Border News Agency
ကျင်ဒွေး၊ ဇွန် ၂၀။
ချင်းပြည်၊ကန်ပက်လက်မြို့နယ်၊ကျင်ဒွေးမြို့ကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားခြောက်ဦးသေဆုံးသွားတယ်လို့ ကန်ပက်လက်မြို့နယ်လူသားစာနာဘေးစီမံဌာနမှ ဇွန်လ ၂၀ရက်၊ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီကျင်ဒွေးမြို့ကို ဇွန်လ ၁၉ရက်၊ ည ၁၁နာရီခွဲအချိန်ခန့်က အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ပွါးတာတွေမရှိဘဲ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားခြောက် ဦးသေဆုံးပြီးဆယ့်တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
မြို့ခံပြည်သူတွေအနေနဲ့လည်း လေယာဉ်သံတွေကြားရင် ဗုံးခိုကျင်းတွေမှာ နေရာယူပေးကြဖို့ ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှအသိပေးထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေနေထိုင်ရာနေရာ၊ အဆောက်အဦတွေကို တိုက်ပွဲဖြစ်ပွားတာတွေမရှိဘဲ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ရည်ရွယ်ချက်ရှိရှိပစ်မှတ်ထားတိုက်ခိုက်လာနေတာကြောင့် အရပ်သားပြည်တွေနေ့စဉ်ရက်ဆက် သေဆုံး၊ဒဏ်ရာရနေကြပါတယ်။










