Border News Agency
ကျောက်ဖြူ၊ စက်တင်ဘာ ၁၀ ။
အာရက္ခဒေသအတွင်းတိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ကျောက်ဖြူနဲ့စစ်တွေမြို့တွေမှာရှိတဲ့ အာဏာသိမ်းစစ်တပ်ကိုအာရက္ခတပ်တော်(AA)က ဆက်လက်ဝန်းရံပိတ်ဆို့ထားဆဲဖြစ်တယ်လို့ ISP-Myanmar ရဲ့ သုတေသနအချက်အလက်တွေက ဆိုပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA )ဟာ ပလက်ဝဒေသနဲ့အာရက္ခဒေသရဲ့ ကိုးဆယ့်နှစ်ဒသမခြောက် ရာခိုင်နှုန်းကိုထိန်းချုပ်ထားပြီးဖြစ်ကာ ဘူးသီးတောင်၊ရသေ့တောင်၊မောင်တော၊မြောက်ဦး၊မင်းပြား၊ရမ်းဗြဲစတဲ့မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားပြီလိုဆိုပါတယ်။
အဲဒီအပြင် အိန္ဒိယနိုင်ငံရဲ့ ကုလာတန်မြစ်ကြောင်း ကုန်သွယ်ရေးလမ်းကြောင်းတခုလုံးနဲ့ တရုတ်နိုင်ငံရဲ့ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစီမံကိန်းတည်ရှိရာ နယ်မြေအများစုကိုလည်း အာရက္ခတပ်တော်က နယ်မြေစိုးမိုးထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
တဖက်မှာလည်း အာဏာသိမ်းစစ်တပ်က စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်မှလွဲပြီး အာရက္ခဒေသရှိမြို့နယ်တဆယ့်လေးခုကို စစ်အုပ်ချုပ်ရေးနယ်မြေတွေအဖြစ်ကြေညာကာ ထိုးစစ်တွေကိုခုခံဖို့ ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။
ဒီလိုစစ်ရေးတင်းမာမှုတွေနဲ့အတူ အာဏာသိမ်းစစ်တပ်ကပြည်မနဲ့ အာရက္ခဒေသကိုဆက်သွယ်ထားတဲ့ အဓိကလမ်းကြောင်းတွေကိုပိတ်ဆို့ထားတာကြောင့် ဒေသခံပြည်သူတွေမှာ ကုန်စည်စီးဆင်းမှုကန့်သတ်ချက်များစွာနဲ့ ကြုံတွေ့နေရတယ်လို့လည်းဆိုပါတယ်။
အဲဒီစစ်တွေမြို့နယ်မှာ အာရက္ခတပ်တော်နဲ့တိုက်ပွဲပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးအထိုင်စခန်းခုနှစ်နေရာက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ပေးသလို စစ်သင်္ဘောတွေကလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်တယ်လို့ အာရက္ခတပ်တော်ထုတ်ပြန်ထားပါတယ်။
အဲဒီအပြင် အာဏာသိမ်းစစ်တပ်တင်ကားနှစ်စီးကလည်း လက်နက်ကြီးတွေပစ်ခတ်တိုက်ခိုက်နေသလို လေကြောင်းပစ်ကူအပြင်းအထန်ယူပြီး ကြည်းရေလေပူးပေါင်းပစ်ခတ်နေတာဟာ တန်ပြန်ထိုးစစ်ဆင်ဖို့စစ်ဦးချိုးနေတာဖြစ်သလို လေကြောင်းတိုက်ခိုက်မှုတချို့ထိရောက်မှုရှိနေတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာနေကြသူတွေက ဆိုကြပါတ







