Border News Agency
ပုဏ္ဏားကျွန်း၊ စက်တင်ဘာ ၁၇။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကို စက်တင်ဘာလ ၁၇ ရက်၊ဒီနေ့မနက် ၇ နာရီကျော်အချိန်က အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လေကြောင်းပစ်ကူတွေ နေ့စဥ်လိုလိုပြုလုပ်နေတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ကို အာဏာသိမ်းစစ်တပ်တိုက်လေယာဉ်နှစ်စီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်ရှိ တောင်တန်းတွေအပါအဝင် လူနေကျေးရွာတွေ၊ဘုရားပုထိုးစေတီတွေကိုလည်း အာဏာ သိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်နေတာပါ။
အဲဒီပုဏ္ဏားကျွန်းမြို့နယ်နဲ့ စစ်တွေမြို့နယ်အစပ်နေရာတွေမှာ အာဏာသိမ်းစစ်တပ်နဲ့အာရက္ခတပ်တော်ကြား အပြန်အလှန်ထိုးစစ်ဆင်တိုက်ခိုက်နေကြပါတယ်။










