Border News Agencyကျောက်တော်၊ ဩဂုတ် ၂၅။ ဒေသဖွံ့ဖြိုးရေးနဲ့ အများပြည်သူ လူမှုစီးပွားဘဝမြှင့်မားလာစေဖို့အတွက် လိုအပ်လာရင် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိမြေအဖြစ် ပြန်လည်ရယူတာတွေကို ဥပဒေနဲ့အညီဆောင်ရွက်သွားမယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။ အဲဒီလမ်း၊တံတား၊ဈေး၊စာသင်ကျောင်း၊ဆေးရုံနဲ့ ပန်းခြံတွေအပြင် ကျေးလက်/မြို့ပြအိမ်ရာမြေ၊စက်မှုဇုန်တွေနဲ့ လုံခြုံရေးဆိုင်ရာအဆောက်အအုံတွေ တည်ဆောက်ရေးလို အများပြည်သူအကျိုးပြုရေရှည်စီမံကိန်းတွေအတွက်...
Read moreBorder News Agencyမြောက်ဦး၊ ဩဂုတ် ၂၅။ အာရက္ခဒေသမြေပြင်စီမံခန့်ခွဲမှုနဲ့ ပြည်သူ့အုပ်ချုပ်ရေးယန္တရား ပိုမိုခိုင်မာအားကောင်းလာစေဖို့အတွက် ခရိုင်နဲ့တိုက်နယ်အဆင့်စီမံခန့်ခွဲမှုကော်မတီတွေကို အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းဆောင်ရွက်နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီကဆိုပါတယ်။ အဲဒီအာရက္ခဒေသတွင်းဖြစ်ပေါ်နေတဲ့ မြေယာနဲ့တခြားလူမှုရေးပဋိပက္ခတွေကို တရားမျှတစွာစနစ်တကျဖြေရှင်းပေးဖို့၊ပြည်သူ့ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက်ပံ့ပိုးပေးနိုင်ဖို့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအုပ်ချုပ်မှုစနစ်ခိုင်မာစေဖို့ရည်ရွယ်ပြီး တိုးချဲ့ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။ ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေရဲ့ စနစ်မကျတဲ့မြေယာစီမံခန့်ခွဲမှု၊ရှုပ်ထွေးတဲ့မြေပိုင်ဆိုင်မှုစာရွက်စာတမ်းတွေနဲ့ အဂတိလိုက်စားမှုတွေကြောင့်...
Read moreBorder News Agencyမြောက်ဦး၊ ဩဂုတ် ၂၅။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ ဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးကျော်ဇံဟာ အာရက္ခမြေယာမူဝါဒတွေကိုထုတ်ဖော်ပြောလာပါတယ်။ အဲဒီဗဟိုမြေယာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးကျော်ဇံပြောတာတွေထဲမှာ အဓိကလေးချက်ကိုတွေ့ရပါတယ်။ အဲဒါတွေကတော့… ၁။ အာရက္ခဒေသလက်ရှိမြေယာပြဿနာ။ ၂။ မြေအရောင်းအဝယ်ကိစ္စ။...
Read moreBorder News Agencyမြောက်ဦး၊ဩဂုတ် ၂၃။ လူမှုကွန်ရက်မဆင်မခြင်အသုံးပြုတာနဲ့ မူးယစ်ဆေးဝါးသောက်သုံးမှုတွေကြောင့် ကလေးသူငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ သက်ငယ်မုဒိမ်းမှုတွေပိုဖြစ်လာနေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ဗဟိုပါတီရုံးက ပြောပါတယ်။ "သက်ငယ်မုဒိန်းမှုဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ မူးယစ်ဆေးဝါးနဲ့အရက်ကိုအလွန်အကျွံသောက်သုံးတာကြောင့် အသိစိတ်ပျောက်ဆုံးတာ၊လူမှုကွန်ရက်ပေါ်က အညစ်အညမ်းစာသားတွေနဲ့ ရုပ်သံတွေကိုကြည့်ရှုစွဲလမ်းတာတွေ ပါဝင်တယ်။"လို့...
Read moreBorder News Agencyမြောက်ဦး၊ ဩဂုတ် ၂၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ သက်ငယ်မုဒိန်းမှုတွေလျှော့ချရေးနဲ့ ကာကွယ်တားဆီးရေးအသိပညာပေးတွေမှာ လူမှုကွန်ရက်ပေါ် လွှမ်းမိုးမှုရှိသူတွေပူးပေါင်းပါဝင်ကြဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)ပါတီဗဟိုရုံးက တိုက်တွန်းလိုက်ပါတယ်။ အဲဒီသက်ငယ်မုဒိန်းမှုဟာ လူ့အခွင့်အရေးဆိုင်ရာပြဿနာဖြစ်တာမို့ မီဒီယာတွေ၊စာပေနဲ့ အနုပညာရှင်တွေအပြင် လူမှုကွန်ရက်ပေါ်မှာ ပြည်သူကိုလွှမ်းမိုးနိုင်တဲ့ပုဂ္ဂိုလ်တွေဟာ အသိပညာပေးကမ်ပိန်းတွေမှာ တက်ကြွစွာပါဝင်ပေးကြဖို့တောင်းဆိုထားပါတယ်။...
Read moreBorder News Agencyကျောက်တော်၊ ဩဂုတ် ၂၂။ အသက်ဆယ့်ခြောက်နှစ်အောက်အမျိုးသမီးငယ်တွေကို လိင်ပိုင်းဆိုင်ရာထိပါးကျူးလွန်မှုတွေမှာ ကလေးငယ်ရဲ့စိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ သက်ငယ်မုဒိန်းမှုအဖြစ် သတ်မှတ်တယ်လို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဥပဒေရေးရာအသိပညာပေးဆွေးနွေးတွေချက်တွေမှာဖော်ပြပါတယ်။ အဲဒီသက်ငယ်မုဒိန်းမှုဟာ အသက်ဆယ့်နှစ် နှစ်အောက်ကလေးသူငယ်တွေကိုကျူးလွန်တာအပြင် အသက်ဆယ့်ခြောက်နှစ်မပြည့်သေးတဲ့မိန်းကလေးငယ်တွေကို စိတ်ဆန္ဒပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာကျူးလွန်ရင်လည်း မုဒိန်းမှုမြောက်ပြီး ကြီးလေးသောရာဇဝတ်မှုဖြစ်တယ်လို့ဆိုပါတယ်။...
Read moreBorder News Agencyကျောက်တော်၊ ဩဂုတ် ၂၂။ အာရက္ခတပ်တော်(AA)ထိန်းချုပ်နယ်မြေတွေမှာ မုဒိမ်းမှုတွေ၊ လူသတ်မှုတွေကို ထိရောက်စွာအရေးယူနိုင်ဖို့အတွက် အထူးတရားရုံးတွေဖွင့်ပြီး ပြစ်ဒဏ်ပေး နေတယ်လို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)ပါတီဗဟိုရုံးက အတည်ပြုပြောပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာနဟာ ဩဂုတ်လကစပြီး သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုစတဲ့...
Read moreBorder News Agencyမြောက်ဦး၊ ဩဂုတ် ၂၂။ အာရက္ခပြည်သူ့အစိုးရ၊ဗဟိုအုပ်ချုပ်ရေးဌာနအောက်မှာရှိတဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးဌာန၊မြေယာကျွမ်းကျင် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးဌာနခွဲမှာ လစ်လပ်နေတဲ့ဒုတိယဦးစီးအရာရှိနဲ့ မြေယာကျွမ်းကျင်ရာထူးတွေအတွက် ဝန်ထမ်းတွေခေါ်ယူနေတယ်လို့ အာရက္ခပြည်သူ့ဝန်ထမ်းရွေးချယ်ခန့်အပ်ရေးကော်မရှင် (APSC) က သြဂုတ်လ ၂၂ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။ အဲဒီစိုက်ပျိုးရေးနဲ့...
Read moreBorder News Agencyမြောက်ဦး၊ ဩဂုတ် ၂၁။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရဆီ စစ်မှုထမ်းဖို့ရောက်လာတဲ့ အသက်မပြည့်သေးသူလူငယ်တဦးကို ဩဂုတ်လ ၁၉ ရက်နေ့က မိသားစုတွေကို ပြန်လည်လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီလူငယ်ဟာ မြောက်ဦးမြို့၊ပြင်ဈေးရပ်ကွက်က အသက်ဆယ့်ခြောက်နှစ်အရွယ် မောင်နေအောင်လင်း ဖြစ်ပြီး ဩဂုတ်လ ၁၄...
Read moreBorder News Agencyကျောက်တော်၊ သြဂုတ် ၂၁။ စစ်ပွဲများအတွင်း လူသေဆုံးမှု၊အိုးအိမ်ပျက်စီးမှုနှင့် အစာရေစာပြတ်လပ်မှုတို့ကို အများအားဖြင့် မကင်းနိုင်သောဘေးအန္တရာယ်များအဖြစ် မြင်တွေ့ကြရမြဲဖြစ်သည်။ သို့သော် စစ်ပွဲ၏နောက်ကွယ်တွင် သတိမမူမိဘဲ တဖြည်းဖြည်းကြီးထွားလာနေသည့်အန္တရာယ်ကြီးတခုမှာ "ပြည်သူ့ကျန်းမာရေးဆိုင်ရာခြိမ်းခြောက်မှု"ပင်ဖြစ်သည်။ ထိုအန္တရာယ်များအနက် လိင်မှတစ်ဆင့် ကူးစက်သောရောဂါများ (STIs)နှင့်...
Read moreHey! Don't Copy my content.