Border News Agency
ကျောက်တော်၊ စက်တင်ဘာ ၁၃။
ကျောက်တော်မြို့နယ်ကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ဒဏ်ရာရထားသူတွေထဲမှ နောက်ထပ်ကျောင်း သားတဦးသေဆုံးသွားခဲ့တယ်လို့ ကျောက်တော်မြို့ခံတွေက ဆိုကြပါတယ်။
အဲဒီသေဆုံးသွားသူဟာ အသက်ဆယ့်ခုနှစ်အရွယ် ကျောင်းသားမောင်အောင်ငြိမ်းစိုးဖြစ်တယ်လို့ဆိုပါတယ်။
သူဟာ စက်တင်ဘာလ ၁၃ရက်နေ့၊နံန က်ပိုင်းမှာ အရေးပေါ်ဆေးကုသမှုခံယူနေပေမယ့် ဒဏ်ရာပြင်းထန်လို့သေဆုံးသွားခဲ့တာပါ။
“ဒီနေ့နံနက်က ကျောင်းသားတဦးထပ်မံဆုံးသွားပါတယ်။ထိခိုကိဒဏ်ရာရရှိသွားတာကပြင်းတယ်လေ။ဆေးကုသမှုခံယူနေတာကနေ ဒဏ်ရာပြင်းလို့ဆုံးသွားတာပါ။” လို့ ကျောက်တော်မြို့ခံတဦးက Border News Agency ကိုပြောပါတယ်။
ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာရှိ ပညာပန်းခင်းနဲ့အမြင်သစ်ကိုယ်ပိုင်အထက်တန်းကျောင်းတွေကို စက်တင်ဘာလ ၁၂ ရက်၊မနက် ၁ နာရီကျော်အချိန်ခန့်က စစ်ကော်မရှင်တပ်မှ ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခို က်ခဲ့တာပါ။
အဲဒီလိုလေကြောင်းတိုက်ခိုက်ခံရလို ကျောင်းသား၊ကျောင်းသူတဆယ့်ကိုးဦးသေဆုံးပြီး နှစ်ဆယ်နှစ်ဦးထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေတွေကို စစ်ကော်မရှင်တပ်လေကြောင်းကင်းထောက်တာတွေနေ့စဥ်ရက်ဆက်ပြုလုပ်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း မကြာခဏပြုလုပ်နေပါတယ်။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့မြောက်ဦးမြို့၊ဒိုင်းကျီရပ်ကွက်ကိုလ ည်း ပြီးခဲ့တဲ့ဩဂုတ်လ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခို က်လို့ ကလေးငယ်တွေအပါအဝင်ဆယ့်ငါးဦးသေဆုံးပြီး ဆယ့်ရှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။