Border News Agency
ရန်ကုန်၊ စက်တင်ဘာ ၁၁။
ပုလောမြို့နယ်၊ ထမင်းမစားရွာရှိတပ်စခန်းကို စစ်ကြောင်းထိုးတဲ့လာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU)မြိတ်-ထားဝယ်ခရိုင်မှ စက်တင်ဘာလ ၁၁ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီစစ်ကော်မရှင်စစ်ကြောင်းဟာ စက်တင်ဘာလ ၉ ရက်နေ့က ထမင်းမစားရွာရှိ တပ်စခန်းကို ပြန်ပြီးတိုက်ခိုက်ဖို့စစ်ကြောင်းထိုးလာတာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ၊ KNDO ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့မှာ စစ်ကြောင်း တခုလုံးနောက်ဆုတ်ထွက်ပြေးသွားတယ်လို့ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်ရဲ့ထမင်းမစားရွာရှိတပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၈ ရက်၊မနက် ၇ နာရီအချိန်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီ စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊တပ်မဟာ ၄ လက်အောက်ခံ KNDO တပ်ရင်း ၇ ၊တပ်ခွဲ ၂ ၊ တပ်ခွဲ ၅ ၊KNLA အထူးတပ်ဖွဲ့၊ပုလောပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့တာလို့ဆိုပါတယ်။
အဲဒီတပ်စခန်းမှာ စစ်ကော်မရှင်တပ်ရဲ့ခလရ ၂၈၀ တပ်ရင်း၊အမတ ၃၀၉ တပ်ရင်း၊အမှတ် ၁၂ တပ်မတော်လေ့ကျင့်ရေးသင်တန်းကျောင်းတပ်ဖွဲ့ဝင်တွေအပါအဝင် စုစုပေါင်း ၄၀ ကျော်တပ်စွဲထားတဲ့တပ်စခန်းဖြစ်တယ်လို့ဆိုပါတယ်။






