Border News Agency
ဂျပန်၊ ဧပြီ ၃၀။
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း သက်သေပြဖို့ (Proof of Life)အတွက်ဂျပန်ရောက် မြန်မာနိုင်ငံသားတွေက ဧပြီလ ၂၉ ရက်နေ့မှာ တိုကျိုမြို့ Shibuya ဘူတာအနီး ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှာ အမေစုကျန်းကျန်းမာမာ ရှိနေကြောင်း ခိုင်လုံတဲ့သက်သေပြပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ကြွေးကြော်တောင်းဆိုခဲ့ကြတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတင်းအမှောင်ချခံထားရတာကြောင့် ပြည်ပရောက် မြန်မာတွေက အခုလို Proof of Life လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
မြန်မာပြည်သူတွေနဲ့အတူ ကမ္ဘာကြီးက ဝိုင်းဝန်းတောင်းဆိုပေးကြဖို့ တိုက်တွန်းခဲ့ကြသလို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးအတွက် ဆက်လက်ရပ်တည်သွားမယ်လို့လည်း ဆန္ဒပြပွဲမှာ ပြောကြားခဲ့ပါတယ်။






















