Border News Agency
မတူပီ၊ ဩဂုတ် ၁၆။
ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ (CDF–KKG) ရဲ့ ဗဟိုကော်မတီဝင်ဖြိုးလွင်ဦး (ခ) ဘဖြိုး၊ တပ်ရင်း ၆ က ရဲဘော် မဲကြီးနဲ့ အပြစ်မဲ့စစ်ရှောင်ပြည်သူတဦးတို့ဟာ ဩဂုတ်လ ၁၂ ရက်နေ့ ညပိုင်းကလုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့အသိပေးထုတ်ပြန်ပါတယ်။
အဲဒီလုပ်ကြံမှုကို စစ်ကျင့်ဝတ်မရှိတဲ့ တော်လှန်ရေးအမည်ခံလူယုတ်မာအချို့က ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့ကြတာဖြစ်ပြီး ဒါဟာအဖွဲ့အစည်းအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကျူးလွန်သူတွေရဲ့ အချက်အလက်တွေကို ဖော်ထုတ်နိုင်ပြီဖြစ်ပြီး ကျန်ရှိနေတဲ့စုံစမ်းစစ်ဆေးမှုတွေပြီးရင် လိုအပ်တဲ့အသိပေးချက်တွေကို ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အဲဒီအပြင်ထွက်ပြေးလွတ်မြောက်နေတဲ့ကျူးလွန်သူတွေကို ခိုလှုံခွင့်ပြုသူနဲ့ပံ့ပိုးကူညီသူတွေအားလုံးကိုလည်း ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့ သတိပေးထားပါတယ်။
မတရားသတ်ဖြတ်ခံခဲ့ရသူတွေအတွက် တရားမျှတမှုရရှိရေးနဲ့ အမှုမှန်ပေါ်ပေါက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။










