Border News Agency
ကစယ်ဒို၊ အောက်တိုဘာ ၇။
မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားလေးဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးက အောက်တိုဘာလ ၇ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ တောင်ပျောက်ကျေးရွာအုပ်စု၊ ထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာကို အောက်တိုဘာလငါးရက်နေ့က လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားလေးဦးဒဏ်ရာရသွားသလို နေအိမ်နှစ်လုံးပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။
အဲဒီထီးမဲ့ဘော(သဲချောင်းကြီး)ကျေးရွာမှ အသက်ကိုးဆယ်တနှစ်အရွယ် ဒေါ်ကျင်အေး၊ အသက်ငါးဆယ်အရွယ် ဒေါ်မာမာ၊ အသက်ဆယ်နှစ်အရွယ် မသီရိနိုင်၊ အသက်ငါးဆယ်ရှစ်နှစ်အရွယ် ဦးစိုးဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။











