Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်တွေခရိုင် စစ်ဘေးရှောင် ပုဏ္ဏားကျွန်းမြို့နယ် သတင်း အာရက္ခဒေသ

အာရက္ခဒေသက စစ်ဘေးရှောင်တွေ အမိုးအကာအကူအညီလိုအပ်နေ

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
7
VIEWS
Share on FacebookShare on Twitter

Border News Agency
ပုဏ္ဏားကျွန်း၊ မေ ၂၆။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေက စစ်ဘေးရှောင်တွေဟာ မိုးရာသီမရောက်ခင် အမိုးအကာတွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

အာရက္ခဒေသမှာ နေ့စဥ်ရက်ဆက် အချိန်ကျမိုးတွေရွာသွန်းနေတာမို့ အမိုးအကာတွေမရှိတာကြောင့် လမ်းဘေးတွေနဲ့ ကွင်းပြင်နေရာတွေမှာ အဆင်ပြေသလို တဲအိမ်ထိုးပြီးနေကြရတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

“အမိုးအကာက အရေးတကြီးလိုအပ်နေပါတယ်။မိုးရွာရင် ဟိုနားကပြို၊ ဒီနားကပြိုနဲ့ နေထိုင်ဖို့ လုံးဝအဆင်မပြေတော့ပါဘူး။ အခက်အခဲတွေ အများကြီးရှိနေပါတယ်။ ဒါတွေကို ကူညီပေးကြဖို့ တောင်ဆိုချင်ပါတယ်။” လို့ စစ်ဘေးရှောင်အမျိုးသားတဦး Border News Agency ကိုပြောပါတယ်။

လက်ရှိမှာ မိုးသက်လေပြင်းတိုက်ခတ်တာတွေရှိနေတာမို့ တာပေါ်လင်တွေမကောင်းတော့တာတွေ၊ ဓနိဟောင်းတွေလည်းပျက်စီးသွားတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

အဲဒါကြောင့် မိုးရာသီမရောက်ခင် နေအိမ်တွေကိုပြုပြင်ဖို့ ဝါးတွေ၊ အမိုးအကာတွေ၊ တာပေါ်လင် တွေလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ဆိုကြပါတယ်။

“မိုးရာသီ လုံလုံခြုံခြုံ နေနိုင်ဖို့ အမိုးအကာတွေဖြစ်တဲ့တာပေါ်လင်စနဲ့ ဓနိတွေလိုအပ်တယ်။စခန်းတွေလည်း ဟောင်းနေတော့ ပြန်ပြုပြင်ဖို့ ဝါးလည်းလိုအပ်တယ်။အခက်အခဲကတော့ ငွေရေး၊ ကြေးရေးအဆင်မပြေကြဘူး။ခုလည်း မိုးတွေရွာနေလို့ အဟောင်းတွေနဲ့ မိုးယိုတဲ့နေရာတွေကို ဖာထေးပြီးနေနေရတယ်။ တတ်နိုင်မယ်ဆိုရင် စခန်းတိုင်းမှာအမိုးအကာတွေ လုံလုံခြုံခြုံရချင်ပါတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်၊ဂဏန်းတောင်စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် ဦးမောင်နီသာက Border News Agency ကိုပြောပါတယ်။

ဒီနှစ်မိုးရာသီမှာ အမိုးအကာတွေမလုံခြုပဲနေရရင် အသက်ရှင်သန်နေထိုင်ဖို့အတွက် အခက်အခဲအများကြီးဖြစ်သွားမယ်လို့ သူကဆိုပါတယ်။

အဲဒီအပြင် စစ်ဘေးရှောင်စခန်းတွေဟာလည်း ပြီးခဲ့တဲ့နှစ်ကတည်းက ဝါးထရံ၊ဓနီနဲ့ တာပေါ်လင်တွေအသုံးပြုဆောက်လုပ်ထားတာ ဖြစ်တာကြောင့် တာရှည်မခံတဲ့အတွက် အကူအညီတွေလိုအပ်နေတာဖြစ်တယ်လို့ဆိုကြပါတယ်။

အာရက္ခဒေသမှာ ကုန်ပစွည်းတွေစျေးအဆမတန်မြင့်တက်နေသလို အမိုးအကာတွေဟာလည်း ဆယ့်ရှစ်ပေပတ်လည်ကို တစ်သိန်း၊ သုံးဆယ်ပေပတ်လည်ကို နှစ်သိန်းကျော်အထိ ဈေးရှိနေပါတယ်။

အဲဒီအပြင် ဓနိချပ် နှစ်တောင်ရှည်တဲ့ အချပ်ရေတစ်ရာကို လေးသောင်းကျပ်၊ ဝါးအလုံးရေတစ်ရာကို ကျပ်တစ်သိန်းအထိဈေးနှုန်းတွေ မြင့်တက်နေတာကြောင့် စစ်ဘေးရှောင်တွေအနေနဲ့ ဝယ်ယူပြုပြင်ဖို့ အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဆိုကြပါတယ်။

“မိုးရာသီနီးကပ်လာနေပေမယ့် စစ်ဘေးရှောင်တွေရဲ့ နေ့စဥ်လိုအပ်ချက် စားသောက်ရေးတွေကိုသာ ဦးစားပေးဆောင်ရွက်နေရတယ်။အမိုးအကာတွေကတော့ လက်လှမ်းမီသလောက် အရမ်းအခက်အခဲဖြစ်နေကြတဲ့ အရေးကြီးတဲ့နေရာတချို့လောက်ကိုသာ ကူညီပေးနေရတာရှိတယ်။ စစ်ဘေးရှောင်တိုင်း အမိုးအကာတွေနဲ့လုံလုံခြုံခြုံနေဖို့ ပြည်ပရောက်ရခိုင်တွေနဲ့ နိုင်ငံတကာကအကူညီတွေလိုအပ်နေပါတယ်။ တတ်နိုင်သလောက်ဝိုင်းဝန်းကူကြဖို့လည်း မေတ္တာရပ်ခံပါတယ်လို့” လူမှုကူညီကယ်ဆယ်ရေးလုပ်​နေသူတစ်ဦးက Border News Agency ကို ပြောပါတယ်။

အဲဒီအပြင် စစ်ကောင်စီထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင်မြို့နယ်တွေမှာလည်း စစ်ဘေးရှောင် ခြောက်သောင်းခန့် မိုးရာသီအတွက် အမိုးအကာတွေလိုအပ်နေတယ်လို့ လူမူကူညီရေးလုပ်ကိုင်နေသူတွေကဆိုကြပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေမှာ စစ်ဘေးရှောင်လူဦးရေ ခြောက်သိန်းကျော်အထိရှိနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO) စာရင်းအရသိရပါတယ်။

အရင်က ရခိုင်ကစစ်ဘေးရှောင်တွေကို ICRC ကနေ အမိုးအကာတွေ ထောက်ပံ့ပေးခဲ့ပေမယ့် ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလကနေစပြီး အခုချိန်ထိ နိုင်ငံတကာလူသားချင်းစာနာထောက်ထားမူဆိုင်ရာ ကူညီထောက်ပံ့တာတွေမရတော့တာမို့ အကူအညီတွေလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင်တွေကဆိုကြပါတယ်။

PrevPreviousအမိုးအကာတွေလိုအပ်နေကြတဲ့ စစ်ဘေးရှောင်တွေ
Nextပလက်ဝမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်သုံးဆယ်သုံးဦးကို ပြန်လွတ်ပေးNext
Previous Post

အမိုးအကာတွေလိုအပ်နေကြတဲ့ စစ်ဘေးရှောင်တွေ

Next Post

ပလက်ဝမြို့နယ်က စစ်သုံ့ပန်းမိသားစုဝင်သုံးဆယ်သုံးဦးကို ပြန်လွတ်ပေး

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ဓာတ်ပုံ - ဂန့်ဂေါခရိုင်စစ်ဌာန

ဆောမှာ စစ်တပ်စစ်ကြောင်းတိုက်ခိုက်ခံရပြီး စစ်သုံ့ပန်းနဲ့လက်နက်တွေ သိမ်းမိ

August 16, 2026

အာဏာသိမ်းစစ်ခေါင်းဆောင်ရုရှားသို့ သွားမယ်

August 16, 2026
​ဓာတ်ပုံ - Arakan Princess Media

ဘူးသီးတောင်က မြိုလူမျိုးတွေကို ကျန်းမာရေးစောင့်ရှောက်မှုပေး

August 16, 2026
​(ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်က အရပ်သားတဦးကို ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားစဥ်/ပုံဟောင်း)

ကျောက်ထုမှာ စစ်တပ်က အရပ်သားတွေကိုဖမ်းပြီး ကြီးရွာသို့ဦးတည်နေ

August 16, 2026

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

Releated Post

ငါးသိန်းလေးသောင်းကျော်သာ နေရပ်စွန့်ခွာသွားကြတယ်လို့ စစ်ကောင်စီဆို

August 15, 2026

နေရပ်စွန့်ခွာသူအရေး နှစ်နိုင်ငံဖြေရှင်းရမယ်လို့ အာဏာသိမ်းစစ်တပ်ပြော

August 15, 2026

အကြမ်းဖက်လုပ်ရပ်ကျူးလွန်သူလေးထောင်ကျော်ရှိနေ

August 15, 2026

အင်ဒိုနီးရှားငလျင်ကြောင့် သေဆုံးသူနှစ်ဆယ်အထိမြင့်တက်လာ

August 15, 2026
​ဓာတ်ပုံ - Times of India

အိန္ဒိယနိုင်ငံရဲ့ ၈၀ ကြိမ်မြောက် လွတ်လပ်ရေးနေ့

August 15, 2026
ဓာတ်ပုံ - BNA

ရခိုင်လုံခြုံရေးတိုးတက်ကောင်းမွန်မှ ပြန်လက်ခံမယ်

August 15, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page