Border News Agency
ဧရာဝတီ၊ သြဂုတ် ၅။
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်မှာ ငဝန်မြစ်ရေကာတာကျိုးပေါက်ပြီး ခြောက်ရက်ကြာထိမြစ်ရေဆက်တက်နေတာမို့ ရေဘေးသင့်ပြည်သူတွေ အကူအညီတွေလိုအပ်နေကြပါတယ်။
အဲဒီငဝမ်မြစ်ရေတာဟာ ဇူလိုင်လ ၃၁ ရက်နေ့ကစကျိုးခဲ့ပြီး မြေသားရေကာတာပေသုံးရာနီးပါးထိ ကျယ်လာသလိုရေပြန်ကျဖို့ အနည်းဆုံးတလခန့်ကြာနိုင်ပါတယ်။
အဲဒီလေးမျက်နှာ-အိုင်သပြု-ငါးသိုင်းချောင်းလမ်းရှစ်ဆယ်ရာခိုင်နှုန်းခန့် ရေလွှမ်းခံထားရပြီး ငါးသိုင်းချောင်းမြို့ထိ ရေတွေဆက်ဝင်နေပါတယ်။
အဲဒါကြောင့် နေအိမ်တွေရေနစ်နေတာမို့ ရေဘေးသင့်စခန်းတွေကို ဘုန်းတော်ကြီးကျောင်းတွေမှာဖွင့်ထားရပြီး သောက်သုံးရေ၊ စက်သုံးဆီတွေအရေးပေါ် လိုအပ်နေပါတယ်။
























