Border News Agency
ကျိန္တလီ၊ စက်တင်ဘာ ၂၆။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်၊ကျိန္တလီမြို့နဲ့ရေကျော်ရွာကို အာဏာသိမ်းစစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားသုံးဦးဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျိန္တလီမြို့၊အမှတ် ၂ ရပ်ကွက်မှအသက်လေးဆယ်တနှစ်အရွယ် ဒေါ်ခင်သီတာစန်း၊ အသက်လေးဆယ်ခုနှစ်နှစ်အရွယ်ဦးမိုးလွင်နဲ့ အသက်ခုနှစ်ဆယ်လေးနှစ်အရွယ် ဒေါ်မြင့်မြင့်ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီအပြင်ဂွမြို့နယ်၊ ရေကျော်ရွာဘုန်းကြီးကျောင်းကို စက်တင်ဘာလ ၂၆ ရက်၊ ဒီနေ့ မနက် ၁ နာရီ ၂ မိနစ်အချိန်ခန့်က အာဏာသိမ်းတပ်ကပေါင်၅၀၀ ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းတခုလုံးမီးလောင်ပျက်စီးသွားပြီး လူနေအိမ်ဆယ့်တဆောင်မီးလောင်ပျက်စီးသွားသလို နွားနှစ်ကောင်လည်း သေဆုံးသွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ အရပ်သားနေထိုင်ရာတွေကိုပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အာရက္ခပြည်သူတွေ သေဆုံး၊ဒဏ်ရာရမှုနဲ့ နေအိမ်အဆောက်အအုံတွေ ပျက်စီးဆုံးရှုံးမှုမြင့်တက်နေပြီး ပြည်သူတွေအနေနဲ့ လေကြောင်းအန္တရာယ်ကို သတိထားကြဖို့အာရက္ခတပ်တော်ကသတိပေးထားပါတယ်။










