Border News Agency
နေပြည်တော်၊ ဩဂုတ် ၁၄။
အာဏာသိမ်းစစ်တပ်ရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်နဲ့ မြန်မာနိုင်ငံဆိုင်ရာဗီယက်နမ်သံအမတ်ကြီး Nguyen Anh Duc တို့ ဩဂုတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံကာ နှစ်နိုင်ငံလဝကဆိုင်ရာပေါင်းလုပ်ရေးတွေကို ဆွေးနွေးခဲ့ကြပါတယ်။
နှစ်နိုင်ငံကြားပြည်ဝင်ဗီဇာ၊ နေထိုင်ခွင့်ဆိုင်ရာတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ လဝကလုပ်ငန်းတွေမှာလက်တွဲဖို့ဆွေးနွေးခဲ့ပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံအတွင်း တရားမဝင်ဝင်ရောက်လာပြီးဖမ်းဆီးရမိတဲ့ ဗီယက်နမ်နိုင်ငံသားတွေထဲက ညှိနှိုင်းထားသူတွေကို အရေးယူတာမလုပ်ဘဲ ပြည်နှင်လွှဲပြောင်းပေးခဲ့တာတွေကို ဆွေးနွေးခဲ့ကြပါတယ်။
နောက်ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုတွေနဲ့ဆက်နွှယ်ပြီး အရေးယူခံထားရတဲ့ဗီယက်နမ်နိုင်ငံသားတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဗီယက်နမ်နိုင်ငံသားတွေ မြန်မာနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှလာရောက်ရေးနဲ့ တရားမဝင်ဝင်ရောက်တာတွေမဖြစ်အောင် အသိပညာပေးဖို့လည်းဆွေးနွေးခဲ့ကြတယ်ပါတယ်။










