Border News Agency
နမ့်ဆန်၊ ဧပြီ ၂၉။
တအာင်းပြည်၊ နမ့်ဆန်မြို့နယ်၊ ဇယ်တုန်ဟုန်းအုပ်စု၊ လပိုင်းကျေးရွာမှာ မိုးသက်လေပြင်းတိုက်ခတ်လို့ လူနေအိမ်ဆယ်လုံးပျက်စီးသွားခဲ့ပါတယ်။
လပိုင်းကျေးရွာမှ ဧပြီလ၂၅ ရက် နေ့လည်၂ နာရီကျော်အချိန်မှာ မိုးသက်လေပြင်းတိုက်ခတ်ခဲ့တာကြောင့် နေအိမ်လည်း အမိုးတွေလန်ထွက်ကျတာ နံရံတွေပြိုကျတာနဲ့ နေအိမ်အတွင်းရှိပစ္စည်းတွေပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီပျက်စီးသွားတဲ့ နေအိမ်ဆယ်အိမ်မှာ နှစ်အိမ်ဟာအများဆုံးပျက်စီးသွားသလို အားလုံးစုစုပေါင်းတန်ဖိုး ကျပ်သိန်းပေါင်း တရာကျော် ဆုံးရှုံးသွားခဲ့ရပြီး နွားတကောင်လည်း သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
တအာင်းပြည်ရှိ ပြည်သူလူထုတွေအနေနဲ့ သဘာဝဘေးအန္တရာယ်တွေကိုကာကွယ်နိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုအပ်တယ်လို့ အသိပေးထားပါတယ်။
အဲဒီအပြင်မြေပြိုနိုင်တဲ့ နေရာတွေ၊ လေပြင်းကြောင့် သစ်ပင်ကျိုးလဲနိုင်တဲ့နေရာတွေနဲ့ အန္တရာယ်ရှိနိုင်တဲ့ဒေသတွေကို ကြိုတင်စစ်ဆေးကာ လိုအပ်တဲ့ရှင်းလင်းရေးလုပ်ငန်းတွေကို စနစ်တကျဆောင်ရွက်ဖို့လိုအပ်တဘ်လို့ တိုက်တွန်းထားပါတယ်။











