Border News Agency
ကရင်နီ၊ ဇူလိုင် ၂၁။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ရဲ့ စုဖွဲ့မှုပိုမိုကျစ်လစ်လာစေဖို့နဲ့ စနစ်တကျတပ်ဖွဲ့တည်ဆောက်ရေးအတွက်စစ်ဒေသလေးခုကို ပြန်လည်စုဖွဲ့သွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်က ဇူလိုင်လ ၂၁ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီတပ်ရင်းဟာ အရင်ဖွဲ့စည်းထားခဲ့တဲ့ စစ်ဗျူဟာတွေနဲ့ တပ်ရင်းတွေကို ပြန်လည်စုဖွဲ့ပေါင်းစည်းကာ စစ်ဒေသတွေအဖြစ်ပြောင်းလဲဖွဲ့စည်းတဲ့လုပ်ငန်းတွေစဉ်ကို တဆင့်ချင်းအကောင်ထည်ဖော်ဆောင်ရွက်နေတာပါ။
အဲဒီကရင်နီအမျိုးသားများကာကွယ်ရေးတပ်မှ တပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးအစီအမံတွေကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ စစ်ဒေသ အမှတ် ၁ အယ်လ်ဖာကို ပထမဦးဆုံဖွဲ့စည်းထားခဲ့ပါတယ်။
လက်ရှိ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၄စစ်ဒေသသုံးကိုပါ ဖွဲ့စည်းနိုင်ခဲ့ပြီဖြစ်ကာ ကျန်နေသေးတဲ့စစ်ဒေသတွေကိုလည်း သတ်မှတ်ချက်တွေနဲ့အညီဆက်လက်ဖွဲ့စည်းနေတယ်လို့ ဆိုပါတယ်။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဟာ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးရည်မှန်းချက်တွေကို လူထုလိုလားချက်တွေနဲ့အညီ တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်းကာ ကြိုးပမ်းတိုက်ပွဲဝင်သွားမယ်လို့အသိပေးထားပါတယ်။




















