Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး နိုင်ငံရေး မောင်တောခရိုင် မောင်တောမြို့နယ် အာရက္ခဒေသ

ICJ အပြီးသတ်စီရင်ချက်အလွန် ဘာဖြစ်လာမလဲ

Author picture

By

Swe Zin Htike
Reading Time: 2 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

​Border News Agency
မောင်တော၊ သြဂုတ် ၂၅။

​ဂမ်ဘီယာက မြန်မာကိုစွဲဆိုထားတဲ့ ICJ အမှုနဲ့ပတ်သက်လို့ ဥပဒေရေးရာကျွမ်းကျင်သူတွေဟာ အမိန့်ထဲမှာဘာတွေပါမယ်ဆိုတာကို အတိအကျခန့်မှန်းဖို့မလွယ်ကူပေမယ့် အပြီးသတ်စီရင်ချက်ဟာ ၂၀၂၆ ခုနှစ်မကုန်ခင်မှာထွက်လာနိုင်တယ်လို့ ဆောင်းပါးရှင် နာဆာအူဒင်(Nasar Uddin)က The Daily Star သတင်းစာမှာ သူ့အမြင်ကိုသုံးသပ်ထားပါတယ်။

​၂၀၂၆ ခုနှစ်အစောပိုင်း ဇန်နဝါရီလတုန်းက သည်ဟိဂ်မှာ ရက်သတ္တပတ်သုံးပတ်ကြာ ကြားနာမှုအပြီး ICJ ရဲ့ စီရင်ချက်ထွက်လာချိန်တဖြည်းဖြည်း နီးကပ်လာပါပြီ။

အဲဒီ​ဇန်နဝါရီလကြားနာမှုမှာ သက်သေအထောက်အထားတွေ၊ ကျွမ်းကျင်သူပညာရှင်တွေရဲ့ အမြင်တွေ၊ အစုအပြုံလိုက်သတ်ဖြတ်မှုက လွတ်မြောက်လာသူတွေရဲ့ သက်သေခံချက်တွေ၊ စနစ်တကျ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ၊ လူနေရပ်ရွာတွေကိုဖျက်ဆီးတာတွေနဲ့ ဒေသတွင်း လူဦးရေအပြောင်းအလဲဖြစ်သွားအောင် လုပ်တာတွေကိုပြန်ပြီးသုံးသပ်ခဲ့ပါတယ်။

​ICJ ရဲ့ ကြားဖြတ်အမိန့်ဟာ မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေအပေါ် တရားဝင်လွှမ်းမိုးမှုရှိပေမယ့် ထိခိုက်နစ်နာခဲ့တဲ့ ရိုဟင်ဂျာတွေဘက်ကကြည့်ရင် တော်တော်ကြီးကိုနောက်ကျနေခဲ့ပြီ။

​မြေပြင်ပေါ်မှာ ဒီကြားဖြတ်အမိန့်ကို အရှိန်တင်အကောင်အထည်ဖော်ဖို့ ပြင်လာခါနီးမှာ မြန်မာစစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

​ရခိုင်ဒေသဟာလည်း ၂၀၁၇ ခုနှစ်တုန်းကလို အကြမ်းဖက်မှုတွေထပ်ဖြစ်လာတဲ့နေရာကို ပြန်ရောက်သွားပါတယ်။

​၂၀၂၆ ခုနှစ်မှာ ကုလအချက်အလက်စုံစမ်းရေးယန္တရားတွေက မြန်မာစစ်တပ်ဟာ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်ပြီး အကြမ်းဖက်နေတယ်လို့ဆိုပါတယ်။

အဲ​ဒါဟာ လူ့အခွင့်အရေးချိုးဖောက်တာတွေကြောင့် တိုက်ရိုက်ထိခိုက်နစ်နာသူ မဟုတ်တဲ့ ဂမ်ဘီယာရဲ့ တရားစွဲဆိုမှုကိုကိုင်တွယ်နေချိန်မှာ ဖြစ်ပျက်နေခဲ့တာပါ။

​လူ့အခွင့်အရေးအဖွဲ့တွေက ရခိုင်ဒေသမှာကျန်ရှိခဲ့တဲ့ ရိုဟင်ဂျာတွေအပေါ် ထပ်ပြီး အခွင့်အရေး ချိုးဖောက်တာတွေရှိနေတယ်လို့ဆိုပါတယ်။

​စစ်တပ်ကအာဏာသိမ်းပြီးနောက်မှာ အခြေအနေတွေဆိုးခဲ့ပြီး ပြီးခဲ့တဲ့လေးနှစ်ကာလမှာ ကျူးလွန်ခဲ့တာတွေအပါအဝင် တာဝန်ခံမှုလည်းပျောက်နေပါတယ်။

​ဥပဒေပိုင်းဆိုင်ရာအနိုင်ရမှုနဲ့ ပကတိအရှိတရားကြားမြေပြင်မှာ အမိန့်ကိုအကောင်အထည်ဖော်နိုင်မလားဆိုတာက အမှုရဲ့အကျပ်အတည်းတခုလို့ ဆောင်းပါးရှင်နာဆာအူဒင်ကဆိုပါတယ်။

​ကမ္ဘာကြီးရဲ့ အမြင့်ဆုံးတရားရုံးကနေ ကနဦးကြားဖြတ်အမိန့်ထွက်လာခဲ့ပေမယ့်ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခဲ့ပါဘူး။

မြန်မာစစ်တပ်က လက်နက်မဖြုတ်ခဲ့ပါဘူး။ ဒီမိုကရေစီကိုပြန်ပြီး မတည်ဆောက်နိုင်ခဲ့ပါဘူး။နိုင်ငံမဲ့ဖြစ်နေတဲ့သူတွေအတွက် နိုင်ငံသားအခွင့်အရေးကို အာမခံချက်မပေးနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

​မြန်မာစစ်တပ်က ICJ အမိန့်နဲ့ပတ်သက်လို့ မသက်မသာပုံစံနဲ့ လေးစားမှုကိုပြထားတာရှိပေမယ့် ဒါဟာ သူရဲ့နယ်မြေအတွင်း ICJ အမိန့်ကို အပြည့်အဝအကောင်အထည်ဖော်မယ်လို့ မှတ်ယူလို့ မရပါဘူး။

​အဲဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး လေ့လာစောင့်ကြည့်သူတွေက ICJ ကို ပြန်စောဒကတက်တဲ့အစီရင်ခံစာမျိုးကသာ မြေပြင်မှာ အမှန်အကန်ပြောင်းလဲနေတဲ့ သက်သေအထောက်အထားတွေထက် ပိုပြီးထိရောက်မှာပါ။

​ဥပဒေရေးရာပညာရှင်တွေက ICJ အမိန့်ဟာ ရိုဟင်ဂျာတွေနေရပ်ပြန်ရေးနဲ့ အသိအမှတ်
ပြုခံရရေးအတွက် ကျောထောက်နောက်ခံဖြစ်လာနိုင်သလို စိန်ခေါ်မှုတွေ၊အခက်အခဲတွေရှိနေရင်တောင် မြန်မာနိုင်ငံအတွင်း အုပ်ချုပ်နေသူတွေအားလုံးကို အာဏာသက်ရောက်လာမယ်လို့ဆိုပါတယ်။

​ဘာကြောင့်လဲဆိုတော့ ဒီအမှုဟာ ICJ အနေနဲ့ နိုင်ငံတကာဥပဒေတွေနဲ့ ကမ္ဘာ့တရားစီရင်ရေးစနစ်အောက်မှာ လူ့အခွင့်အရေးစံနှုန်းတွေကို ဘယ်လိုအကောင်အထည်ဖော်မလဲဆိုတဲ့ အချက်ကို နမူနာပြရမှာ ဖြစ်လို့ပါ။

​ဂမ်ဘီယာ-မြန်မာအမှုဟာ ဂျီနိုဆိုက်နဲ့တရားစွဲထားတဲ့ တောင်အာဖရိက-အစ္စရေးအမှုနဲ့ ယူကရိန်-ရုရှားအမှုတွေကိုလည်း သက်ရောက်သွားတဲ့အခြေအနေဖြစ်နေပါတယ်။

​ဂမ်ဘီယာ-မြန်မာအမှုဟာ ဂျီနိုဆိုက်ကို သက်သေအထောက်အထားတွေနဲ့ ဖော်ပြချက်လောက်သာ မဟုတ်ဘဲ ကမ္ဘာကြီးထဲကအင်အားကြီးနိုင်ငံတွေ (ဗီတိုပါဝါနိုင်ငံတွေ) ရဲ့ အကျိုးစီးပွားနဲ့ ဂျီနိုဆိုက်ကို အသိအမှတ်ပြုမှုကြားက ချိန်သားကိုက်နေတာလည်း ရှိနေပါတယ်။

​လူ့အခွင့်အရေးအဖွဲ့တွေ၊ အဝေးရောက်တက်ကြွလှုပ်ရှားသူတွေရဲ့ ဆောင်ရွက်ချက်တွေက ရိုဟင်ဂျာအရေးဟာ ထိခိုက်လွယ်တဲ့ကိစ္စလို့ လူထုရဲ့ အမြင်မှာပေါ်လွင်သွားစေပါတယ်။

​အဲဒါဟာ ဒီမိုကရေစီစနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ ခိုင်မာတဲ့နိုင်ငံရေးဖိအားကို ရောက်သွားပါတယ်။

အဲ​ဒီအချက်က မြန်မာစစ်တပ်အပေါ် ပထဝီဝင်နိုင်ငံရေးအရ ဖိအားဖြစ်စေပြီး မြန်မာနဲ့စစ်ရေး၊စီးပွားရေး၊မဟာဗျူဟာအရ အကျိုးစီးပွားရှိနေတဲ့ နိုင်ငံတွေကို မြန်မာအပေါ် ဖိအားပေးဖို့ထိလှုပ်ခတ်သွားစေနိုင်တယ်လို့ ဆောင်းပါးရှင်နာဆာအူဒင်ကဆိုပါတယ်။

​ဒါပေမယ့် ပထဝီဝင်နိုင်ငံရေးထဲက အရှိတရားကိုလည်း ဆောင်းပါးရှင်က ဆက်ထောက်ပြပါတယ်။

​မြန်မာအပေါ် ဖိအားပေးဖို့ နိုင်ငံတချို့ငြင်းပယ်တဲ့မူဝါဒနဲ့ ဘာမှမပြောဘဲ တိတ်ဆိတ်နေတဲ့မူဝါဒမျိုးတွေ ရှိနေနိုင်ပြီး ကမ္ဘာ့တရားစီရင်ရေးစနစ်နဲ့ ကတိကဝတ်တွေအပေါ် စိတ်ပျက်စရာတွေလည်း ရှိနေနိုင်တယ်လို့ဆိုပါတယ်။

​ရိုဟင်ဂျာတွေအတွက်တော့ ဥပဒေကြောင်းအရ သမိုင်းဝင်အောင်ပွဲဖြစ်ပေမယ့် ဒါကိုကမ္ဘာကဘယ်လောက် အရေးစိုက်မလဲဆိုတာကလည်း ခုချိန်မှာအဖြေမရနိုင်တဲ့မေးခွန်းအဖြစ် ရှိနေဆဲပါ။

​မြန်မာဟာလက်ရှိ အခြေအနေမှာ ၂၀၁၉ ခုနှစ်တုန်းက မြန်မာ မဟုတ်တော့ပါဘူး။

​ပြည်တွင်းစစ်တောက်လောင်နေခဲ့ပြီ။

​ရခိုင်ပြည်ထဲမှာလည်း လက်နက်ကိုင်အဖွဲ့တွေတိုက်ခိုက်နေပြီး ရိုဟင်ဂျာတွေအပေါ်မှာလည်း ထိခိုက်အောင် လုပ်နေပါတယ်။

ဒါပေမယ့် ဂျီနိုဆိုက်ဆိုတဲ့စကားလုံးကိုမသုံးဘဲ (မြန်မာစစ်တပ်နဲ့ လက်နက်ကိုင်တွေရဲ့ ချိုးဖောက်မှုတွေကို) ရောထွေးလိုက်တဲ့ ယေဘုယျဆန်တဲ့ စီရင်ချက်မျိုးလည်း ထွက်လာနိုင်တယ်လို့ ဆောင်းပါးရှင်ကဆိုပါတယ်။

​ICJ အမိန့်ဟာ ချက်ချင်းအကောင်အထည်ဖော်ဖို့အတွက် နှေးကွေးလေးလံနေနိုင်ပေမယ့် ဒီအမိန့်ကို ငြင်းဆန်ပယ်ချဖို့က ပိုလို့မဖြစ်နိုင်ပါဘူး။

​ICJ အမိန့်အပေါ် ပြဿနာတွေ ချက်ချင်းပြေလည်သွားမယ်လို့လည်း မမြင်သင့်သလို အ
ရေးမပါဘူးလို့လည်း ပိုလို့မတွေးသင့်ပါဘူး။

​အဲဒါဟာ အင်မတန်ရှည်တဲ့ ဇာတ်လမ်းတပုဒ်မှာ အခန်းတခန်းပြီးဆုံးသွားတဲ့ သဘောပါ။

​သည်ဟိဂ်ရဲ့ တရားရုံးနန်းတော် အခန်းထဲမှာဆုံးဖြတ်ခဲ့ပေမယ့် သက်ရောက်မှုကတော့ ဘင်္ဂလားဒေ့ရှ်ကဒုက္ခသည်စခန်းတွေ၊ရခိုင်ဒေသက အုပ်စုမျိုးစုံရဲ့ စစ်ဘက်ဆိုင်ရာတွေကိုရိုက်ခတ်သက်ရောက်သွားမှာပါ။

​ဆောင်းပါးရှင်နာဆာ အူဒင်ကတော့ ICJ အမိန့်နဲ့ ပတ်သက်ပြီး စိတ်ပျက်စရာနဲ့ မျှော်လင့်ချက်တွေကြား ပြိုလဲမသွားဖို့နဲ့ဆက်ပြီး ပန်းတိုင်ရောက်အောင် ရင်ဆိုင်ကျော်ဖြတ်ဖို့ကိုလည်း သတိပေးထားပါတယ်။

​အမိန့်စီရင်ချက်တခုကမှားနေရင်တောင် ခိုင်မာတဲ့နိုင်ငံရေးစိတ်ဆန္ဒသာရှိရင် အဲဒီအမိန့်ကို ပြင်ဆင်ဖို့ စတင်လို့ရတယ်လို့ သူကဆိုထားပါတယ်။

မူရင်း…

https://www.thedailystar.net/slow-reads/geopolitical-insights/news/rohingya-genocide-will-the-icj-verdict-bring-justice-4255851
PrevPreviousရသေ့တောင်မှာနွားတွေဆက်တိုက်သေဆုံးနေမှု အာရက္ခပြည်သူ့ကျန်းမာရေးဌာနစစ်ဆေးနေ
Previous Post

ရသေ့တောင်မှာနွားတွေဆက်တိုက်သေဆုံးနေမှု အာရက္ခပြည်သူ့ကျန်းမာရေးဌာနစစ်ဆေးနေ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ရသေ့တောင်မှာနွားတွေဆက်တိုက်သေဆုံးနေမှု အာရက္ခပြည်သူ့ကျန်းမာရေးဌာနစစ်ဆေးနေ

August 25, 2026

ထိုင်း-မြန်မာနယ်စပ်မှာစိတ်ကြွဆေးပြားခြောက်သိန်းနဲ့ လူနှစ်ဦးအလောင်းတွေ့

August 25, 2026
ဓာတ်ပုံ-APM

မောင်တောမှာအကြမ်းဖက်သမားတွေပစ်ခတ်လို့ အရပ်သားတဦးဒဏ်ရာရ

August 25, 2026
(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

Releated Post

(ဓာတ်ပုံ - တရားဥပဒေစိုးမိုးရေးနဲ့ပြည်သူ့လုံခြုံရေးဌာန(ဒီလပ်)ချုပ် ဦးအောင်သာဝင်းသိမ်းယူထားတဲ့မြေပုံမြို့နယ်မှ ပုစွန်တာ/BNA)

အများပြည်သူအကျိုးပြုစီမံကိန်းတွေအတွက် မြေယာတွေကို အာရက္ခအစိုးရပြန်ယူနိုင်

August 24, 2026

အာရက္ခမြေယာပြဿနာတွေဖြေရှင်းဖို့ စီမံခန့်ခွဲမှုကော်မတီတွေတိုးဖွဲ့

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

ဗဟန်းမှာ ငွေကျပ်သိန်း ၅,၇၀၀ တန်ဖိုးရှိ စိတ်ကြွဆေးတွေနဲ့ လူတဦးဖမ်းမိ

August 24, 2026
ဓာတ်ပုံ - APM

မောင်တောမြို့ပေါ်မှာ အာရက္ခတပ်တော်လုံခြုံရေးဆောင်ရွက်နေ

August 24, 2026

လူမှုတရားမျှတရေး ပဋိပက္ခတွေဖြစ်လာနိုင်တဲ့ အာရက္ခမြေယာမူဝါဒ

August 24, 2026
ဓာတ်ပုံ - မူးယစ်တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့

မန္တလေးမှာ ငွေကျပ်သိန်းကိုးထောင်ကျော်တန် မူးယစ်ဆေးဝါးတွေနဲ့ တရားခံငါးဦးဖမ်းမိ

August 24, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page