Border News Agency
မဲဆောက်၊အောက်တိုဘာ ၄။
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မြန်မာအလုပ်သမားတွေအလုပ်လုပ်ကိုင်နေတဲ့ အထည်ချုပ်စက်ရုံမှာ အောက်တိုဘာလ ၄ ရက် ၊ဒီနေ့ မနက် ၈ နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုဖြစ်ပွားခဲ့တဲ့ စက်ရုံဟာ မဲဆောက်မြို့၊UN ရုံးအနီးမှာရှိတဲ့ အထည်ချုပ်စက်ရုံဖြစ်ပြီး၊ အဲဒီစက်ရုံမှာ မြန်မာလုပ်သားခုနှစ်ဆယ်ကျော်ခန့် အလုပ်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
အဲဒီမီးလောင်မှုကို မဲဆောက်မြို့မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ တာဝန်ရှိသူတွေကသွားရောက်ပြီး အချိန်မီငြှိမ်းသတ်ပေးခဲ့တာကြောင့် မီးထိန်းနိုင်သွားပါပြီ။
ခုလက်ရှိမှာတော့မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုသိနိုင်ဖို့အတွက် မဲဆောက်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။














