Border News Agency
ကိုးရီးယား၊ ဧပြီ ၁၆။
ကိုရီးယားနိုင်ငံ၊ အင်ချွန်းမြို့မှာ ကျင်းပခဲ့တဲ့ လူသားချင်းစာနာမှု ကူညီရေးရန်ပုံငွေ ၂၀၂၆ မြန်မာသင်္ကြန်ပွဲတော်ကနေ မြန်မာပြည်တွင်းကူညီကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် ကိုရီးယားဝမ်သိန်း ၁,၁၀၀ ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီဘူဖျောင်းပန်းခြံမှာ ဧပြီ ၁၂ ရက်က ကျင်းပခဲ့တဲ့ ဒီပွဲကို လူပေါင်း ၂,၅၀၀ ကျော် လာရောက်ဆင်နွှဲခဲ့ကြတာပါ။
အဲဒီပွဲတော်မှာ NUG ကိုးရီးယားကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက အဖွင့်စကားပြောကြားခဲ့ပြီး အသစ်ဖွဲ့စည်းလိုက်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီကို ပြည်သူအားလုံး ဝိုင်းဝန်းထောက်ခံကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ပွဲတော်မှာ အဆိုတော် L လွန်းဝါနဲ့ တေးဂီတအဖွဲ့တွေ၊ ယိမ်းအဖွဲ့တွေက ဖျော်ဖြေခဲ့ကြသလို စတုဒိသာအစားအစာ ၂၆ မျိုးကိုလည်း အလှူရှင်တွေက ကျွေးမွေးခဲ့ကြပါတယ်။
ဒီပွဲကို စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) နဲ့ MFDMC အဖွဲ့တို့ ပူးပေါင်းကျင်းပတာဖြစ်ပြီး ရရှိလာတဲ့ ရန်ပုံငွေအားလုံးကို NUG ကတဆင့် မြန်မာပြည်တွင်းက စစ်ဘေးရှောင်တွေအတွက် ပေးပို့လှူဒါန်းသွားမယ်လို့သိရပါတယ်။
Photo-NUG
သတင်းအပြည့်အစုံဖတ်ရန် –



















