Border News Agency
အီရန်၊ဇူလိုင် ၄။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် မိသားစုဝင်တွေနဲ့အတူသေဆုံးသွားခဲ့တဲ့ အီရန်အဓိပတိ အာယတိုလာ အလီခါမေနီရဲ့ တပတ်ကြာ ဈာပနအခမ်းအနားကို မြို့တော်တီဟီရန်မှာ စတင်ကျင်းပနေပြီး လူဦးရေ သန်းနဲ့ချီ တက်ရောက်နေကြပါတယ်။
အသက် ၈၆ နှစ်အရွယ်ခါမေနီနဲ့အတူ သေဆုံးခဲ့တဲ့ ၃ နှစ်အရွယ် မြေးမလေးအပါအဝင် မိသားစုဝင်တွေရဲ့ ရုပ်အလောင်းတွေကို နိုင်ငံတော်အလံလွှမ်းခြုံကာ အများပြည်သူ ဂါရဝပြုနိုင်ဖို့ ပြသထားပြီး နယ်ဝေးကလာသူတွေ တည်းခိုဖို့ စာသင်ကျောင်း ၅,၀၀၀ ကျော် ဖွင့်လှစ်ပေးထားရပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့ အခမ်းအနားကို နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပြီး ဈာပနအစီအစဉ်ကို ကွန်မြို့နဲ့ အီရတ်နိုင်ငံတို့ဆီ ပင့်ဆောင်ပြီးနောက် ခါမေနီရဲ့ဇာတိ မက်ရှ်ဟတ်မြို့ မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
လေ့လာသူတွေကတော့ ခါမေနီ ကွယ်လွန်သွားပေမယ့် ရာထူးဆက်ခံမယ့် သားဖြစ်သူ မိုဂျတာဘာ ခါမေနီအနေနဲ့ အနောက်နိုင်ငံတွေအပေါ် တင်းမာတဲ့ ပေါ်လစီကိုပဲ ဆက်လက်ကိုင်စွဲသွားမယ်လို့ သုံးသပ်ထားကြပါတယ်။














