Border News Agency
မဏိပူရ၊ စက်တင်ဘာ ၁၅။
အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်၊ ချူရာချန်းပုရ်ခရိုင်မှာ မြန်မာငွေကျပ်ဆယ့်ခြောက်ကုဋေကျော်တန်ဖိုးရှိ ဘိန်းဖြူတွေနဲ့အတူ လူနှစ်ဦးဖမ်းဆီးရမိခဲ့တယ်လို့ အာသံရိုင်ဖယ်တပ်က စက်တင်ဘာလ ၁၄ ရက်မှာထုတ်ပြန်ပါတယ်။
အဲဒီချူရာချန်းပုရ်ခရိုင်မှာ အာသံရိုင်ဖယ်တပ်ဖွဲ့နဲ့ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗျူရိုတို့ပူးပေါင်းပြီး စက်တင်ဘာလ ၁၃ ရက်နေ့က မသင်္ကာဖွယ်မော်တော်ယာဉ် နှစ်စီးကို တားဆီးစစ်ဆေးခဲ့ကြတာပါ။
အဲဒီလိုစစ်ဆေးရာမှာ ယာဉ်ပေါ်မှအလေးချိန်နှစ်ဒသမငါးကီလိုဂရမ်ရှိ နံပါတ် ၄ ဘိန်းဖြူတွေကို သိမ်းဆည်းရမိခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်မှာပါဝင်သူ သံသယရှိသူနှစ်ဦးကိုလည်း ရဲတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားပါတယ်။
မူးယစ်ဆေးဝါးမှောင်ခိုကူးသန်းတဲ့ ကွန်ရက်တွေကိုဖြိုခွဲနိုင်ဖို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းအဖွဲ့တွေက ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။










