Border News Agency
မဲဆောက်၊ မတ် ၈ ။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ မတ်လ ၈ ရက်၊ ဒီနေ့မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ (International Women’s Day)ကို The Space Youth Learning Centerမှာ ကျင်းပခဲ့ပါတယ်။
အဲဒီမှာအမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုပပျောက်ရေး၊ လုပ်ငန်းခွင်အတွင်းအမျိုးသမီးတွေရဲ့ စွ မ်းဆောင်ရည်မြှင့်တင်ရေး၊ ကျား၊မတန်းတူညီမျှမှုရရှိရေးကို ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီအပြင် နွေဦးတော်လှန်ရေးမှာပါဝင်နေကြတဲ့ အမျိုးသမီးတွေကိုဂုဏ်ပြုပြီး စစ်မြေပြင်အမျိုးသမီးရဲဘော်တွေရဲ့ လိုအပ်ချက်ဖြစ်တဲ့လစဉ်သုံးပစ္စည်း(Pad)တွေရဲ့ အရေးပါမှုအဖြစ်”ထဘီအလံ”လွှင့်ထူကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။



































