Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး

အဉ္ဇနပူရရဲ့အတိတ်နဲ့ မနက်ဖြန်တွေကို တွေးတောမိခြင်း

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
20
VIEWS
Share on FacebookShare on Twitter

မောရဇော်ရေးပါသည်။

Border News Agency
အဉ္ဇနပူရ၊ သြဂုတ် ၃။

​ဟိုး… လွန်ခဲ့တဲ့နှစ်တွေက ဇိဝှာဓာတ်ကိန်းရာ ကျိန်းတောင်ကိုတက်ပြီး ဘုရားဖူးခဲ့ဖူးပါတယ်။ တောင်ပေါ်ကကြည့်လိုက်ရင် မြို့ငယ်လေးနဲ့ လေးမြို့မြစ်တို့ လှလှပပစီးဆင်းနေတဲ့ရှုခင်းကို ငေးမောကြည့်နေမိခဲ့တယ်။

အဝေးမှာဖြောင့်စင်းစွာရှိနေတဲ့ ရာမောင်တံတားကတော့မှိုင်ပျပျလေးပါ။

အဲဒီတုန်းက ကျွန်တော်မြင်ခဲ့တဲ့မြင်ကွင်းတွေ ခုဘယ်လိုများရှိနေမလဲ။

မြို့ငယ်လေးကတော့ အမည်သစ်နဲ့ ပြောင်းလဲသစ်လွင်သွားခဲ့ပါပြီ။

​ကုန်လွန်ခဲ့တဲ့နေ့ရက်များစွာဟာ ကျွန်တော်တို့အတွက် သမိုင်းပါပဲ။အတိတ်သမိုင်းတွေကို ပြန်လှန်ကြည့်ရင် အကောင်း၊အဆိုး၊အကြောင်း၊အကျိုး အားလုံး ပါဝင်နေကြပါလိမ့်မယ်။

ကျနော်ကတော့ အတိတ်ကမင်းပြားဆိုတဲ့မြို့ငယ်လေးရဲ့သမိုင်းကြောင်းကို အနည်းငယ်ရှာဖွေကြည့်မိပါတယ်။

​မင်းပြားမြို့ကို ၁၈၆၇ ခုနှစ်မှာ တည်ထောင်ခဲ့တာဆိုတော့ ၂၀၁၇ ခုနှစ်တုန်းက မြို့သက်နှစ် ၁၅၀ တင်းတင်းပြည့်ခဲ့တာပါ။

ခု ၂၀၂၆ ခုနှစ်ဆိုရင်တော့ မင်းပြားဟာ ၁၅၉ နှစ်တောင်ပြည့်ခဲ့ပြီဖြစ်ပါတယ်။

စူလစန္ဒြမင်းကြီးဖောင်နဲ့ တိုင်းခန်းလှည့်စဉ် မြစ်ထဲမှာ ဖောင်တော်တင်သွားတာကြောင့် မင်းကြီးကိုလက်ညှိုးထိုးပြရာကနေ မင်းပြ-ကနေ မင်းပြားဖြစ်လာတာလို့ဆိုကြပါတယ်။

​မင်းပြားဆိုတဲ့ ဝေါဟာရဟာ ဘုရင်ရဲ့ ပြားမြေ(သို့)ရှင်ဘုရင်က ဆည်ဖို့ပေးတဲ့ ပြားမြေ(သို့)ဘုရင့်ပြားကနေ မင်းပြားလို့ခေါ်ဆိုလာတာဖြစ်ကြောင်း သမိုင်းမှတ်တမ်းတွေမှာဆိုထားပါတယ်။

ဘာပဲဖြစ်ဖြစ် မင်းပြားဟာ အဉ္ဇနဒီ (ခေါ်) လေးမြို့ကမ်းမှာရပ်တည်လာခဲ့တာ အိုမင်းမစွန်းတော့တဲ့ အဖိုးအိုတဦးလို သက်တမ်းရှည်လျားခဲ့ပါပြီ။

​မင်းပြားဟာ ရခိုင်ဘုရင်တွေ လက်ထက်ကတည်းက ဗမာမြို့ဝန်တွေခေတ်၊အင်္ဂလိပ်ခေတ်၊ဂျပန်ခေတ်၊လွတ်လပ်ရေးရပြီးနောက်ပိုင်း ခေတ်အဆက်ဆက်အုပ်ချုပ်သူတွေရဲ့ ဒဏ်ရာဒဏ်ချက်များစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ဖူးပါတယ်။

မင်းပြားဟာ မြေဩဇာကောင်းတဲ့ အဉ္ဇနဒီမြစ်ဝှမ်းမှာရှိတာကြောင့် လူမျိုးပေါင်းစုံ နေထိုင်ကြတာပါ။ မြတ်စွာဘုရားရှင်ရဲ့ ဓာတ်မွေတော်တွေ ကိန်းဝပ်ရာဖြစ်တာကြောင့်လည်း စေတီပုထိုးတွေကို နေရာအနှံ့တွေ့နိုင်ပါတယ်။

အထင်ရှားဆုံးကတော့ မြို့ငယ်လေးကို အပေါ်စီးကကြည့်နေတဲ့ ကျိန်းတောင်ပါပဲ။မြတ်စွာဘုရားရှင် နုစဉ်ကာလက ကျီးမင်းအဖြစ် နေထိုင်ကျက်စားခဲ့တာကြောင့် ကျိန်းတောင်လို့ ခေါ်တာလို့ဆိုကြပါတယ်။

​လေးမြို့၊ ရာမောင်စတဲ့အမည်အမျိုးမျိုးခေါ်ကြတဲ့ အဉ္ဇနဒီဟာ မြို့ရဲ့ဘေးကနေကပ်ပြီး စီးဆင်းနေတာပါ။

ဒါပေမယ့်အကောင်းချည်းတော့ မဟုတ်ပါဘူး။ နှစ်စဉ်မြစ်ရေတိုက်စားမှုကြောင့် မြို့ခံပြည်သူတွေခမျာ အတိဒုက္ခရောက်ကြရပါတယ်။

အဉ္ဇနဒီဟာ လှတော့လှပါရဲ့၊ ဒါပေမယ့် တခါတရံမှာ ကြောက်စရာလည်းကောင်းလှပါတယ်။

အဉ္ဇနဆိုတာ”မျက်စဉ်းညိုအဆင်းနဲ့တူတဲ့ ရေရှိတဲ့မြစ်”လို့ အဓိပ္ပာယ်ရပါတယ်။ လေးမြို့မြစ်လို့ခေါ်တာကလည်း လောင်းကြက်၊ပုရိန်၊ခြိတ်၊စပ္ပာဝက်(ပဉ္ဇာ)စတဲ့ ရှေးဟောင်းမြို့တော်ကြီး ၄ မြို့ဟာ မြစ်ရဲ့အနောက်ဘက်မှာရှိနေတာကြောင့် လေးမြို့မြစ်လို့ ခေါ်ကြတာလို့ဆိုပါတယ်။

​ဒါပေမယ့် ခုတော့ကျနော်ဟာ အရင်ကကျိန်းတောင်ပေါ်က ကြည့်ခဲ့တဲ့ခံစားချက်တွေကို အသစ်တဖန်စိတ်ကူးမှန်းဆနေမိပါတယ်။

ဆွေးမြေ့ဟောင်းနွမ်းနွမ်းလျနေပြီဖြစ်တဲ့ မင်းပြားမဟုတ်တော့ဘဲ သစ်လွင်တောက်ပလာတော့မယ့် “အဉ္ဇနပူရ” ဆိုတဲ့ မြို့ငယ်လေးကိုပါ။

အရင်က အဖိုးအိုတဦးလို နှစ်ပေါင်း ၁၆၀ နီးပါးဖြတ်သန်းခဲ့တဲ့ မင်းပြားဟာ ခုဆိုရင်အာရက္ခသမီးတော် ဒေဝီအဉ္ဇနအဖြစ် မွေးဖွားသန့်စင်ခဲ့ပြီပဲဖြစ်ပါတယ်။

ဒေဝီအဉ္ဇနရဲ့ အောင်မြင်ဖွံ့ဖြိုးစွာကြီးထွားလာမယ့် ပုံရိပ်တွေဟာ ကျွန်တော့်ရင်ထဲမှာ အရိပ်ပမာမြင်ယောင်နေမိတယ်။

အဉ္ဇနပူရကို သန့်စင်ဖွားမြင်ခဲ့တာမို့လို့ အဉ္ဇနပူရဟာ ပထမဆုံးကျီးဖြူရွာဇာတ်လမ်းနဲ့မိတ်ဆက်ခွင့်ရတဲ့ အာရက္ခရင်သွေးတွေထဲက တခုအပါအဝင်လည်း ဖြစ်လာခဲ့ပါပြီ။

​ကျီးဖြူဇာတ်လမ်းထဲက မေထွီးယေဆိုတဲ့ ကလေးမလေးကိုပြေးမြင်မိပါတယ်။ သနားကြင်နာတတ်တဲ့၊ရိုးသားပြီး ကိုယ်ချင်းစာတတ်တဲ့ ကလေးမလေးပါ။

အခက်အခဲတွေကို ရင်ဆိုင်ရချိန်မှာလည်း ပြုလုပ်ခဲ့တဲ့အပြစ်အတွက် ဝန်ခံတတ်တာ၊တဦးတည်းဖြစ်ပေမယ့် ရဲရဲဝံ့ဝံ့စွန့်စားတတ်တာ၊နောက်ဆုံးမှာ စိတ် သဘောထားကောင်းတဲ့ မေထွီးယေကို ကျီးဖြူတွေက ရွှေငွေတွေ အများကြီးပေးအပ်ကြပုံတွေကိုရောပေါ့။

ဘဝရဲ့အခက်ခဲဆုံးအချိန်တွေကို ရင်ဆိုင်ဖြတ်သန်းရင်း နောက်ဆုံးအောင်မြင်မှုကို ရရှိပိုင်ဆိုင်သွားခဲ့တဲ့ မေထွီးယေရဲ့စိတ်ဓာတ်တွေကို အရိပ်လိုပဲ မြင်ယောင်မိပါတယ်။

​အဉ္ဇနပူရရဲ့ရင်ခွင်ထဲမှာ ခမ်းနားတဲ့ သူရဲကောင်းတွေနဲ့ သစ္စာဖောက်လို့ စွပ်စွဲခံရသူတွေဟာလည်း ထင်ရှားခဲ့ပါတယ်။

ဗိုလ်ချင်းပြန်ရဲ့တော်လှန်မှုဟာ ဗမာပဒေသရာဇ်ကို ခြိမ်းခြောက်တွန်းလှန်နိုင်ခဲ့ပါတယ်။

အင်္ဂလိပ်ခေတ်မှာချင်းပြန်ရဲ့ ယောက်ဖဒေးဝန်းအောင်ကျော်ရှီ၊ မြို့သူကြီးအောင်ကျော်ဇံ၊ လေးမြို့သူကြီးချစ်စံဝေစတဲ့ သူရဲကောင်းတွေဟာ အင်္ဂလိပ်ဆီက လွတ်လပ်ရေးကို လက်ဖြန့်တောင်းလို့မရတာကြောင့် တော်လှန်ခဲ့ကြတဲ့ သူရဲကောင်းတွေဖြစ်ကြပါတယ်။

ဒါပေမယ့် စိတ်မကောင်းစရာကတော့ မိသားစုနဲ့တပည့်တပန်းတွေထိ တော်လှန်ရေးကိုဦးဆောင်နိုင်ခဲ့ပေမယ့် သမိုင်းစစ်တုရင်ကွက်အရွေ့မှားခဲ့တာကြောင့် ဗမာပဒေသရာဇ်ကို စစ်ကူတောင်းခဲ့သူဦးငသံတွေဟာ သစ္စာဖောက်အဖြစ်စွပ်စွဲခံခဲ့ရတာပါ။

ငသံတွေဟာ ဗိုလ်ချင်းပြန်ရဲ့ဖခင်အရင်းဖြစ်ပေမယ့် သမိုင်းစာမျက်နှာမှာ အမျိုးသားသစ္စာဖောက်ဖြစ်ခဲ့ရတဲ့ သင်ခန်းစာယူစရာတွေကိုလည်း ဝမ်းနည်းစွာ ဆင်ခြင်မိပါတယ်။

​၁၉၄၂ ခုနှစ် ဖက်ဆစ်ဂျပန်တပ်တွေ ရခိုင်ကို ထိုးစစ်ဆင်ချိန်မှာလည်း ဖက်ဆစ်ဆန့်ကျင်ရေးလှုပ်ရှားနေတဲ့ အဉ္ဇနရင်ခွင်က ဦးဖိုးလှ၊ဦးအိုးလှောင်၊ဦးဖိုးအောင်၊ဦးချက်ဖာ အပါအဝင်ခုနှစ်ဦးဟာ ဖက်ဆစ်ဂျပန်တပ်တွေရဲ့ဖမ်းဆီးတာကိုခံခဲ့ရပြီး အိန္ဒိယထောင်ကိုအပို့ခံခဲ့ရပါတယ်။

၁၉၄၆ ခုနှစ် ဧပြီလမှာတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မင်းပြားမြို့ပေါ် ရောက်ရှိလာပြီး မြို့နယ်လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေးအတွက် ဖ.ဆ.ပ.လ အဖွဲ့နဲ့ ပူးပေါင်းပါဝင်ကြဖို့ပြောကြားခဲ့တာပါ။

​အဉ္ဇနပူရဟာ တော်လှန်ရေးနဲ့လွတ်မြောက်ရေးတွေမှာပဲ စွမ်းဆောင်နိုင်ခဲ့တာမဟုတ်ပါဘူး။ နယ်ပယ်အသီးသီးက ထင်ရှားတဲ့ရဟန်းတော်တွေ၊ လူပုဂ္ဂိုလ်များစွာလည်း ရှိခဲ့ပါတယ်။

စာပေ၊အနုပညာနဲ့ ဂီတဘက်မှာ အလွန်ထင်ရှားခဲ့ကြတာကို တွေ့ရပါတယ်။ နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်ခဲ့တဲ့ မြို့သူကြီးအောင်ကျော်ဇံရဲ့ဇနီး စာဆိုမိန္တာဝေဆိုရင် မင်းပြားမြို့ ကြက်သရေရွာသူ ဖြစ်ပါတယ်။

​”ကျိန်းတောင်၊ကျိန်းတောင်၊ရွှေကျိန်းတောင်၊ကျိန်းတောင်တက်လမ်း၊ကြက်ရိုးပင်မှ သဇင်ပန်း၊နှမနမ်းတုံ၊မောင်နမ်းတုံလည်း ရှိလီယင်အဲ”

ကျိန်းတောင်တက်လမ်း ကြက်ရိုးပင်က သဘာဝအတိုင်း ပေါက်ရောက်နေတဲ့ ရခိုင့်သဇင်ပန်းကို ချစ်သူကဦးစွာဆွတ်ခူးပြီးနောက် ဘယ်သူက သဇင်ရနံ့သင်းပျံ့မှုကို ဦးစွာရှူရှိုက်နမ်းရှိုက်ခွင့်ရမလဲဆိုတာကို ဖွဲ့ဆိုထားတာပါ။

မိန်းကလေးကလည်း ချစ်သူမောင်ကို အရင်နမ်းခွင့်ပေးချင်တယ်။ အမျိုးသားကလည်း သူရဲ့ချစ်သူကိုပဲ ဦးစွာနမ်းစေချင်တယ်။

ဒါကြောင့် ချစ်သူနှစ်ဦးဗျာများနေရပုံကို ကျိန်းရိပ်သူပီပီဖွဲ့ဆိုခဲ့တာဟာ လေးစားစရာကောင်းတဲ့ အမျိုးသမီးစာဆိုတဦးဖြစ်ပါတယ်။

​ခေတ်ပေါ်ဂီတတွေ ခေတ်စားလာတဲ့အခါ တေးရေး စန္ဒရားဦးသာထွန်းရဲ့ “အရွယ်”၊ “မေဃဝတီသို့ အလွမ်း”၊ “မင်းပြားမြို့သို့ ဖိတ်ခေါ်ပါသည်”၊ “ရခိုင်သဇင်”၊ “ကမ်းရာမောင်နဲ့ ခါသင်္ကြန်” စတဲ့ ထင်ရှားတဲ့သီချင်းတွေကို သတိရမိပါတယ်။

အဲဒီအထဲမှာ ဦးမောင်သိန်းသီဆိုတဲ့ “အရွယ်” သီချင်းနဲ့ မြတ်ခိုင်ကျော်ရဲ့ “ကမ်းရာမောင်နဲ့ ခါသင်္ကြန်”သီချင်းတွေဟာ ကျွန်တော့်ငယ်ဘဝက အသည်းစွဲကြိုက်ခဲ့ရတဲ့ သီချင်းတွေပါပဲ။

​အဲဒီအပြင် ခိုင်ပြည်ကျော်ရဲ့ “အမိသာခင်းသံ”သီချင်းကိုလည်း အလွန်ကြိုက်ခဲ့ရပါတယ်။

တေးရေးကိုသာတင်(ဥပဒေ)ရဲ့ လက်ရာကောင်းတပုဒ်ပါ။ အမေနဲ့ဝေးကွာနေကြတဲ့ကျနော့်တို့အဖို့ နားထောင်တိုင်း မျက်ရည်ကျရတဲ့ထိခံစားချက်ကို ဖြစ်ပေါ်စေခဲ့ပါတယ်။

ခုအချိန်မှာတော့ ဒီဂီတစာဆိုတွေ သက်ရှိထင်ရှားမရှိကြတော့ပါဘူး။ သူတို့သာ သက်ရှိထင်ရှားရှိနေဦးမယ်ဆိုရင်”အဉ္ဇနပူရ”မြို့သစ်အကြောင်းကို ဘယ်လိုများသီကျူးဖွဲ့ဆိုကြမလဲဆိုတာ သိချင်မိပါတယ်။

​အဲဒီအပြင် “အဉ္ဇနပူရ” မြို့ခံ ဆရာသမားတွေ၊အပေါင်းအသင်း မိတ်ဆွေတွေကိုလည်း သတိရမိပြန်ပါတယ်။

ကျနော်ဟာ”အဉ္ဇနပူရ”ကိုရောက်တိုင်း ညီအစ်ကိုလို ခင်ရတဲ့ပန်းလှအောင်အိမ်မှာ တည်းဖြစ်ပါတယ်။

သူ့အိမ်နောက်က အိမ်လေးမှာအိပ်ဖူးတယ်။ သူ့အမေကြီးချက်ပေးတဲ့ ထမင်းနဲ့ဟင်းတွေကို စားဖူးပါတယ်။အရမ်းလက်ရာကောင်းတဲ့ ဟင်းလျာတွေပါ။

ပြီးတော့ညီအစ်ကိုလိုချစ်ရတဲ့ ဆိုးဖော်ဆိုးဖက် ကဗျာဆရာ ညီငယ်တွေကိုလည်း သတိရမိပါတယ်။ ခုချိန်မှာ သူတို့အားလုံး ဘေးကင်းလုံခြုံပြီး ကျန်းကျန်းမာမာ၊ချမ်းချမ်းသာသာရှိကြပါစေလို့ပဲ ဆုတောင်းပေးနေမိပါတယ်။

​”အဉ္ဇနပူရ”လို့ ပြောလိုက်ရင် သတိုးအောင်နတ်ကိုလည်း ချန်ထားလို့မရပါဘူး။ ငယ်ငယ်က အိပ်ခါနီးရင် သတိုးအောင်နတ်ခြင်းကို အဖေဆိုပြဖူးပါတယ်။

သတိုးအောင်နဲ့ သူ့အဖွား ရာမောင်ရှင်မတို့ရဲ့ သံယောဇဉ်ဟာ အရမ်းဂရုဏာသက်စရာပါ။သတိုးအောင်ကို ကြပ်စင်ကျွန်းမှာ မွေးဖွားပြီး ဖားပြိုကျွန်းမှာ မွေးစားခဲ့တာပါ။

အဖွားဖြစ်သူက လက်ကနေ နို့တိုက်ပြီး မွေးစားခဲ့တာဖြစ်ပါတယ်။သတိုးအောင်ကို အဖွားဖြစ်သူ ရာမောင်ရှင်မက ချော့သိပ်တဲ့အသံတွေဟာ နတ်သာခြင်းဆိုပေမယ့် အဖွားနဲ့မြေး ချစ်ခြင်းကို ဖွဲ့ဆိုထားတဲ့ အရမ်းနူးညံ့တဲ့သာခြင်းလေးပါ။

​”သတိုးအောင်လေ၊နတ်မောင်ယောက်ျားကေသလာလေ၊
ကြပ်စင်ကျွန်းမှာမွေးလို့ဖွားရေ။
သကြားမြီးဖြူ၊ စိတ်လည်းတူ
မယူမြီးချစ်၊ ရွှေကျောင်းတော်မှာ
အလိုလိုက်ကေ၊ ပန်းမုနိ မြအောင်
ဘောင်မချစ်ကေ၊ သတိုးအောင်လေ
နတ်မောင်ယောက်ျား၊ ရွက်အုပ်မြညို
ဖားပြိုကျွန်းမှာ၊ မွေးစပ်ထားရေ။
ကြီးသျှင်တောင်ရာမောင်နတ်ကား၊ ရင်နို့မတိုက်လွမ်းလို့ကြင်ကေ၊ ဘောင်သျှင်မမှာလက်နို့တိုက်တေ။” ဆိုတဲ့ နတ်ခြင်းအပိုင်းအစလေးကိုရေရွတ်နေမိပါတယ်။

​ရှေးဘုရင်တွေဟာ အတိတ်ကောင်း၊နမိတ်ကောင်းတွေနဲ့အတူ မြို့သစ်၊ရွာသစ်တွေကို တည်ဆောက်ခဲ့ကြတယ်။

ခုခေတ်မှာလည်း ဒီနည်းအတိုင်းပဲ ပြည်သူတွေ စည်ပင်သာယာဝပြောဖို့အတွက် မြို့ပြနဲ့အိုးအိမ်တွေကို တည်ဆောက်နေကြတာ ဒီနေ့ထိပါပဲ။

ရခိုင်မြို့တော် စစ်တွေဆိုရင်လည်း သမုဒ္ဒဂိရိကနေ AKYAB ဖြစ်လာခဲ့ပြီး ခုဆိုရင်တော့ စစ်တွေလို့ပဲ ခေါ်ကြတော့တာပါ။ခေတ်အလိုက် အုပ်ချုပ်မှု၊ ဖွံ့ဖြိုးမှုတွေနဲ့အတူ ပြောင်းလဲလာတဲ့ အမည်တွေလို့ပဲ ထင်မိပါတယ်။

​ခု…မင်းပြားမြို့ငယ်လေးဟာလည်း အ တိတ်နှစ်သမိုင်းပေါင်းများစွာကို ရေးထိုးခဲ့ပြီးပါပြီ။ခု…အာရက္ခတို့ရဲ့ သစ်လွ င်တဲ့ မနက်ဖြန်တွေမှာတော့”အဉ္ဇနပူရ” ဟာလည်း”အဉ္ဇနဒီမြစ်ဝှမ်း”က ခေတ်သမိုင်း၊ရတု၊ကဗျာ၊စာပေ၊ဂီတ စတာတွေကို ဆက်မှတ်တမ်းတင်ဖို့ တာဝန်ယူလိုက်ပြီဖြစ်ပါတယ်။

“အဉ္ဇနပူရ” ရဲ့ ဖွံ့ဖြိုးစည်ပင်ပြီး ငြိမ်းချမ်းလွတ်လပ်တဲ့ ပစ္စုပ္ပန်နဲ့အနာဂတ် နေ့ရက်များစွာကို ငေးမောရင်းတွေးတောမိပါတော့တယ်။

​မောရဇော်

​ကိုးကား -​မင်းပြားမြို့နယ်ဖြစ်စဉ်သမိုင်း – ရခိုင်သားကြီးစာပေ။

​မင်းပြားတခွင်ကျိန်းတော်ရှင် – အရှင်စက္ကိန္ဒ၊အရှင်ဝါသဝ။

​ဂိလာနမယ်လိုဒီနဲ့အခြားအက်ဆေးများ – ဇယန္တဗောဓိ (ပန်းအောင်)။

PrevPreviousအီရန်ကိုတိုက်ခိုက်မယ့်အစီအစဉ် ဆိုင်းငံ့ထားဖို့ အမေရိကန်နဲ့ အစ္စရေး သဘောတူ
Nextအာဏာသိမ်းစစ်တပ် တိုက်လေယာဥ်တစီး ပျံနေတုန်းပျက်ကျNext
Previous Post

အီရန်ကိုတိုက်ခိုက်မယ့်အစီအစဉ် ဆိုင်းငံ့ထားဖို့ အမေရိကန်နဲ့ အစ္စရေး သဘောတူ

Next Post

အာဏာသိမ်းစစ်တပ် တိုက်လေယာဥ်တစီး ပျံနေတုန်းပျက်ကျ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင် ရာစော်ကားမှု- ၂

August 7, 2026

လက်နက်ကိုင်တပ်ဖွဲ့ထဲမှ လိင်ပိုင်းဆိုင်ရာစော်ကားမှုများ – ၁

August 5, 2026

တော်လှန်ရေးစိတ္တဇနာမ်နဲ့ အမျိုးသမီးတွေရဲ့ဒဏ်ရာကို ကုစားခြင်း

August 2, 2026

အာရက္ခဒေသက မုဒိမ်းမှုတွေကို ဘယ်လိုကိုင်တွယ်မလဲ

July 31, 2026

ထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

ထိုင်းမှာ ကျောင်းသားတဦး သေနတ်ပစ်ခတ်လို့ သေဆုံးသူ များ

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ထပ်တောင်းဆို

ခင်ဦးမှာ မူးမြစ်ရေဝင်လို့ ရွာအများအပြား ဘေးလွတ်ရာရွှေ့ပြောင်းနေရ

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

Releated Post

ဓာတ်ပုံ - Khaosod

ထိုင်းကျောင်းတွင်းပစ်ခတ်မှုကြောင့် သေဆုံးသူခုနှစ်ဦးရှိလာ

August 7, 2026

မြေပုံမြို့နယ် စညှင်းရွာ ရေကြီးနေ

August 7, 2026

ထိုင်းမှာ ကျောင်းသားတဦး သေနတ်ပစ်ခတ်လို့ သေဆုံးသူ များ

August 7, 2026
ဓာတ်ပုံ - အာဏာသိမ်းစစ်တပ်

ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းလွှတ်ပေးဖို့ အမေရိကန် ထပ်တောင်းဆို

August 7, 2026

ခင်ဦးမှာ မူးမြစ်ရေဝင်လို့ ရွာအများအပြား ဘေးလွတ်ရာရွှေ့ပြောင်းနေရ

August 7, 2026

ပုဏ္ဏားကျွန်းမုဒိမ်းကျင့်လူသတ်မှု တရားခံကိုသေဒဏ်ချ

August 6, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page