Border News Agency
ထိုင်း၊ဩဂုတ် ၂၉။
ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်၊ ကထုန့်ဘဲင်မြို့နယ်မှာ အလုပ်သွားနေတဲ့ မြန်မာလုပ်သားတဦး ဩဂုတ်လ ၂၈ ရက်၊ မနက်ပိုင်းက ကားတိုက်ခံရပြီးသေဆုံးသွားခဲ့ပါတယ်။
အဲဒီရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်မှ ထိုင်းနိုင်ငံ၊ စမွတ်ဆာခွန်ခရိုင်ရှိ သစ်သားပြားစက်ရုံမှာ အလုပ်လုပ်နေသူ အသက် ၂၇ နှစ်အရွယ်ကိုဝင်းကျော်သေဆုံးသွားခဲ့တာပါ။
သူဟာ ဩဂုတ်လ ၂၈ ရက်၊မနက် ၇ နာရီခွဲအချိန်ခန့်က စက်ဘီးနဲ့အလုပ်သွားနေချိန် ထိုင်းကားတစီးကဝင်ရောက်တိုက်မိခဲ့တာဖြစ်ပါတယ်။
အဲဒီယာဉ်တိုက်မှုကြောင့် ကိုဝင်းကျော်မှာ ပြင်းထန်ဒဏ်ရာတွေရရှိကာ အခင်းဖြစ်နေရာမှာတင် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
အဲဲဒီယာဉ်တိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ AAC မဟာမိတ်အဖွဲ့က ထိုင်းဥပဒေနဲ့အညီ တရားဥပဒေကြောင်းအရ လိုက်ပါကူညီဆောင်ရွက်ပေးနေ ပါတယ်။












