Border News Agency
အမ်း၊ သြဂုတ်လ ၁၁။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ အမ်း-ကဇုကိုင်းလမ်းဟာ သြဂုတ်လ ၁၀ ရက်နေ့ကစတင်းပြီး ရေတိုက်စားလို့လမ်းပျက်နေပါတယ်။
အဲဒါကြောင့်ဒေသခံပြည်သူတွေ သွားလာရခက်ခဲနေကြပြီး ဆိုင်ကယ်တွေကိုထမ်းသယ်သွားလာနေကြရတာပါ။
အဲဒီလမ်းပေါ်ရှိတံတားနှစ်စင်းဟာ မိုးများကြီးရေတိုက်စားတာကြောင့် ပျက်စီးသွားတာမို့ ပြန်ပြင်နေပေမယ့်အချိန်နှစ်ပတ်ကျော်ထိကြာနိုင်တယ်လို့ ဆိုကြပါတယ်။

















