Border News Agency
အိန္ဒိယ၊ဇွန် ၂၅။
အိန္ဒိယနိုင်ငံ၊အရူးနာချာပရာဒက်ရှ်ပြည်နယ်၊ ကီယီပန်ယောခရိုင်မှာ ဇွန်လ ၂၄ ရက်၊မနက်ပိုင်းက မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းပြီးနောက် ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ပါတယ်။
အဲဒီ ဆည်ကျိုးပေါက်မှုကြောင့် ဒေသတွင်းမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ခဲ့ပြီး တောင်ကျချောင်းရေတွေ တဟုန်ထိုး စီးဆင်းလာကာ တောင်ပြို၊မြေပြိုမှုတွေပါ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။
အဲဒီသဘာဝဘေးအန္တရာယ်ကြောင့် ဒေသခံတွေရဲ့လူနေအိမ်ခြေပေါင်း များစွာ ပြိုကျပျက်စီး ဆုံးရှုံးခဲ့ရတဲ့အပြင် ရေစီးနဲ့ မျောပါမှု၊ မြေပိမှုတွေကြောင့် လူအသေအပျောက်နဲ့ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာ အိန္ဒိယအာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဘေးသင့်ဒေသဆီ သွားရောက်ပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်တာနဲ့ အရေးပေါ်ကူညီထောက်ပံ့မှုတွေကို လုပ်ဆောင်နေကြပါတယ်။
အဲဒီ ဆည်ကျိုးပေါက်မှုကြောင့်သေဆုံးသူနဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်စာရင်းကိုတော့ သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့တွေက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။
















