Border News Agency
တောင်ကုတ်၊ဇူလိုင် ၁၈။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့တောင်ကုတ်မြို့၊ချောင်းကောက်ရပ် ကွက်ရှိ နေအိမ်တလုံးမှာ မူးယစ်ဆေး ဝါးရောင်းချနေသူတဦးကို တရားဥပ ဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာနက မူးယစ်ဆေးဝါးတွေနဲ့ဖမ်းဆီးရမိခဲ့တ ယ်လို့ ဇူလိုင်လ ၁၈ ရက်နေ့ထုတ်ပြန်ပါတယ်။
အဲဒီချောင်းကောက်ရပ်ကွက်၊အောင်မ င်္ဂလာလမ်းရှိအသက်ငါးဆယ်နှစ်နှစ်အ ရွယ်ဦးကျော်ထွန်းရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးတွေရောင်းချနေတာမို့ ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကဒီလပ်တပ်ဖွဲ့ဝင်တွေဝင်ရှာခဲ့တယ်လို့ဆိုပါတယ်။
အဲဒီနေအိမ်ဝါးလုံး၊မြေအိုးနဲ့ပျဉ်ပြားပေါ်မှာ လျှို့ဝှက်သိမ်းဆည်းထားတဲ့ ကာလတန်ဖိုးကျပ်တသိန်းခွဲခန့်ရှိ အိုက်စ် (ICE)လေးထုပ်၊ကျပ်ရှစ်သိန်းခန့်ရှိ အိုက်စ်အထုပ်ကြီးတထုပ်နဲ့ကျပ်နှစ်ဆ ယ်ရှစ်သိန်းကျော်တန်ဖိုးရှိ WY စိတ်ကြွ ဆေးပြား ၈၁၃ ပြား ကိုသိမ်းမိတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဦးကျော်ထွန်းကို ဒီလပ်စခန်းက မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေတတ်တဲ့ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ၁၉(က)နဲ့ အမှုဖွင့်ချုပ်ရမန်ရယူပြီးတရားစွဲဖို့လုပ်နေတယ်လို့ဆိုပါတယ်။














