Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ရေး နိုင်ငံတကာ မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် သတင်း အာရက္ခဒေသ

ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်ဖို့ WHO ပြော

Author picture

By

Saw Shin Nyo
Reading Time: 1 min read
0
A A
0
SHARES
16
VIEWS
Share on FacebookShare on Twitter

Border News Agency
မြောက်ဦး၊ဒီဇင်ဘာ ၁၂။

စစ်ကော်မရှင်အနေနဲ့ ပြည်သူတွေအတွက်အရေးပါတဲ့ ကျန်းမာရေးအဆောက်အအုံတွေကို ပစ်မှတ်ထားတိုက်ခိုက်တာရပ်တန့်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ အကြီးအကဲဖြစ်တဲ့တက်ဒရော့စ် (Tedros) က ပြောကြားလိုက်ပါတယ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံကို ဒီဇင်ဘာလ ၁၀ ရက်နေ့က စစ်ကော်မရှင်တပ် ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ လူနာတွေအပါအဝင် အရပ်သားသုံးဆယ်သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဆယ့်ငါးဦးဒဏ်ရာရသွားခဲ့ပါတယ်။

မြောက်ဦးဆေးရုံကို လေကြောင်းတိုက်ခိုက်တာဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်တာဖြစ်ပြီး လူပေါင်းများစွာရဲ့ ကျန်းမာရေးစောင့်ရှောက်ခံယူမှုအပေါ် ကြီးကြီးမားမားနှောင့်ယှက်ဖျက်ဆီးလိုက်တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)အကြီးအကဲတက်ဒရော့စ် (Tedros) ကဆိုပါတယ်။

“ကျန်းမာရေးစောင့်ရှောက်မှုနေရာကို တိုက်ခိုက်မှုတိုင်းဟာ လူသားမျိုးနွယ်အပေါ် တိုက်ခိုက်တာပဲဖြစ်တယ်။ ကျန်းမာရေးဆိုင်ရာအဆောက်အအုံတွေ၊ လူနာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဘယ်အချိန်အခါမဆိုအကာအကွယ်ပေးထားရမယ်။ ကျန်းမာရေးစောင့်ရှောက်မှုနေရာကို တိုက်ခိုက်မှုတွေရပ်တန့်ပါ။” လို့တက်ဒရော့စ်က ဆိုပါတယ်။

အဲဒီအပြင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေတဲ့ လူပေါင်းများစွာကိုသေဆုံးစေခဲ့တဲ့ မြောက်ဦးဆေးရုံတိုက်ခိုက်ခံရမှုအပေါ်တုန်လှုပ်ခြောက်ခြားဖြစ်ရတယ်လို့ ဆိုပါတယ်။

မြောက်ဦးခရိုင်ဆေးရုံဟာ ရခိုင်ပြည်မြောက်ပိုင်းဒေသအတွက် ဆေးကုသမှုဆိုင်ရာ အဓိကအသုံးပြုနေတဲ့ ဆေးရုံဖြစ်ပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ သားဖွားစောင့်ရှောက်မှုနဲ့ ခွဲစိတ်မှုအပါအဝင် ဒေသခံရခိုင်ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အရေးပါတဲ့ဆေးရုံလည်းဖြစ်တယ်လို့ ဆိုပါတယ်။

“ဒီတိုက်ခိုက်မှုကြောင့် ဒေသခံလူထုတရပ်လုံးအတွက် ကျန်းမာရေးစောင့်ရှောက်မှုရယူသုံးစွဲခွင့်ကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်” လို့ တက်ဒရော့စ်က ဆိုပါတယ်။ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေမှ အရပ်သားပြည်သူတွေကို နေ့စဉ်ရက်ဆက်တမင်တကာ ရည်ရွယ်ချက်ရှိရှိအဓိကပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

အဲဒီလိုစစ်ကော်မရှင်ရဲ့ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုကျူးလွန်နေမှုတွေကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ ဝိုင်းဝန်းထိန်းကျောင်းပေးကြပါဖို့ အားကိုးစွာအကူအညီတောင်းခံတယ်လို့ဆိုပါတယ်။

စစ်ကော်မရှင်တပ်ဟာ အာရက္ခဒေသအပါအဝင် မြန်မာတနိုင်ငံလုံးမှာအရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကျူးလွန်နေတာကို နိုင်ငံတကာနဲ့ကမ္ဘာ့နိုင်ငံကြီးတွေ၊ အိမ်နီးနားချင်းနိုင်ငံတွေက အရေးယူပေးဖို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကတောင်းဆိုထားပါတယ်။

PrevPreviousမြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို
Nextဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်Next
Previous Post

မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကို နိုင်ငံတကာကအရေးယူပေးဖို့ ရက္ခိုင်အရပ်ဘက်အဖွဲ့အစည်းများဖိုရမ်တောင်းဆို

Next Post

ဒီပဲယင်းမြို့နယ်မှာ ရွေးကောက်ပွဲဆန့်ကျင်ရေးလုပ်ရှားမှုပြုလုပ်

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - ယောအလင်းတန်း

ယောနယ်ကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးဖို့ ကြိုးစားနေ

May 12, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်နဲ့အိန္ဒိယတပ်မတော် ကုလငြိမ်းချမ်းရေးသင်တန်းပေါင်းဖွင့်

May 12, 2026
ဓာတ်ပုံ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

May 11, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

May 11, 2026

ယောနယ်ကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးဖို့ ကြိုးစားနေ

အာဏာသိမ်းစစ်တပ်နဲ့အိန္ဒိယတပ်မတော် ကုလငြိမ်းချမ်းရေးသင်တန်းပေါင်းဖွင့်

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

Releated Post

ဓာတ်ပုံ - ယောအလင်းတန်း

ယောနယ်ကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးဖို့ ကြိုးစားနေ

May 12, 2026
ဓာတ်ပုံ-အာဏာသိမ်းစစ်တပ်

အာဏာသိမ်းစစ်တပ်နဲ့အိန္ဒိယတပ်မတော် ကုလငြိမ်းချမ်းရေးသင်တန်းပေါင်းဖွင့်

May 12, 2026
ဓာတ်ပုံ - ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့

ကော့သောင်းမှာ အာဏာသိမ်းစစ်တပ်လက်ပါးစေ ၃ ဦးကိုဖမ်းဆီးရမိ

May 11, 2026
​ကိုးကား/ဓာတ်ပုံ - Al Jazeera

​အီရန်စစ်ပွဲ ၇၃ ရက်မြောက်နေ့အထိ တင်းမာနေဆဲ

May 11, 2026
​ကိုးကား / ဓာတ်ပုံ - Reuters

​တောင်ကိုရီးယားကုန်တင်သင်္ဘောတိုက်ခိုက်ခံရမှုကို ပြင်းထန်စွာကန့်ကွက်တယ်လို့ ဘလူးဟောက်စ်ထုတ်ပြန်

May 11, 2026
​ဓာတ်ပုံ - ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)

​အာဏာရှင်တော်လှန်ရေးအတွင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ရဲဘော် ၂၆ ဦးကျဆုံး

May 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page