Border News Agency
ထိုင်း၊ သြဂုတ် ၂။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Si Rat အမြန်လမ်းမကြီးပေါ်မှာ ပစ်ကပ်ကားတစီးပြုတ်ကျလို့ ကလေးငယ်တဦးအပါအဝင် နှစ်ဦးဒဏ်ရာရသွားခဲ့ပါတယ်။
Suan Rom Ratchathewi အနီးဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းရှိ ကွန်ကရစ်အပျက်အစီးတွေပေါ်သို့ သြဂုတ်လ ၂ ရက်၊ ဒီနေ့ မနက်အစောက မော်တော်ယာဉ်ပြုတ်ကျခဲ့တာပါ။
အဲဒီမတော်တဆမှုကြောင့် အသက်သုံးဆယ်အရွယ်ယာဉ်မောင်းအမျိုးသားနဲ့ အသက်လေးနှစ်ဝန်းကျင်အရွယ် မိန်းကလေးငယ်တဦးဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့တာကြောင့် ဆေးရုံသို့အရေးပေါ် ပို့ဆောင်ထားရပါတယ်။
ယာဉ်ဟာအရှိန်လွန် မောင်းနှင်လာချိန် Y ပုံစံလမ်းခွဲအတားအဆီးကိုတိုက်မိကာ ထိန်းချုပ်မှုလွတ်သွားခဲ့တာလို့ ရဲတပ်ဖွဲ့ကသုံးသပ်ထားပါတယ်။
လက်ရှိမှာ သက်ဆိုင်ရာထိုင်းရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရတဲ့အကြောင်းအရင်းအသေးစိတ်ကို ဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။














