Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး ဆောင်းပါး နိုင်ငံရေး သတင်း

အရှေ့တောင်အာရှ၏ အွန်လိုင်းလိမ်လည်မှုအားရိုက်ချိုးခြင်း – ၁။

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
13
VIEWS
Share on FacebookShare on Twitter

Border News Agency
မြဝတီ၊ နိုဝင်ဘာ ၂၅။

ဝါရှင်တန်နှင့်လန်ဒန်အတွက် လက်ရှိမကြုံစဖူးဆောင်ရွက်ချက်က ကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအောင် မြင်နိုင်မှုကိုပြသနေသည်။ ထိုပြင်ဆက်လက်ဆောင်ရွက်ရန်ရှိသောအချက်များ
ကိုလည်းပြသနေသည်။

ပြီးခဲ့သောလက အမေရိကန်ပြည်ထော င်စုနှင့်ဗြိတိန်သည် အရှေ့တောင်အာရှရှိအွန်လိုင်းလိမ်လည်မှုများကို ကိုင်တွ ယ်ရန်တရားဥပဒေစိုးမိုးရေးအပိုင်းတွင် ပူးပေါင်းဆောင်ရွက်မှုကို မြင့်တင်လိုက်ကြသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ကမ္ဘောဒီးယားမင်းသားအုပ်စု (Cambodias Prince Group – CPG) နှင့် ဆက်စပ်သော လူပုဂ္ဂိုလ် ၁၄၆ ဦးအပါ အဝင်လုပ်ငန်းစုများကို ပိတ်ဆို့အရေး ယူလိုက်သည်။

ကမ္ဘောဒီးယားမင်းသားအုပ်စု (Cambodias Prince Group- CPG)၏ ဥက္ကဋ္ဌမှာ ချင်ဇီ (Chen Zhi)ဖြစ်သည်။ ကမ္ဘောဒီးယားမင်းသားအုပ်စုသည် ပျံနှံ့လာသောသတင်းများအရ အွန်လိုင်းပေါ်တွင်ပြစ်မှုများ၊ငွေကြေးခဝါချမှုများနှင့်လူကုန်ကူးမှုများနှင့်သက်ဆိုင်နေသည်ဟုဆိုသည်။စုံစမ်းစစ်ဆေးသူ များက ဗြိတိန်ရှိ တန်ဖိုးကြီးအိမ်ခြံမြေ လုပ်ငန်းတွင် အမေရိကန်ဒေါ်လာသန်းပေါင်း ၁၄ ဘီလီယံတန်ဖိုးရှိ ဘစ်ကွိုင်ပေါင်းတသိန်းနှစ်သောင်းခုနှစ်ထောင် (၁၂၇,၀၀၀)ကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။

ပြီးခဲ့သောဆယ်စုနှစ်တလျှောက် အရှေ့ တောင်အာရှရှိ အွန်လိုင်းလိမ်လည်ရေးလုပ်ငန်းမှာ ကမ္ဘာတဝန်းရှိ သားကောင်များထံမှ အကျိုးအမြတ် ကြီးကြီးမားမားရခဲ့သည်။

အမေရိကန်တနိုင်ငံတည်းမှာပင် ၂၀၂၄ခု နှစ်အတွင်း ဒေါ်လာဆယ်ဘီလီယံခန့်ဆုံးရှုံးခဲ့ရသည်။

ကမ္ဘောဒီယားရှိအွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် နိုင်ငံရေးအာဏာရှိသူများ ပါဝင်ပတ်သက်နေမှုများ၊၎င်းတို့၏ပုဂ္ဂလိကကြွယ်ဝမှုများ၊တရားမဝင်လုပ်ငန်းများနှင့်ပတ်သက်မှုများရှိ
နေမည်ဟုမေရိကန်နှင့်ဗြိတိန်တို့က ယူ ဆထားသည်။ရက်သတ္တပတ်အတွင်း အွန်လိုင်းလိမ်လည်မှုများကို တိုက်ဖျက်
မည်ဟု အစိုးရက အရိပ်လက္ခဏာပြလာသည်။

ထိုသို့အရိပ်လက္ခဏာပြသော်လည်း ပြ ဿနာက နက်ရှိင်းနေဆဲဖြစ်သည်။တ ရားမဝင်လုပ်ငန်းများက စီးပွားရေး၊နိုင် ငံရေးတွင် ဩဇာရှိသူများနှင့်ချိတ်ဆ က်နေသည်။အစစ်အမှန်အရေးယူပြခြင်းက ထိုသို့ချိတ်ဆက်နေသူများအ တွက်အန္တရာယ်ရှိနေသည်။

အရှေ့တောင်အာရှနှင့်ကမ္ဘာလုံးဆိုင်ရာ တရားမဝင်စီးပွားရေး

အရှေ့တောင်အာရှ၏အွန်လိုင်းလိမ်လ ည်မှုစီးပွားရေးအား ခြေရာခံပါက အန ည်းဆုံး ၎င်းတို့တွင် အင်အားသုံးခုရှိနေသည်ကို တွေ့ရသည်။

ပထမ ၎င်းတို့တွင် အစားထိုးဖြန့်ဝေ ထု တ်ယူနိုင်သောစနစ်နှင့်အကာအကွယ်တို့ရှိသည်။ထိုစနစ်နှင့် အကာအကွယ်က ဒေသတခုလုံးကို ဖြတ်ကျော်ကာ ရှည်လျားသော အစိုးရပုံစံမျိုးဖြစ်နေသည်။

ဒုတိယ တရုတ်များ၏မသမာသောအ ရင်းအနှီး(Gray Capital)ရှိနေသည်။ထိုအရင်းအနှီးငွေများသည် ၂၀၁၀ ခုနှစ်နောက်ပိုင်း အိမ်ခြံမြေစျေးကွက်များ၊ ကာစီနိုများ၊တွက်ရချက်ရသောအွန်လို င်းလောင်းကစားမှုများ၊ပြစ်မှုမြောက်သောအွန်လိုင်းလောင်းကစားမှုများထဲသို့ စီးဝင်သွားသောငွေများဖြစ်သည်။

တတိယ အရှိန်အဟုန်ဖြင့်ကျယ်ပြန့်နေသောဒီဂျစ်တယ်နှင့်ခရစ်တိုငွေကြေး (Digital and Crypto)ကို ဘဏ္ဍာရေးအရ အခြေခံထားသည်။

ထိုငွေကြေးစနစ်ဖြင့် မျက်ကွယ် (Opaque)ငွေပေးချေစနစ်၊ပွင့်လင်းမြင်သာမှုအားနည်းသော ငွေပေးချေစနစ်ကို အသုံးပြု၍တရားမဝင်အကျိုး အမြတ်များကို ရယူနေသည်။

ထိုအင်အားသုံးခုမှာ တခုချင်းအလိုက် သီခြားရပ်တည်လည်ပတ်နိုင်သည်။

သို့ရာတွင် ထိုအင်အားသုံးခု ပေါင်း၍ အသေးစား၊တင်းကျပ်မှုမရှိသော ပြစ်မှုများကို နိုင်ငံရေးနှင့်စီးပွားရေးပါဝါရှိသော နိုင်ငံဖြတ်ကျော်လုပ်ငန်းစုများ၏ အရိပ်ကိုခို၍အွန်လိုင်းတွင် ကျူးလွန်ကြသည်။

အရှေ့တောင်အာရှ၏ပျက်ယွင်းဗြူရိုကရေစီ

အရှေ့တောင်အာရှတခွင်လုံးတွင်အ များစုမှာ အာဏာကို လူပုဂ္ဂိုလ်ဆိုင်ရာ ဩဇာလွမ်းမိုးမှုဖြင့် ထိန်းချုပ်ထားတ တ်သည်။အရင်းအမြစ်များကို ထိန်းချုပ်ထားတတ်သည်။ ပုံမှန်အင်စတီကျူးရှင်းများဖြင့် အာဏာနှင့် အရင်းအမြစ်ကို ထိန်းချုပ်ကြသည်မဟုတ်ပေ။ နိုင်ငံရေးသမားများနှင့် အရာရှိအရာခံများမှာ စီးပွားရေးမိတ်ဖက်အုပ်စုများ၊ စစ်ဘက်အရာရှိများနှင့် ဒေသဆိုင်ရာပွဲစားများကို မှီခိုထားသည်။ ငွေကြေး၊သစ္စာ ခံမှုနှင့်အငြင်းပွားမှုများစသည့်ကိစ္စများဖြစ်လာလျှင် နိုင်ငံရေးသမားများနှင့် အရာရှိအရာခံများမှာ ထိုအရာများကို မှီခိုအားထားဖြေရှင်းကြသည်ကို ဆို လိုရင်းဖြစ်သည်။

ထိုကဲ့သို့ အုပ်စုများအချင်းချင်းဆက်ဆံရေးမှာ နိုင်ငံတော်၏နည်းလမ်းအဖြ စ်ပင် များစွာအမြစ်တွယ်နေပြီဖြစ်သည် ။

ထိုနည်းလမ်းမှာ စစ်အေးခေတ် မဟာမိ တ်များ သုံးခဲ့သည့်အုပ်ချုပ်မှုစွမ်းရည် နှိမ့်ကျမှု(limited bureaucratic capacity)ဖြင့် ကွဲပြားခြားနားသောနယ် မြေများကို ထိန်းချုပ်ရန် လက်ဝေခံစီမံခန့်ခွဲသူကို ရှာသော နည်းလမ်းမျိုးဖြစ် သည်။အချိန်ကုန်လွန်လာသည်နှင့်အမျှ ၎င်းတို့အသုံးပြုနေသော နိုင်ငံရေးစနစ်က ဂွင်ဖန်ငွေရှာရန်အသုံးတည့်လာတော့သည်။တရားမဝင်နည်းလမ်းများဖြင့် ဂွင်ဖန်ငွေရှာကာ အကျိုးအမြတ်နှင့် အပြန်အလှန်အကာအကွယ်ပေးမည့် ကွန်ရက်ကို ထူထောင်နိုင်လာတော့သည်။

ဤသည်ကား အရှေ့တောင်အာရှ၏အွန်လိုင်းလိမ်လည်မှုတွင် ပထမအင်အား ဖြစ်သော အစားထိုးဖြန့်ဝေထုတ်ယူနိုင်သောစနစ်နှင့်အကာအကွယ်က ဒေသတခုလုံးကို ဖြတ်ကျော်ကာ ရှည်လျားသော အစိုးရပုံစံမျိုးဖြစ်နေခြင်း အတွ က် ရေခံမြေခံကို မြင်သာစေသည်။

တရုတ်၏အရင်းအနှီးထုထည်

၂၀၁၀ ခုနှစ်နောက်ပိုင်းတွင် တရုတ်၏ အရင်းအနှီးများသည် ထိုစနစ်ထဲသို့ လိမ့်ဝင်လာတော့သည်။အဘယ်ကြောင့် ထိုအရင်းအနှီးများမှာ အွန်လိုင်းလိမ်လ ည်မှုလုပ်ငန်းသို့ ဝင်သွားရပါသနည်း။

အကြောင်းရင်းခံဇစ်မြစ်က ရှီကျင်ဖျင် ၏ တရုတ်ပြည်တွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်အရင်းအနှီးများအား ထိန်းချုပ်သည့်စနစ် (Capital control measures)ကြောင့်ဖြစ်သည်။ ရှီကျင့်ဖျင်က ထိုနှစ်ချက်တွင် အောင်မြင်မှုရသည်ထိ လက်သံပြောင်ခဲ့သည်။

ဤတွင် မဟုတ်တမ်းတရားများဖြင့် ဖောသီအဆီယစ်နေသော သူများက လန့်ဖြတ်ကုန်တော့သည်။လန့်ဖြတ်ကုန်တော့ ၎င်းတို့၏မသာမာသောငွေကြေး (Gray Money)နှင့်ဆုံးရှုံးနိုင်ဖွယ်ရှိသော ငွေကြေး(Speculative Money)ကို ပြ ည်ပကို ထုတ်တော့သည်။၂၀၁၂ ခုနှစ် နောက်ပိုင်းတွင် ရှီကျင့်ဖျင်၏ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးက ဇတ်ရှိန်တက်လာသည်။

ဤတွင် မှတ်ပုံမတင်ထားသော ပိုင်ဆိုင်မှုဓန (Unregistered Wealth)အပေါ် တရားစီရင်ခံရမှုမှလုံခြုံစေရန်အွန်လိုင်းလောင်းကစားမှုသို့ ရောက်ကုန်သည်။ ၂၀၁၈- ၁၉ ခုနှစ်များအတွင်းအားပြင်း သောအကန့်အသတ်များဖြင့် တရုတ်ပြည်၏ နယ်နိမိတ်ကို ဖြတ်ကျော်ကာ အပြင်ပတ်ဝန်းကျင်ကမ္ဘာကို စီးဆင်းလာတော့သည်။

ကမ္ဘောဒီယား၊လာအို၊ မြန်မာနှင့်ဖိလစ်ပိုင်၏အခြေအနေက အွန်လိုင်းလိမ်လ ည်မှုလုပ်ငန်းအတွက် ရေခံမြေခံကော င်းလွန်းနေသည်။မြေယာအရှုပ်အရှင်းကိုလည်း ဂရုစိုက်စရာမလို၊လုပ်ငန်းလို င်စင်မရမည်ကိုလည်းပူစရာမလို၊ လုံခြုံရေးဆိုသည်မှာလည်း ရှာစရာမလို။အစိုးရအရာရှိများ၊ခရိုနီတိုက်ကွန်းများ၊ စစ်ဘက်ဆိုင်ရာ ပွဲစားပေါင်းကူများဖြင့် အလွမ်းသင့်ရလွယ်သည်။

ကာစီနိုများ၊စက်မှုဇုန်များ၊အိမ်ခြံမြေစျေးကွက်များက မသာမာငွေကို သွပ်သွင်းနိုင်သည် ပြွန်ပိုက်များဖြစ်သည်။ အာဏာလုပ်ပိုင်ခွင့်နှင့်နီးစပ်သော ဒေသဆိုင်ရာအီလစ်လူ့မလိုင်များက ရှယ်ယာယူလျှက် တရားဝင်မှုအရပင် ကာကွယ်ပေးလျက်ရှိသည်။

ကိုဗစ်ကာလအတွင်း ထိုမသာမာငွေ ကြေးများစီးဆင်းရန် ခြေခင်းလက်ခင်းက သာလွန်းလှသည်။နယ်စပ်တွေပိတ်၊ ခရီးသွားလုပ်ငန်းများပြိုလဲချိန် ကာစီနို၊အိမ်ခြံမြေစျေးကွက်နှင့်အွန်လိုင်းလိ မ်လည်မှုလုပ်ငန်းများအတွက်လွတ်လွ တ်လပ်လပ်ငွေဝင်ငွေထွက်လုပ်နိုင်ကြပြီ။အတင်းအကြပ်စေခိုင်းရန်လုပ်သားအတွက် လူကုန်ကူးမှုနှင့်ချိတ်ဆက်လာနိုင်သည်။ အရှေ့တောင်အာရှ ဒေသတခုလုံးကို ဖြတ်ကျော်၍အတင်းအကျပ်ခိုင်းစေမည့် လုပ်သားများကို ရှာဖွေလာကြသည်။

ဆက်ရန်…

  • The diplomat တွင်ဖော်ပြထားသည့် cracking-southeast-asias-scam-economyကို ပြန်ဆိုသည်။

PrevPreviousကစယ်ဒိုမှာ စစ်ကော်မရှင်တပ်က နေအိမ်ခြောက်ဆယ်ကျော်မီးရှို့
Nextကျောက်မဲတောင်ရွာမှ နေအိမ်တချို့ကို စစ်ကော်မရှင်တပ်မီးရှို့Next
Previous Post

ကစယ်ဒိုမှာ စစ်ကော်မရှင်တပ်က နေအိမ်ခြောက်ဆယ်ကျော်မီးရှို့

Next Post

ကျောက်မဲတောင်ရွာမှ နေအိမ်တချို့ကို စစ်ကော်မရှင်တပ်မီးရှို့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

စစ်တွေခရိုင်အချုပ်ထောင်မှ မုဒိမ်းတရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်နေ

July 25, 2026

ဘေးကင်းလုံခြုံမှုကင်းမဲ့နေကြတဲ့ အာရက္ခ​ဒေသက အမျိုးသမီးတွေ

July 25, 2026

ဘင်္ဂလားဒေ့ရှ်သမ္မတကျန်းမာရေးကြောင့် ရာထူးမှနှုတ်ထွက်

July 25, 2026
Photo - AA

သံတွဲကို လေကြောင်းတိုက်ခိုက်လို့ သုံးဦးသေပြီး နှစ်ဆယ့်တဦးဒဏ်ရာရ

July 25, 2026

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

Releated Post

ကိုးကား/ဓာတ်ပုံ - World News

အီရတ်ဝန်ကြီးချုပ် စစ်လေယာဉ်တွေရံပြီး တဟီရန်ရောက်

July 24, 2026

မလေးရှားမှာ မြန်မာအပါအဝင် နိုင်ငံခြားသား တရာ့ကိုးဦး ဖမ်းခံရ

July 24, 2026

စာမေးပွဲမသမာမှုပြဿနာကို ဖြေရှင်းဖို့ CJP အဖွဲ့နဲ့အိန္ဒိယအစိုးရဆွေးနွေးမယ်

July 24, 2026

သံတွဲမြို့ကို အာဏာသိမ်းစစ်တပ် ထပ်လေကြောင်းတိုက်ခိုက်

July 24, 2026
Phpto - APM

သံတွဲမှာစစ်တပ်လေကြောင်းတိုက်ခိုက်လို့ လေးဦးဒဏ်ရာရ

July 24, 2026
Photo - APM

ခရိုင်သုံးခုက ယစ်မျိုးကုန်တွေကို FDA ကွင်းဆင်းစစ်ဆေး

July 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page