Border News Agency
စစ်ကိုင်း၊ သြဂုတ် ၁၃။
စစ်ကိုင်းတိုင်းဒေသကြီး၊ မူးမြစ်ကမ်းတလျှောက်မှာရှိတဲ့ နဘဲလှရွာ၊ ကိုင်းရွာနဲ့ ရွှေအိုးရရွာစတဲ့ အနိမ့်ပိုင်းကျေးရွာအများအပြား သြဂုတ်လ ၁၃ ရက်၊ ဒီနေ့မနက်ကစလို့ ရေဘေးတွေကြုံနေရပြီး အကူအညီတွေလိုအပ်နေပါတယ်။
မူးမြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းကျေးရွာတွေအတွင်း ရေတွေစတင်ဝင်ရောက်နစ်မြုပ်နေတာဖြစ်ပြီး ဒေသခံပြည်သူတွေရေဘေးလွတ်ရာသွားလာရေးအတွက် လှေတွေနဲ့သွားလာနေကြရပါတယ်။
အဲဒါကြောင့် လက်ရှိမှာရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာနဲ့အကူအညီတွေအရေးပေါ် လိုအပ်နေပါတယ်။
အဲဒီအပြင်ရေဘေးသင့်သူတွေထဲက သက်ကြီးရွယ်အိုနဲ့ကလေးတွေအတွက် ဆေးဝါးတွေလည်းအကူအညီလိုအပ်နေတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။














