Border News Agency
အယုဒ္ဓယ၊စက်တင်ဘာ ၁၀ ။
ကျောင်းရန်ပုံငွေအလွဲသုံးစားလုပ်မှုမှာပါဝင်ပတ်သက်နေတဲ့ အသက်လေးဆယ်ခုနှစ်နှစ်အရွယ်အမျိုးသမီးရဲ့ ပထုမ်ဌာနီခရိုင်ရှိနေအိမ်ကို ရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေရာ ဘတ်ကိုးသန်းကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေနဲ့ငွေသားတွေကိုသိမ်းဆည်းခဲ့ပါတယ်။
အဲဒီအမျိုးသမီးဟာအယုဒ္ဓယခရိုင် ကျောင်းထိုင်ဆရာတော်ရဲ့ချစ်သူအမျိုးသမီးဖြစ်ပြီး တရားရုံးရဲ့ဖမ်းဝရမ်းနဲ့ရဲတပ်ဖွဲ့ရဲ့ဝင်ရောက်ရှာဖွေတာကို ခံခဲ့ရတာဖြစ်ပါတယ်။
ရှာဖွေမှုအတွင်း သူ့ရဲ့နေအိမ်မှကာလတန်ဖိုး ဘတ်ခြောက်သန်းကျော်တန်ကြေးရှိ ရွှေစင်၊ ရွှေထည်နဲ့ရွှေဆင်းတုတော်တွေ၊ငွေသားဘတ်သုံးသန်းခွဲကျော်အပြင် မြေကွက်ပိုင်ဆိုင်မှု စာချုပ်တွေနဲ့စေမိစုငွေလက်မှတ်တွေကိုသိမ်းဆည်းရမိခဲ့တာပါ။
အဲဒီအမျိုးသမီးဟာ ကျောင်းထိုင်ဆရာတော်ဆီမှ အလွဲသုံးစားပြုလုပ်ထားတဲ့ ကျောင်းရန်ပုံငွေတွေကိုလက်ခံပေးခဲ့ပြီး နာမည်လွှဲတာနဲ့ဖုံးကွယ်ပေးတာတွေပြုလုပ်ခဲ့သူဖြစ်ရာ ရဲတပ်ဖွဲ့ကသူ့ရဲ့ ငွေကြေးစီးဆင်းမှု လမ်းကြောင်းတွေကိုဆက်လက်စုံစမ်းစစ်ဆေးနေပါတယ်။
အဲဒီသိမ်းဆည်းရမိတဲ့ ပိုင်ဆိုင်မှုတွေကိုသက်သေခံအဖြစ်သိမ်းဆည်းထားပြီး အမျိုးသမီးကိုလည်းမကင်းရာမကင်းကြောင်း ပါဝင်ပတ်သက်မှု၊ ငွေကြေးခဝါချမှုနဲ့ဥပဒေအတိုင်း ဆက်လက်အရေးယူဆောင်ရွက်နေပါတယ်။













