့နယ်သို့ ဧရာဝတီတိုင်းမှ စစ်ဘေးရှောင်လာသူတွေနဲ့ ဒေသခံရေဘေးသင့်ပြည်သူတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ အုပ်ချုပ်ရေးဌာန၊ HDCO နဲ့ လေးဝတီပရဟိတအသင်းတို့ပူးပေါင်းပြီး စားနပ်ရိက္ခာတွေထောက်ပံ့ပေးခဲ့ပါတယ်။ အဲဒီဧရာဝတီမှစစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စုလေးဆယ်ခုနှစ်စုအတွက် ဆန်ဆယ့်ခြောက်အိတ်ကို သြဂုတ်လ ၂၁...
Read moreBorder News Agencyသံတွဲ၊ ဩဂုတ် ၂၂။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့၊ သံတွဲမြို့နယ်နဲ့ ဂွမြို့ နယ်ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သား ၁ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရသွားတယ်လို့ အာရက္ခတပ်တော် (AA)ကထုတ်ပြန်ပါတယ်။ အဲဒီငပလီမြို့မှာ အာဏာသိမ်းစစ်တပ်စခန်းချတပ်စွဲခဲ့တဲ့...
Read moreBorder News Agencyဂွ၊ ဩဂုတ်၂၁။ အာရက္ခတပ်တော် (AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ညောင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ စစ်ရှောင်တွေအပါအဝင်ရှစ်ဦးဒဏ်ရာရသွားပါတယ်။ အဲဒီညောင်ချောင်းကျေးရွာကို ဩဂုတ်လ ၂၁ ရက်၊ဒီနေ့ မနက် ၅ နာရီခန့်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအထက်တန်းကျောင်းနဲ့ ကျေးရွာဆေးခန်းအနီးမှာကျရောက်ပေါက်ကွဲခဲ့လို့...
Read moreBorder News Agencyဂွ၊ သြဂုတ် ၁၄။ ဂွမြို့နယ်၊ကျိန္တလီမြို့၊အမှတ် ၁ ရပ်ကွက်ကို ဩဂုတ်လ ၁၃ ရက်၊ည ၁၁ နာရီခွဲအချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။ အဲဒီလိုလေကြောင်းတိုက်ခိုက်မှုကြောင့် အသက်ခြောက်ဆယ်အရွယ် ဒေါ်ခင်မိုးရွှေ၊အသက်ခုနှစ်နှစ်အရွယ် မောင်နေလင်းသန့်နဲ့...
Read moreBorder News Agencyဂွ၊သြဂုတ် ၁၃။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို ဩဂုတ်လ ၁၂ ရက်၊ည ၉ နာရီအချိန် အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ပါတယ်။ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေမထိခိုက်ခဲ့ပေမယ့် ပြည်သူနေအိမ်ခုနှစ်လုံးပျက်စီးသွားခဲ့ရပါတယ်။ အဲဒီသံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို သြဂုတ်လ...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၇။ ဂွမြို့နယ်ကို ဇူလိုင်လ ၁၇ ရက်၊ဒီနေ့ည ၄ နာရီကျော်အချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီ ဂွမြို့နယ်၊ရွှေရချိုင်ရွာနောက်ဘက် ကမ်းခြေအုန်းခြံထဲကို တိုက်လေယာဥ်နှစ်စီးနဲ့ လေကြောင်းမှ ဗုံးသုံးလုံးတိုက်ခိုက်ခဲ့တာပါ။ အဲဒီလို တိုက်ခိုက်ခဲ့တာကြောင့် ရွှေရချိုင်ရွာ...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၄။ ရေကြီးရေလျှံမှုတွေနဲ့ရင်ဆိုင်နေရတဲ့ ဂွမြို့နယ်ကို ဇူလိုင်လ ၁၃ ရက်၊ညနေမှာ အာဏာသိမ်းစစ်တပ်က ဗုံးအလုံးငါးဆယ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီဂွမြို့နယ်၊ကွင်းလျားရှည်ရွာ၊ရဟိုင်းကွင်းရွာနဲ့ကျောင်းကုန်းရွာကို ည ၁၀ နာရီကျော်အချိန်မှာ အာဏာသိမ်းစစ်တပ်ကရွယ်ရည်ချက်ရှ်ိရှိလေကြောင်းတိုက်ခိုက်ခဲ့တာပါ။ အဲဒီတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းကုန်းရွာရှိနေအိမ်တလုံးပျက်စီးခဲ့ပြီး လူထိခိုက်မှုအခြေအနေကို စုံစမ်းနေပါတယ်။...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၃။ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၂ ရက်နေ့ကစပြီး ဂွမြို့နယ်၊ ဒေါင်းချောင်း၊ပေါက်တူး၊ ရဟိုင်ဖျား၊ ရွာသစ်ကုန်း၊ ကုလားပြင်၊ ကိုင်းခုံနဲ့ ရေကျော် စတဲ့ ကျေးရွာတချို့မှာ ချောင်းရေတွေဝင်ရောက်ကာ ရေကြီးရေလျှံနေပါတယ်။...
Read moreBorder News Agencyဂွ၊ဇူလိုင် ၁၀။ အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ဂွမြို့နယ်ကို ဇူလိုင်လဆယ်ရက်၊ဒီနေ့မနက်ဆယ်နာရီအချိန်ခန့်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့သုံးဦးသေဆုံးသွားပါတယ်။ အဲဒီဂွမြို့နယ်၊ဓနိအုပ်စု၊ကုလားချောင်းရွာကအသက်သုံးနှစ်အရွယ်ဖိုးသားလေး၊အသက်ငါးဆယ်သုံးနှစ်အရွယ်ဦးညွန့်မောင်၊အသက်ငါးဆယ်ခုနှစ်အရွယ်ဒေါ်မမလေးသေဆုံးသွားပါတယ်။ အဲဒီအပြင်နောက်ထပ်နှစ်ဦးလည်းဒဏ်ရာပြင်းထန်းစွာရသွားခဲ့သလို ဒေသခံစိုးရိမ်နေကြပါတယ်။ အဲဒီဂွမြို့နယ်ကို အာဏာသိမ်းစစ်တပ်ကပစ်မှတ်ထားတိုက်ခိုက်တာတွေမကြာခဏပြုလုပ်နေပြီးလေကြောင်းတိုက်ခိုက်မှုတွေအပြင် ရေတပ်စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေပစ်ခတ်နေပါတယ်။ အဲဒီဂွမြို့နယ်ကို ဇူလိုင်လခုနှစ်ရက်နေ့ကလည်း အာဏာသိမ်းစစ်တပ်ရေတပ်စစ်သင်္ဘောကြီးတွေက လက်နက်ကြီးတွေပစ်ခတ်လို့အရပ်သားခြောက်ဦးဒဏ်ရာရသွားပါတယ်။
Read moreHey! Don't Copy my content.