Border News Agency
ဖူးခက်၊ အောက်တိုဘာ ၄။
အမေရိကန် ရေတပ်ရဲ့လေယာဉ်တင်သင်္ဘောတစီးဖြစ်တဲ့ USS George HW Bush (CVN-77) ဟာ ထိုင်းနိုင်ငံသို့ တရားဝင်လည်ပတ်ဖို့အတွက် အောက်တိုဘာလ ၄ ရက်၊မနက်ပိုင်းက ဖူးခက်ပြည်နယ်ရှိရေနက်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရောက်ရှိလာပါတယ်။
အဲဒီစစ်သင်္ဘောဟာ ထိုင်းနိုင်ငံမှာ အောက်တိုဘာလ ၄ ရက်နေ့မှ ၉ ရက်နေ့အထိ စခန်းချတည်းခိုသွားမှာဖြစ်ပါတယ်။
စစ်သင်္ဘောဟာ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) ရဲ့ တာဝန်ယူမှုနယ်မြေအတွင်းပါဝင်တဲ့ အာရေဗျပင်လယ်ပြင်မှာ အီရန်ကိုဦးတည်တဲ့စစ်ရေးစစ်ဆင်ရေးတွေအတွက် ငါးလကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ခုလိုထိုင်းနိုင်ငံသို့ လာရောက်ဆိုက်ကပ်တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်း အမေရိကန်နဲ့ ထိုင်းနှစ်နိုင်ငံ ရေတပ်ကြားပူးပေါင်းဆောင်ရွက်မှုတွေပိုမိုခိုင်မာစေဖို့နဲ့ တပ်ဖွဲ့ဝင်တွေအနားယူနိုင်ဖို့အတွက် လာရောက်တာဖြစ်ပါတယ်။













