Border News Agency
ဖာပွန်၊ ဧပြီ ၂၇။
ကရင်ပြည်၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကော်မရှင်တပ်စခန်းကို ဧပြီလ ၂၅ ရက်၊ နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်ခဲ့တယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)က ထုတ်ပြန်ပါတယ်။
အဲဒီ စခန်းကို KNLA ၊ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူခဲ့တာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ သေဆုံးတာတွေရှိတဲ့အပြင် လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
ကျောက်ကြီးနဲ့ လူသောမြို့နယ်ကြားရှိ နှစ်ပေါင်း ၃၀ ခန့်တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ကဘောတူစခန်းကို တပတ်ခန့်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်လေကြောင်းမှပစ်ကူပေးခုခံခဲ့တဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေသေဆုံးတဲ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အလက် ၂၀နဲ့ ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။










