Border News Agency
ဘယ်လာရုစ်၊ဩဂုတ် ၂၁။
ဘယ်လာရုစ်နိုင်ငံသို့ရောက်ရှိနေတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဩဂုတ်လ ၂၁ ရက်၊ဒီနေ့ မနက်ပိုင်းက မင့်စ်မြို့ရှိသမ္မတနန်းတော်မှာ ဘယ်လာရုစ်သမ္မတမစ္စတာအလက်ဇန္ဒားလူကာရှန်ကိုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမစတင်မီ သမ္မတနန်းတော်သို့ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဘယ်လာရုစ်သမ္မတက ဂုဏ်ပြုတပ်ဖွဲ့နဲ့ကြိုဆိုခဲ့တာပါ။
အဲဒီနောက် နှစ်ဦးတွေ့ဆုံဆွေးနွေးရာမှာ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးပိုမိုခိုင်မာရေးနဲ့ ချစ်ကြည်ရေးကိစ္စရပ်တွေကိုဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွေမြှင့်တင်ရေးအပါအဝင် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေကိုလည်း အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။















