Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အင်တာဗျူး အာရက္ခဒေသ

“လစဉ်ကြေးက စတားလင့် Bill ပါ အပြီး တလကို ၆ သိန်းပါ။စတင်ဆောင်ရွက်စဉ်က ၁၀ သိန်း နှုန်းထားကောက်ခံခဲ့ပါတယ်။ အခုပြည်သူတွေပိုပြီးအသုံးပြုနိုင်ဖို့အတွက် ၆ သိန်းသို့ဈေးလျှော့ပေးလိုက်တာဖြစ်ပါတယ်။”

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

အင်တာဗျူး
Border News Agency
မြောက်ဦး၊ဇွန် ၁၈။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့နည်းပညာဌာနတာဝန်ရှိသူကို Arakan Princess Media မေးထားတာကို အ များပြည်သူအကျိုးအတွက် မြန်မာလိုဖော်ပြလိုက်ပါတယ်။

၁။ အစိုးရအနေနဲ့ အခုလိုစတားလင့်အင်တာနက်ပြဋ္ဌာန်းချက်ကို ဘာကြောင့် စတင်အကောင်အထည်ဖော်နေရတာလဲဆိုတာပြေပြပေးပါ။
 
ကျနော်တို့ အစိုးရအနေနဲ့ ပြည်သူတွေအတွက် စတားလင့်အင်တာနက်ပြဋ္ဌာန်းချက်တွေထုတ်ပြန်ပြီး အခုလိုလုပ်ဆောင်နေရသည့် ရည်ရွယ်ချက် အဓိက ၃ ခု ရှိပါတယ်။

အဲဒါတွေကတော့…
 
(က) အာရက္ခပြည်သူတရပ်လုံး၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်ဖြစ်သည့် သတင်းအချက်အလက်နဲ့ နည်းပညာကို နိုင်ငံရေး၊ စစ်ရေးအခြေအနေများနှင့်အညီ တိုးတက်လာစေရန်၊

(ခ)စတားလင့်အင်တာနက်ပစ္စည်းကို ငှားရမ်းအသုံးပြုခြင်းအားဖြင့် အဓိကကျသော စီးပွားရေးလုပ်ငန်းများ၊သတ င်းမီဒီယာဌာနများ၊ပြည်တွင်းပြည်ပအ ရပ်ဖက်အဖွဲ့အစည်းများနှင့်ငွေလွှဲငွေပြောင်းဝန်ဆောင်မှုလုပ်ငန်းများအတွ က် သတင်းအချက်အလက်စီးဆင်းမှုပိုင်း အဆင်ပြေချောမွေ့လာစေရန်၊

(ဂ) အာရက္ခပြည် လုံခြုံရေး၊တည်ငြိမ်အေးချမ်းရေးနှင့်အာရက္ခပြည်သူ့လုံ ခြုံရေးကိစ္စများကို မထိခိုက်စေဘဲ စတားလင့်နည်းပညာပစ္စည်းများကိုသက် ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများအား ငှားရမ်းအသုံးပြု ကြီးကြပ်နိုင်စေရန် ဖြစ်ပါတယ်။

၂။ အစိုးရ၏နည်းပညာဌာနဘက်က ဆောင်ရွက်နေတာတွေကို ပြောပြပေးးပါ။
 
ဟုတ်ကဲ့ပါ။ ကျနော်တို့အနေနဲ့ အများပြည်သူတို့ အင်တာနက်သုံးစွဲနိုင်ဖို့အတွက် ပုဂ္ဂလိကကိုလည်း မှတ်ပုံတင်ပေးသလို အများပြည်သူသုံးအင်တာနက်ဆိုင်တွေကိုလည်း ဖွင့်လှစ်ပြီးဝန် ဆောင်မှုတွေပေးနေပါတယ်။
 
နောက်ပြီး ပုဂ္ဂလိက အိမ်သုံးစတားလင့်အင်တာနက်ကို အခြေခံပြီးတရားဝင်သုံးစွဲခွင့်ရရန်အတွက် Class A၊ Class B၊ Class C ဆိုပြီး လိုင်စင်အမျိုးအစားတွေနဲ့ စည်းစနစ်တကျသုံးစွဲခွင့်ရရန် အကောင်အထည်ဖော်လို့ရှိနေပါတယ်။
 
၃။ ဟုတ်ကဲ့ပါ။ ဒါဆို လိုင်စင်အမျိုးအစားတွေထဲက Class A အကြောင်းကို အရင်ဦးဆုံးရှင်းပြပေးလို့ရမလား။

ဟုတ်ကဲ့ပါ။ ကျနော်တို့ Class A လိုင် စင်ဆိုတာ စတားလင့် အလုံးလိုက်ငှား ရမ်းသည့် လိုင်စင်ပါ။ဌာနက တင်သွင်းထားသည့် စတားလင့်ကို ပြည်သူသို့ငှားရမ်းတာ ဖြစ်ပါတယ်။စတားလင့်အ ပြင် ထပ်ပြီးတော့ Router တလုံးပါ တပ်ဆင်ပေးပါတယ်။
 
User အကောင့် ၃၀ အသုံးပြုခွင့် ပေးပါတယ်။ ကျနော်တို့ ပူးတွဲတပ်ဆင်ပေးထားတဲ့ Router ကဘဲ သုံးစွဲလို့ရမှာဖြစ်ပါတယ်။လိုင်စင်ကြေးက ကနဦး ၁ နှစ် သိန်း ၂၀ ပါ။သိန်း ၂၀ ထဲမှာ ၁၅ သိန်းတန် Router တန်ဖိုးနဲ့ တပ်ဆင်ကြေးတွေ ပါပါတယ်။

လစဉ်ကြေးက စတားလင့် Bill ပါ အပြီး တလကို ၆ သိန်းပါ။စတင်ဆောင်ရွက်စဉ်က ၁၀ သိန်း နှုန်းထားကောက်ခံခဲ့ပါတယ်။အခုပြည်သူတွေပိုပြီးအသုံးပြုနိုင်ဖို့အတွက် ၆သိန်းသို့ ဈေးလျှော့ပေးလိုက်တာဖြစ်ပါတယ်။
 
စတားလင့်ငှားရမ်းစပေါ်ကတော့ သိန်း ၅၀ ပေးသွင်းရပါမယ်။ စပေါ်ပေးထားတဲ့ သိန်း ၅၀ ကို စတားလင့် မသုံးချင်လို့ ဌာနကို ပြန်လို့အပ်နှံလျှင် အဲဒီသိန်း ၅၀ ကို ဌာနက ပြန်လို့ထုတ်ပေးပါမယ်။သိန်း ၅၀ က စရံသဘောမျိုးယူ ထားရတာဖြစ်ပါတယ်။

လိုင်စင်သက်တမ်းတိုးကြေးက အခုလောလောဆယ် တနှစ်ကို ၁၀ သိန်းလို့ သတ်မှတ်ထားပါတယ်။လာမယ့်ကာ လမှာ ဈေးလျှော့ပေးမယ်လို့လည်း စဉ်း စားနေပါတယ်။

Class A က လုပ်ငန်းလိုအပ်ချက်နနှင့် မိသားစု ပညာရေး၊ကျန်းမာရေးလိုအပ် ချက်တွေကို အဆင်ပြေဖို့အတွက်ဘဲ ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ အခကြေးငွေနဲ့စီးပွါးဖြစ်ရောင်းစားခွင့်မရှိပါဘူး။
 
၄။ဟုတ်ကဲ့ပါ။ Class B အကြောင်းကိုလည်း ရှင်းပြပေးပါ။
 
ဟုတ်ကဲ့ပါ၊ Class B က အပ်နှင်းငှားရမ်းပါ။
 
ပြောရမယ်ဆို ကျနော်တို့ စတားလင့်အင်တာနက်ပြဋ္ဌာန်းချက်ကို အကောင် အထည်ဖော်ရေးဆွဲနေရင်း ပြည်တွင်းထဲသို့ နည်းလမ်းပေါင်းစုံနဲ့ ကနဦး ရောက်ရှိနေတဲ စတားလင့်တွေကို တရားဝင်သုံးစွဲခွင့်ရအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ စဉ်းစားချက်ကနေ အကောင်ထည်ဖော်ခြင်းဖြစ်ပါတယ်။
 
ပြည်သူတွေလက်ထဲမှာ စတားလင့်ပစ္စည်းရှိနေရင် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးကနေ Class B လိုင်စင်လက်မှတ်ကို လာလျှောက်ထားရမှာ ဖြစ်ပါတယ်။

မှတ်ပုံတင်တဲ့အခါ စတားလင့်ပစ္စည်းရဲ့Admin Account ကို ဌာနသို့ ပေးရပါမယ်။နောက်ပြီး တရားဝင်မှတ်ပုံတင်ပြီးနောက် နည်းပညာဌာနဘက်က စတားလင့်မှာ ပူးတွဲသုံးစွဲမယ့် Router တလုံး တပ်ဆင်ပေးပါတယ်။
 
User Account အရေအတွက် ၃၀ ခု သုံးစွဲခွင့်ရမှာဖြစ်သလို လိုင်စင်ကြေး သိန်း ၂၀ ပါသွင်းရပါမယ်။

အသုံးပြုခွင့် လစဉ်ကြေးက ၃ လကို ၁၀ သိန်းသတ် မှတ်ထားပါတယ်။စတားလင့် bill ကိုတော့ သုံးစွဲသူက တင်သွင်းထားတာဖြစ်လို့ အခြားကျာဖြန့်ကိစ္စတွေနဲ့ ရောနှောမပါရအောင် သုံးစွဲသူကိုယ်တိုင်ဆောင်ရမှာဖြစ်ပါတယ်။ လိုင်စင်သက်တမ်းတိုးကြေးက ၁၀ သိန်းပါ။

Class Bက လုပ်ငန်းလိုအပ်ချက်နဲ့မိ သားစု ပညာရေး၊ကျန်းမာရေးလိုအပ် ချက်ကို အဆင်ပြေစေရန်အတွက် ဆောင်ရွက်ပေးထားတာဖြစ်လို့ အခ ကြေးငွေနဲ့စီးပွားဖြစ်ရောင်းစားခွင့်မရှိပါ။
 
၅။ Class C အကြောင်းကိုလည်း ရှင်းပြပါ။
 
Class C က စတားလင့်ကို လိုင်းခွဲတွေ တပ်ဆင်ပေးတာဖြစ်ပါတယ်။

FTTH ပုံစံမျိုး စတားလင့်လိုင်းခွဲတွေကို ဖိုင်ဘာကြိုးနဲ့အိမ်အရောက် သွယ်တန်းပြီးတော့ Router ကတဆင့် အသုံးပြုရမှာဖြစ်ပါတယ်။
 
Class C က ကျောက်တော်၊မြောက်ဦး၊ မင်းပြားအစရှိတဲ့မြို့တွေမှာ သုံးစွဲလို့ ရလာနိုင်မယ့်အခြေအနေရှိပါတယ်။  ဈေးနှုန်းသက်တင့်သက်သာနဲ့ သုံးစွဲရမှာလည်း ဖြစ်ပါတယ်။
 
ခုလက်ရှိက ဖိုင်ဘာနတ်ဝါ့တွေ တည်ဆောက်နေတုန်းဖြစ်တာကြောင့် အချိန်နည်းနည်းကြာနိုင်ပါသေးတယ်။ မိုးကုန်ကာလလောက်ဆိုတော့ အကောင်အ ထည်ဖော်နိုင်ပါမယ်။
 
၆။ဟိုတလောက စတားလင့်အင်တာနက်ပစ္စည်းတွေ မှတ်ပုံတင်ခြင်း လုပ် ငန်းစဉ်ကို ရပ်ထားတယ်လို့ သတင်း ကြားပါတယ်။အဲဒါက မှန်ပါသလား။
 
ဟုတ်ကဲ့ပါ။ အရင်မှတ်ပုံတင်ထားတဲ့ စတားလင့်အင်တာနက်ပစ္စည်းတွေကို စနစ်တကျဆောင်ရွက်နိုင်ဖို့အတွက် ယာယီအခိုက်အတန့်အားဖြင့် ရပ်ထားခဲ့တာမျိုးတော့ ရှိခဲ့ပါတယ်။

ဒါပေမယ့်လည်း လွန်ခဲ့တဲ့ရက်ပိုင်းတွေက‌နေစပြီး သက်ဆိုင်ရာ မြို့နယ်အုပ် ချုပ်ရေးဌာနတွေမှာ မှတ်ပုံတင်လုပ် ငန်းကို ဆောင်ရွက်နေပြီဖြစ်ပါတယ်။

၇။ နောက်တခုကြားရတာက Class A နဲ့ Class B ကို အစိုးရနဲ့ ပူးပေါင်းပြီး တ ရားဝင်အကျိုးတူ အင်တာနက်ဆိုင်တွေဖွင့်ပြီး အခကြေးငွေနဲ့ ရောင်းချခွင့်လည်း ရှိနေကြတယ်လို့ပြောကြပါတယ်။ အဲဒါနဲ့ပတ်သက်လို့လည်း ရှင်းပြပေးစေချင်ပါတယ်။
 
ဟုတ်ကဲ့ပါ။ ဒီလိုပုံစံမျိုး Class A နဲ့ Class B အောက်က စတားလင့်အင်တာနက်သုံးစွဲနေကြတဲ့ ပြည်သူတွေအနေနဲ့ အစိုးရနဲ့ပူးပေါင်းပြီး တရားဝင်အင်တာနက်ဆိုင်တွေဖွင့်ပြီး အခကြေးငွေနဲ့ ရောင်းချခွင့်ကိုလည်း စတင်ခွင့်ပြုထားတာတွေရှိပါတယ်။

အဲဒါကို လုပ်ရတာက ရောင်းချတဲ့ပြည်သူတွေဘက်က စီးပွားရေးတခု ပြေလ ည်လာစေရန်နဲ့သုံးစွဲချင်တဲ့ ပြည်သူတွေအနေနဲ့လည်း ဈေးနှုန်းသက်သာစွာနဲ့ ကိုယ့်အနီးနားမှာ လက်လှမ်းမှီနိုင်စေဖြစ်ပါတယ်။
 
တကယ်လို့ Class A နဲ့Class B အရ စတားလင့်အင်တာနက်ပစ္စည်းရှိတဲ့ ပြည်သူတွေဟာ နည်းပညာဌာနကို ဆက်သွ ယ်ပြီး ခုလိုစီးပွားဖြစ်“အများပြည်သူသုံးစတားလင့်အင့်တာနက်စင်တာ” (Public Internet Access Center-PIAC)တွေ ဖွင့်မယ်ဆိုရင်တော့ ဌာနဘက်ကလည်း အဲဒါအတွက် လိုင် စင်သပ်သပ်ထုတ်ပေးပါတယ်။
 
နောက်ပိုင်းမှာ သက်ဆိုင်ရာဆိုင်လည် ပတ်ရေးအတွက် လိုအပ်သည့် ဝန်ထမ်းပိုင်းဆိုင်ရာ၊နည်းပညာပိုင်းဆိုင်ရာတွေကိုလည်း ဌာနဘက်က အကုန်လုံးလေ့ ကျင့်သင်ကြားပေးပါတယ်။

အကျိုးအမြတ်ကိုတော့ အစိုးရနဲ့ ပုဂ္ဂလိကကြားမာ ၃၀-၇၀ ပုံစံမျိုးနဲ့ ခွဲဝေထားပါတယ်။

ဆိုင်တွေလိုက်နာရမယ့်စည်းကမ်းချက်တွေကိုလည်း ပြဋ္ဌာန်းချက်ထဲမှာပါတဲ့အတိုင်း သတ်မှတ်ထားတာဖြစ်ပါတယ်။

၈။“အများပြည်သူသုံး စတားလင့်အင်တာနက်စင်တာ” (Public Internet Access Center-PIAC) နဲ့ ပတ်သတ်လို့ ထပ်ပြီးရှင်းပြပေးပါ။
 
ဟုတ်ကဲ့ပါ။အစိုးရအနေနဲ့ “အများပြည်သူသုံးစတားလင့်အင်တာနတ်စင်တာ ”(Public Internet Access Center-PIAC)တွေ ဖွင့်လှစ်ရတာဟာ ပြည်သူတွေအင်တာနက်ကို ပိုပြီးလက် လှမ်းမှီ သုံးစွဲနိုင်ဖို့၊အစိုးရအနေနဲ့လည်း ဝင်ငွေတခုရလာမယ့်အပြင် ပုဂ္ဂလိကဘက်က စီးပွားရေးလုပ်ငန်းတခု ပေါ် လာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်ထွန်းလာမယ်လို့ ရည်ရွယ်ပါတယ်။
 
“အများပြည်သူသုံးစတားလင့်အင်တာနတ်စင်တာ”(Public Internet Access Center-PIAC)တွေဖွင့်မှာက ခုနားကပြောခဲ့သလို Class A နဲ့ Class B တွေအရ စတားလင့်အင်တာနက်သုံးစွဲခွင့်ရရှိပြီးသား ပြည်သူတွေလည်း လာလျှောက်လို့ရတဲ့အပြင် တဖက်မှာ အ သစ်စတားလင့်ပစ္စည်းတွေကို ဝယ်ပြီး တပါတည်း“အများပြည်သူသုံး စတားလင့်အင်တာနက်စင်တာ” (Public Internet Access Center-PIAC) အဖြစ် စီးပွားဖြစ် တရားဝင်လျှောက်လွှာတင်မယ့်ပြည်သူတွေလည်း လျှောက်လို့ရပါတယ်။

အသေးစိတ်အချက်အလက်တွေနဲ့လို က်နာရမယ့်စည်းကမ်းတွေကိုတော့ သ က်ဆိုင်ရာအုပ်ချုပ်ရေးနဲ့ နည်းပညာဌာ နဘက်မှာ သွားရောက်စုံစမ်းလို့ရပါတယ်။
 
၉။ တချို့ ပြည်သူတွေဆီက စတားလင့်အင်တာနက်ပစ္စည်းကို သိမ်းသွားပြီးတ ချို့ကိုတော့ ပြန်ပေးတာတွေတွေ့ရပါတယ်။

ဒါပေမယ့်လည်း ပြန်မရဘူးဆိုပြီးအ သံထွက်နေကြတဲ့ပြည်သူတချို့ကိုလည်း တွေ့ရပါတယ်။

အဲဒါနဲ့ပတ်သက်ပြီးရှင်းပြပေးစေချင်ပါတယ်။
 
ဒီကိစ္စနဲ့ပတ်သက်လို့ အစအဆုံးပြန်ပြီး ရှင်းပြရမှာဖြစ်ပါတယ်။ အာရက္ခပြည်ထဲမှာ စတားလင့်အင်တာနက်ကို အရင်ကတော့ တရားဝင်အသုံးပြုခွင့်ပေးထားတာမျိုး မရှိခဲ့ပါ။

ဒါပေမယ့်လည်း စစ်ပွဲတွေကြောင့် အင်တာနက်တွေပြတ်တောက်သွားတဲ့အခါ တချို့ ပြည်သူတွေဟာ နည်းလမ်းအ မျိုးမျိုး၊လမ်းကြောင်းအမျိုးမျိုးနဲ့ ပြင်ပကဝယ်ယူပြီး သုံးစွဲနေကြတာတွေရှိခဲ့ပါတယ်။

အဲဒီအချိန်က အစိုးရအနေနဲ့လည်း စည်းကမ်းတကျထိန်းကျောင်းခဲ့တာမျိုးတော့မရှိခဲ့ပါ။

၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကနေစပြီး ပြည်သူတွေကို စတားလင့်အင့်တာနက် တရားဝင်သုံးစွဲခွင့်ပြုနိုင်ရေးအတွက် ပြဋ္ဌာန်းချက်တွေထုတ်ပြီး လုပ်ဆောင်လာပါတယ်။

တဖက်မှာ အဲဒီမတိုင်ခင်ကရှိတဲ့ စတားလင့်တွေတိကို စစ်ရေးနဲ့ပြည်သူ့လုံခြုံ ရေးတွေအရ ပုံစံအမျိုးမျိုးနဲ့လိုက်သိမ်းပြီး ပြည်သူပိုင်အဖြစ် သတ်မှတ် သိမ်း ဆည်းခံလိုက်ရတာမျိုး ဖြစ်ပါတယ်။
 
၂၀၂၆ ခုနှစ်၊ဇန်နဝါရီလကစပြီး စတားလင့်အင်တာနက်ပစ္စည်းတွေကို မှတ်ပုံတင်လာသည့်ပြည်သူတွေကို ဥပဒေအတိုင်း စနစ်တကျဖြစ်အောင် ဆောင်ရွက်ပေးလို့ရှိနေပါတယ်။

စတားလိန့်ပစ္စည်းတွေကို အစိုးရနည်းပညာဌာနက တရားဝင်ခွင့်ပြုချက်၊အကောက်ခွန်ဌာနဖက်က အခွန်ဆောင်ပြီးမှတင်သွင်းခွင့်ပြုမယ်။မှတ်ပုံတင်ခွင့် ပြုမယ်လို့ စဉ်းစားခဲ့တာတွေရှိခဲ့ပေမ ယ့် နောက်ပိုင်းမှာအပြင်နည်းလမ်းတွေနဲ့ဝယ်ယူပြီးဖြစ်သည့် ပြည်သူတွေအ တွက် အများကြီးနစ်နာသွားမှာကို ထည့်သွင်း စဉ်းစားသည့်အတွက်ကြောင့် အဆင့်ဆင့်ဖြေလျှော့ပြီးဘယ်လိုနည်းလမ်းနဲ့မဆို လာဝယ်ပါစေ တရားဝင်မှတ်ပုံတင်ခွင့်ပြုမယ်လို့ ဆုံးဖြတ်သတ် မှတ်ခဲ့တာဖြစ်ပါတယ်။
 
ဒီနေရာမှာ တချို့ ပြင်ပက နည်းလမ်းအမျိုးမျိုးနဲ့ဝင်လာသည့် စတားလင့်တွေဟာ တရားဥပဒေနဲ့ မလွတ်ကင်းတဲ့နေရာမှာသုံးခဲ့စွာမျိုးလည်းပါလာနိုင်တာကြောင့် တချို့လမ်းကြောင်းက ဝင်လာသည့်စတားလင့်တွေကို တရားဝင်မှတ်ပုံတင်ခွင့်မပြုတာမျိုးတော့ရှိပါတယ်။

နောက်ပိုင်းမှာ ဒီထက်ပိုပြီး ဝင်လာတဲ့လမ်းကြောင်းတွေကို စနစ်တကျဖြစ်အောင် ထိန်းကျောင်းသွားမှာဖြစ်ပါတယ်။
 
၁၀။စတားလင့်အင့်တာနက်ကို ပုဂ္ဂလိ ကအဖြစ်သုံးစွဲခွင့်ကို တချို့ဒေသတွေမှာ အကန့်အသတ်တွေရှိနေတာကိုတွေ့ရပါတယ်။

အဲဒါဘာကြောင့် ဖြစ်တာလဲ။
 
မှန်ပါတယ်။ ဒီနေ့အချိန်၊ အခြေအနေအရ အာရက္ခပြည်ဟာ ရာနှုန်းပြည့်လုံခြုံငြိမ်းချမ်းနေတဲ့ဒေသတခုမဟုတ်သေးပါ။

ပြည်သူတွေကိုလည်း လေကြောင်းပစ် မှတ်ထားဗုံးကြဲမှုတွေလုပ်နေတာကိုတွေ့ရပါတယ်။

အထူးသဖြင့် ဆေးရုံ၊စာသင်ကျောင်း၊ ဈေးတွေလိုနေရာမျိုးတွေဆို ပိုပြီးအန္တ ရာယ်ရှိပါတယ်။

အဲဒါကြောင့် တချို့မြို့နယ်တွေအထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုနဲ့တိုက် ပွဲဖြစ်နေတဲ့နေရာတွေမှာဆိုရင် စစ်ရေးနဲ့ပြည်သူ့လုံခြုံရေးသတင်းပေါက်ကြားမှုတွေမရှိရအောင် သတိထားပြီး ကိုင် တွယ်နေတာမျိုးတွေရှိပါတယ်။

အဲဒီမြို့နယ်တွေက ပြည်သူတွေဟာ စတားလင့်အင်တာနကို ပုဂ္ဂလိကပိုင်အ ဖြစ်သုံးမယ်ဆိုရင်သက်ဆိုင်ရာ စစ်ဖ က်၊လုံခြုံရေးဌာနတွေက ထောက်ခံချ က်နဲ့မှတရားဝင်အသုံးပြုခွင့်ရှိမှာဖြစ်ပါတယ်။
 
ဒီနေရာ၊ဒီဒေသမှာရှိတဲ့ပြည်သူတွေအ နေနဲ့လူသားချင်းစာနာမှု၊မိသားစုဆက်သွယ်ရေး၊လူမူစီးပွားရေး၊ပညာရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စတွေမှာ အခြေ ခံအားဖြင့် လိုအပ်တဲ့အင်တာနက်ဆက်သွယ်မှုမျိုးရနိုင်မယ့်အတွက်ကတော့ အစိုးရဘက်က အတက်နိုင်ဆုံး အများပြည်သူသုံးဆိုင် (Public Access Center – PAC)တွေဖွင့်ပြီးဆောင်ရွက်လို့ ရှိနေပါတယ်။
 
၁၁။နောက်ဆုံးအနေနဲ့ စတားလင့်အင်တာနက်ကိစ္စနဲ့ပက်သက်ပြီး ပြည်သူတွေကို ဘယ်လိုသတင်းစကားမျိုးဖြည့်စွက်ပြောကြားချင်ပါသလဲ။
 
အာရက္ခပြည်တွင်းထဲမှာ စတားလင့်အင်တာနက်ကို သုံးစွဲတဲ့အခါမှာလည်း သတ်မှတ်စည်းကမ်းချက်တွေအတိုင်း အများပြည်သူလုံခြုံရေးနဲ့ စနစ်ကျမှုရှိကြောင်း သုံးစွဲကြဖို့ ပြောကြားလိုပါတယ်။

အစိုးရအနေနဲ့ပြည်သူတွေအင်တာနက်ကို ဈေးနှုန်းသက်သာစွာနဲ့ ပြည့်ပြည့်ဝဝ သုံးစွဲနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းလုပ် ဆောင်လို့ ရှိနေပါတယ်။

ခုလိုခေတ်ကာလမျိုးမှာ အင်တာနတ်ဟာ ပြည်သူတွေရဲ့နေ့စဉ်လူမှုဘဝတွေတိုးတက်ရာ တိုးတက်ကြောင်းအတွက် မရှိမဖြစ် လိုအပ်တဲ့အသုံးအဆောင်တခုလည်းဖြစ်ပါတယ်။

တဖက်မှာ လက်ရှိစစ်ရေး၊နိုင်ငံရေးအ ခြေအနေတွေနဲ့အမျိုးမျိုးသောပိတ်ဆို့မှုတွေအောက်မှာအကောင်းဆုံးဖြစ်အောင်ကြိုးစားလို့ရှိနေပါတယ်။

PrevPreviousအမေရိကန်နဲ့အီရန်တို့ စစ်ပွဲ အဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
Nextစစ်တွေခရိုင်မှာ မိုင်း ၂၀၀ နီးပါးကို အာရက္ခတပ်တော် ရှင်းလင်းNext
Previous Post

အမေရိကန်နဲ့အီရန်တို့ စစ်ပွဲ အဆုံးသတ်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Next Post

စစ်တွေခရိုင်မှာ မိုင်း ၂၀၀ နီးပါးကို အာရက္ခတပ်တော် ရှင်းလင်း

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရခိုင်လူမှုစီးပွားဘဝအကျပ်အတည်းနှင့်ထောက်ခံစာပြဿနာ

June 18, 2026

ကျောက်တော်ကို အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်လို့ တဆယ့်နှစ်ဦးသေဆုံး

June 17, 2026
ဓာတ်ပုံ - ဝေဟင်အောင်

ကျောက်တော်လေကြောင်းတိုက်ခံရမှု သေဆုံးသူ ခုနှစ်ဦးရှိလာ

June 17, 2026

ကျောက်တော်လေကြောင်းတိုက်ခံရမှုငါးဦးသေဆုံး

June 17, 2026

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

Releated Post

ဓာတ်ပုံ - 7 EAO Alliance

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမြန်ဆုံး အကောင်အထည်ဖော်ဖို့ 7 EAO သဘောတူ

June 9, 2026
ဓာတ်ပုံ - မီဇိုရမ်ရဲတပ်ဖွဲ့

မီဇိုရမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦး ဖမ်းဆီးခံရ

June 9, 2026
ဓာတ်ပုံ - Al Jazeera

ဖိလစ်ပိုင်ငလျင်ကြောင့် လူ ၃၅ ဦးထက်မနည်း သေဆုံး

June 9, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

မြန်မာ့အရေး အာဆီယံမူဘောင်အတိုင်း ဆက်လုပ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း (ဓာတ်ပုံသတင်း)

June 9, 2026
(ဓာတ်ပုံ - ကြိုးဆွဲချသေဆုံးသွားသူ/ပေးပို့)

ပုဏ္ဏားကျွန်းမှာ အရပ်သားတဦး ကြိုးဆွဲချသေဆုံး

June 9, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

AA နဲ့ PDF ခြောက်ဦး အလင်းဝင်တယ်လို့ အာဏာသိမ်းစစ်တပ် ဝါဒဖြန့်

June 9, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page