Border News Agency
ကျောက်တော်၊ သြဂုတ် ၃။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ၊ ပြားရပ်ကွက်မှာ ကုလားတန်မြစ်ကမ်းပါးပြိုကျတာကြောင့် ပျက်စီးသွားတဲ့ မူဆလင်နေအိမ်တွေကို ပြန်နေရာချထားပေးဖို့ အာရက္ခအစိုးရကကွင်းဆင်းဆောင်ရွက်နေပါတယ်။
မိုးအဆက်မပြတ်ရွာပြီး မြစ်ရေတိုက်စားမှုကြောင့် နေအိမ်တဆယ့်ငါးလုံးမြစ်ထဲမျောပါပျက်စီးခဲ့သလို တခြားနေအိမ်အများအပြားလည်း ပြိုကျမယ့်အန္တရာယ်နဲ့ ကြုံတွေ့နေရတာပါ။
အဲဒီရေဘေးသင့် မိသားစုတဆယ့်ငါးစုကို အာရက္ခအစိုးရနဲ့ပရဟိတအဖွဲ့တွေပေါင်းပြီး မိသားစုတစုကိုငွေကျပ်တသိန်းခွဲနှုန်းနဲ့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
အဲဒီအပြင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနကလည်း ကမ်းပါးပြိုကျမှုကြောင့် အခက်အခဲဖြစ်နေတဲ့မိသားစုတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာပါ။
အဲဒီကမ်းပါးပြိုကျမှုအန္တရာယ်ကလွတ်မြောက်ဖို့ နေအိမ်လေးဆယ့်ငါးလုံးခန့်ကို ပြန်နေရာချပေးဖို့ လိုအပ်နေတာကြောင့် နေရာသစ်အစားထိုးချပေးနိုင်အောင် တာဝန်ရှိသူတွေက ဆွေးနွေးနေပါတယ်။


















