Border News Agency
မိုးမိတ်၊သြဂုတ် ၁၇။
ရှမ်းပြည်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်ကလမ်းပိုင်းနှစ်ခုကို ယာယီပိတ်လိုက်ပြီဖြစ်ကြောင်း သြဂုတ်လ ၁၅ ရက်နေ့ KIA အမှတ် ၃၄ တပ်ရင်းထုတ်ပြန်ပါတယ်။
အဲဒီမိုးမိတ်- မန်တုံလမ်းနဲ့ မိုမိတ်-မြစ်ဆုံလမ်းကို ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး ယာယီပိတ်ထားတာပါ။
အဲဒီမိုးမိတ်မြို့နယ်၊ ညောင်နီရွာအနီးမှာ အာဏာသိမ်းစစ်တပ်နဲ့ KIA၊ KPDF ပူးပေါင်းတပ်တွေကြား ဩဂုတ်လ ၁၁ ရ က်နေ့ကစပြီး တိုက်ပွဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ဒေသခံတွေနဲ့ခရီးသွားပြည်သူတွေအန္တရာယ်ရှိတာမို့ ယာယီပိတ်ထားတာဖြစ်ပြီး အရေးတကြီးဖြတ်သန်းသွားလာဖို့လိုအပ်သူတွေဟာ KIA ဆီ တင်ပြခွင့်ပြုချက်ရမှသွားလာကြဖို့ သတိပေးထားပါတယ်။
အဲဒီတားမြစ်တာကိုလိုက်နာခြင်းမရှိဘဲ ဖြတ်သန်းသွားလာရင်ဖြစ်လာတဲ့ပြဿနာတွေကို KIA လုံးဝတာဝန်ယူမှာမဟုတ်ဘူးလို့ ဆိုပါတယ်။










