Border News Agency
ထိုင်း၊အောက်တိုဘာ ၁၂။
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလပူရီမြို့နယ်မှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမားဆယ့်လေးဦးကို ထိုင်းအာဏာပိုင်တွေက အောက်တိုဘာလ ၁၁ ရက်၊ ညနေပိုင်းမှာ ဖမ်းဆီးလိုက်ပါတယ်။
အဲဒီအလုပ်သမားတွေဟာ တောစပ်မှာခရီးဆောင်အိတ်တွေနဲ့အတူပုန်းအောင်းနေစဉ် အာဏာပိုင်တွေရဲ့ ကင်းလှည့်စစ်ဆေးမှုစဉ်တွေ့ရှိခဲ့တာဖြစ်ပြီး အထောက်အထားမပါရှိတဲ့အတွက်ဖမ်းဆီးခဲ့တာပါ။
အဲဒီအပြင်အလုပ်သမားတွေကို လာကြိုတဲ့မော်တော်ယာဉ်နှစ်စီးကတော့ အာဏာပိုင်တွေကိုတွေ့တာနဲ့ အမှောင်ထုထဲမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
အဲဒီဖမ်းဆီးခံရသူတွေကို စံခလပူရီမြို့နယ်ရဲစခန်းသို့ လွှဲပြောင်းပေးအပ်ထားပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်နေပါတယ်။












