Border News Agency
စစ်ကိုင်း၊ ဇူလိုင် ၇။
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်လို့ အရပ်သားတဦးသေဆုံးပြီး ဆယ်ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဖောင်းပြင်မြို့နယ်ကို ဇူလိုင်လ ၆ရက်၊မနေ့က အာဏာသိမ်းစစ်တပ်မှ အရပ်သားတွေနေထိုင်တဲ့နေရာသုံးနေရာကို ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ဆိုကြပါတယ်။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတဦးသေဆုံးခဲ့ပြီး ဆယ်ဦးခန့်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီဒဏ်ရာရသူတွေထဲက ဒဏ်ရာပြင်းထန်သူတွေပါဝင်တာကြောင့် သေဆုံးတာတွေထပ်တိုးလာနိုင်တယ်လို့ ဆိုကြပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စီးပွားရေးလုပ်ငန်းတွေနဲ့ နေ့စဉ်လူနေမှုဘဝတွေထိခိုက်ဆုံးရှုံးတာတွေဖြစ်ပေါ်နေပါတယ်။
ပြည်သူတွေအနေနဲ့လည်း လေကြောင်းအန္တရာယ် သတိပေးချက်တွေကို မပေါ့ဆဘဲ လေကြောင်းရန်ကာကွယ်နိုင်မယ့် ပုန်းခိုကျင်းတွေနဲ့ လုံခြုံရေးအစီအမံတွေကို ကြိုတင်ပြင်ဆင်ထားကြဖို့ အထူးလိုအပ်နေပါတယ်။
















