Border News Agency
အမေရိကန်၊ဇွန် ၁၅။
အမေရိကန်နဲ့အီရန်တို့ကြား ဖြစ်ပွားနေတဲ့ စစ်ပွဲကို အဆုံးသတ်နိုင်မယ့်ငြိမ်းချမ်းရေးစာချုပ် လက်မှတ်ရေးထိုးဖို့ အတော်လေး နီးစပ်နေပြီလို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ဒါပေမယ့် လက်မှတ်ထိုးမယ့် အချိန်နဲ့ ပတ်သက်ပြီးတော့တော့ နှစ်ဖက်အကြား အငြင်းပွားမှုလေးတွေ ဖြစ်ပေါ်နေပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ကြားဝင်ညှိနှိုင်းပေးနေတဲ့ ပါကစ္စတန်ဘက်ကတော့ ဒီနေ့မှာပဲ စာချုပ်ကို လက်မှတ်ထိုးနိုင်မယ်လို့ ပြောဆိုထားပါတယ်။
ဒါပေမယ့် အီရန်နိုင်ငံခြားရေးဌာနကတော့ ဒီနေ့ လက်မှတ်ထိုးမှာ မဟုတ်သေးကြောင်းနဲ့ လာမယ့်ရက်ပိုင်းအတွင်းမှာသာ ဖြစ်နိုင်ခြေရှိကြောင်း ပြန်လည်ငြင်းဆိုထားပါတယ်။
ဒီစာချုပ်မှာ အဓိကအားဖြင့် အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့ထားတာ ရုပ်သိမ်းပေးဖို့၊ လက်ဘနွန်အပါအဝင် စစ်မျက်နှာအားလုံးမှာ တိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့နဲ့ ဟော်မုဇ်ရေလက်ကြားကို အားလုံးအတွက် ပြန်ဖွင့်ပေးဖို့ စတဲ့ အချက် ၁၄ ချက် ပါဝင်မယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေး စကားပြောဆိုမှုတွေ ရှိနေပေမယ့်လည်း လက်ဘနွန်မှာတော့ အစ္စရေးဘက်က လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲပါ။
အစ္စရေးက ဒီစာချုပ်ထဲမှာ ပါဝင်သူမဟုတ်တာကြောင့် လက်ဘနွန်နဲ့ ပတ်သက်တဲ့ စစ်ရေးလှုပ်ရှားမှုတွေကို သူတို့သဘောအတိုင်း ဆက်လုပ်မယ်ဆိုတဲ့ သဘောမျိုး ဖြစ်နေတာပါ။
အဲဒီ ငြိမ်းချမ်းရေးစာချုပ်အတွက် လမ်းစပေါ်နေပေမယ့် မြေပြင်မှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတာကြောင့် အခြေအနေကအထိအခိုက်မခံဘဲ ဖြစ်နေပါတယ်။
အဲဒါကြောင့် ဒီငြိမ်းချမ်းရေးစာချုပ် အောင်မြင်မလားဆိုတာကတော့ လာမယ့်ရက်ပိုင်းမှာပဲ အဖြေပေါ်လာမှာပါဖြစ်ပါတယ်။










