Border News Agency
မူး၊ စက်တင်ဘာလ ၁၃။
ပဲခူးတိုင်း၊မူးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ ကလေးတဦးအပါအဝင် ခြောက်ဦးသေဆုံးသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ စက်တင်ဘာလ ၁၃ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
မူးမြို့နယ်၊ဘုတ်ဆုတ်ခင်ကျေးရွာကို စက်တင်ဘာလ ၅ ရက်နေ့က တံခွန်တိုင်မှာတပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်မှ ဒရုန်းနဲ့နှစ်ကြိမ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီလိုတိုက်ခဲ့တာကြောင့် ဘုတ်ဆုတ်ခင်ကျေးရွာမှ ကလေးတဦးအပါအဝင် အရပ်သားခြောက်ဦးသေဆုံးသွားခဲ့ပြီး ရှစ်ဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူနေထိုင်ရာတွေကို လေယာဉ်၊ ဒရုန်းနဲ့လက်နက်ကြီးတွေနဲ့ နေ့စဉ်ပစ်ခတ်တိုက်ခိုက်နေပြီး အရပ်သားပြည်သူတွေကိုလည်း ဖမ်းဆီးသတ်ဖြတ်နေတာကြောင့် အရပ်သားပြည်သူတွေသေဆုံးဒဏ်ရာရနေကြပါတယ်။















