Border News Agency
လောင်းလုံး၊ ဇွန် ၂၁။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်မှာ တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အရာရှိ ၂ ဦးအပါအဝင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၆ဦးသေဆုံးသွားတယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖက ဇွန်လ ၂၀ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ လောင်းလုံးမြို့နယ်၊စစ်ပြဲကျေးရွာအတွင်း၀င်ရောက်တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းကို ဇွန်လ ၁၆ရက်၊မနက် ၆နာရီအချိန်ခန့်က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေမှ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်မှအရာရှိ ၂ ဦးအပါအဝင် အာဏာသိမ်းစစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးဒဏ်ရာရသွားခဲ့ပြီး လက်နက်ခဲယမ်းတွေအများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအပြင်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်မှ တပ်ဖွဲ့ဝင်သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ တိုက်ခိုက်မှုကို ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်းမှဦးဆောင်ပြီး ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း၊ ထားဝယ်ခရိုင်အမှတ် ၈၀၀၃ တပ်ရင်း၊ လောင်းလုံးသံမဏိလိပ်ပြာတပ်ဖွဲ့(LLSBE)၊ ဒေါင်းညီနောင်စစ်ကြောင်း(သရက်ချောင်း-ပကဖ)၊ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့(SRF)၊ ထားဝယ်ပြောက်ကျားတပ်ဖွဲ့၊ အထူးပြောက်ကျားတပ်ဖွဲ့၊ Dragon Squad(2)တို့ ပူးပေါင်းတိုက်ခဲ့တာလို့ ဆိုပါတယ်။


















