Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး မြောက်ဦးခရိုင် မြောက်ဦးမြို့နယ် အာရက္ခဒေသ

ပါတီ၊လမ်းစဉ်နဲ့ “ဇဒါနော့ဖ်ဖော်မြူလာ”

Author picture

By

Saw Shin Nyo
Reading Time: 3 mins read
0
A A
0
SHARES
0
VIEWS
Share on FacebookShare on Twitter

Border News Agency

မြောက်ဦး၊အောက်တိုဘာ ၁၄။

​စတာလင်တို့ရဲ့ လူမှုဒုက္ခကိုကုစားဖို့ရည်ရွယ်ခဲ့တဲ့ “ဆိုရှယ်လစ်လက်တွေ့ဝါဒ” (Socialist Realism) ဟာ ရှိနေပြီးသားလူမှုဒုက္ခကိုမပျောက်တဲ့အပြင် ထပ်လို့သာပိုဆိုးလာပါတော့တယ်။

ဘယ်လိုပဲဆိုးဝါးနေပါစေ။ အာဏာရှိနေတဲ့စတာလင်တို့လို လူတွေအနားမှာကကပ်ပါးခို အဆီစုတ်ယူချင်တဲ့၊အာဏာအရသာကိုငမ်းဖမ်းသွားတဲ့သူတွေကြောင့် ကိုယ်ကျိုးရှာလူပုဂ္ဂိုလ်ကို ကိုးကွယ်တဲ့ယဉ်ကျေးမှု (Cult of Personality)က ထွန်းကားလာပါတော့တယ်။

အဲဒီလိုအာဏာနဲ့လုပ်ပိုင်ခွင့် နည်းနည်းရရင်တောင် လူထုကိုအစွယ်ဖြဲပြချင်ကြတဲ့အုပ်စုတွေကပဲ”အငတ်ဘေးဆို က်တာပါတီ၊လမ်းစဉ်နဲ့ဦးဆောင်သူတွေကြောင့်မဟုတ်ပါဘူး။စားစရာမရှိလို့ ငတ်တာသာဖြစ်တယ်ဆိုတာမျိုး၊ ဘယ်လိုပဲဆိုဆို ဒါဟာမြင့်မြတ်လှတဲ့တော်လှန်ရေးရဲ့ရွေးနှုတ်တော်မှုခြင်း (Revolutionary Optimism)သာ ဖြစ်တယ် ဆိုတာမျိုး၊ဘယ်လိုပဲဆိုဆို တော်လှန်ရေးသည်မှားနေရင်လည်း အမှန်ဖြစ်တယ်ဆိုတာမျိုး၊ ဒါကြောင့် ဦးဆောင်သူတွေ၊အာဏာရှိတဲ့သူတွေကို ဘယ်လိုပဲဖြစ်ဖြစ် အတင်းအကျပ်အကောင်းမြင်ရမယ်ဆိုတာမျိုးတွေ ဖြစ်လာတာပါ။

​သူတို့ရဲ့လူထုကိုဖိနှိပ်တဲ့အကြောင်းပြချက်ထဲမှာ တော်လှန်ရေးကိုသစ္စာဖောက်လို့မရဘူးဆိုတဲ့ အချက်လည်းပါပါတယ်။

လက်တွေ့ဘဝမှာလူထုဟာ ဆင်းရဲဒုက္ခနဲ့ငတ်ပြတ်မှုတွေကို အလူးအလဲခံစားနေရပါစေ။ဒါတွေကို ဖော်ပြရင်တော်လှန်ရေးပုံရိပ်ပျက်ပါတယ်။တော်လှန်ရေးကို အယုံအကြည့်မဲ့စေပါတယ်။

အဲဒီလို မင်္ဂလာမရှိတဲ့၊ခေါင်းဆောင်ကြီးတွေရဲ ရွှေစိတ်တော်ကို ညိုးစေတဲ့၊အချက်အလက်တွေကို မဖော်ပြနဲ့၊အလုပ်သမားနဲ့လယ်သမားတွေဟာအမြဲတမ်းပြုံးရွှင်လို့၊ကျန်းမာသန်စွမ်းနေလို့ တော်လှန်းရေးနဲ့ စနစ်ကြီးကို မဟာစံပြကျေးဇူးတော်ကြီးတင်မှုပုံရိပ် Idealized Representation အဖြစ်ပဲ ဖော်ပြရပါမယ်။

​သူတို့ရဲ့ပါတီဟာ အနာဂတ်ကွန်မြူနစ်အိပ်မက်(Great Dream)ကြီးကို မဟာ ရှယ်ပလင်လမ်းစဉ်နဲ့ဆိုရှယ်လစ်ဝါဒကို တည်ဆောက်နေတာဖြစ်ပါတယ်။

အဲဒီအိပ်မက်ကြီးအောင်မြင်ဖို့အတွက် လူထုအားလုံးမှာ တာဝန်ရှိပါတယ်။အဲဒါဟာ(Partisan Requirement)လည်းဖြစ်ပါတယ်။

လူထုဟာ မိမိကိုယ်ကိုနိုင်ငံရေးတာဝန်ဝတ္တရားအဖြစ်ခံယူစေရပြီး ပါတီ၊လမ်းစဉ်နဲ့အနာဂတ်ကွန်မြူနစ်အိပ်မက် (Great Dream)ကြီး လျှမ်းလျှမ်းတောက်အောင်မြင်ဖို့အတွက် ပေးဆပ်ရပါမယ်။ပေးဆပ်မှုအပေါ် ဘာဝေဖန်စစ် ကြောခွင့်မှမရှိစေရဘူးဆိုတဲ့ ကြောက်ခမန်းလိလိလုပ်ပုံကိုင်ပုံကြီးဟာ ပေါ် ထွက်လာပါတော့တယ်။

​ဖွံ့ဖြိုးတိုးတက်မြင့်မားတဲ့၊လွတ်လပ်ပျော်ရွှင်တဲ့ဆိုရှယ်လစ်လူ့အဖွဲ့အစည်းဖြစ်စေဖို့အတွက် စတာလင်ချမှတ်အ ကောင်အထည်ဖော်လိုက်တဲ့ မဟာရှယ်ပလင်လမ်းစဉ်ငါးနှစ်စီမံကိန်းကြီး စတင်ပြီး စီမံကိန်းကာလပြီးလုပြီးခင် ၁၉၃ ၀ ပြည့်နှစ်နဲ့ ၁၉၃၃ ခုနှစ်အချိန်တွေမှာ အလွန်တရာဆိုးရွားပြင်းထန်တဲ့ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြောက်မက်ဖွယ်ဖိနှိပ်မှုတွေအောက်ကို ပြည်သူလူထုဟာ ရောက်ရှိသွားပါတော့တယ်။

နဂိုကဆင်းရဲရုံလောက်ပဲရှိတာ၊မဟာရှယ်ပလင်လမ်းစဉ်နဲ့ ဂုတ်ကကိုင်ပြီးနတ်ပြည်အတင်းပို့လိုက်ခါမှ လူထုမှာ ငတ်မွတ်တဲ့ ပြိတ္တာဘုံဘဝ၊ငရဲဘုံဘဝကို အရှိန်အဟုန်နဲ့ ရောက်သွားရပါတော့တယ်။

​စတာလင်ရဲ့အတင်းအကျပ်မြေသိမ်းပြီး ဆောင်ရွက်တဲ့စုပေါင်းလယ်ယာမြေစနစ်(Collectivization)မှာ ထွက်လာသမျှစပါးသီးနှံတွေကို အစိုးရအကုန်ယူပါတယ်။

ကိုယ်စိုက်ထားတဲ့ ကိုယ့်လုပ်အားအသီးအပွင့် ကိုယ်မပိုင်ပါဘူး။အစိုးရက အားလုံးတန်းတူညီမျှဖြစ်အောင် ခွဲဝေပေးပါမယ်။

အဲဒီလိုခွဲဝေပေးမှအားလုံးတန်းတူညီမျှ ရကြမယ်ပေါ့။

အဲဒီလိုတန်းတူညီမျှဖို့အတွက် မပေးချင်လည်းယူမယ်၊ပေးချင်လည်းယူမယ် ဆိုတဲ့သဘောပါ။

အဲဒီလို အတင်းအဓမ္မသိမ်းယူမှုတွေကြောင့် ယူကရိန်းဒေသနဲ့ ဆိုဗီယက်တဝှမ်းက လယ်သမားလူထုဟာ စားစရာပြတ်လပ်ပြီး လမ်းတွေပေါ်မှာ အစုလိုက်အပြုံလိုက်သေဆုံးခဲ့ကြရပါတယ်။

​”ဇဒါနော့ဖ်ဖော်မြူလာ” အရဆိုရင်တော့ ငတ်တာဟာ အာဏာကိုဦးဆောင်နေသူတွေကြောင့် မဟုတ်ပါဘူး။

အာဏာကို ဦးဆောင်နေသူတွေက လူတွေတန်းတူညီမျှရအောင် ရှိသမျှအကုန်သိမ်းပြီး ခွဲဝေပေးနေတာပါပဲ။စား စရာမရှိလို့သာ ငတ်တာသာဖြစ်ပါတယ်။

အဲဒါကို အစိုးရကြောင့်လို့တော့ မပြောနဲ့။အစိုးရရဲ့ မူဝါဒကို ဝေဖန်တာ၊ငြီးငြူမိတာ ဒါမှမဟုတ် အမှန်အတိုင်း ပြော ဆိုမိတာမျိုး နည်းနည်းလေးတောင် လုပ်မယ်မကြံပါနဲ့။မဟာရှယ်ပလင်လမ်းစဉ်တော်ကြီးနဲ့ အနာဂတ် ကွန်မြူနစ်အိပ်မက်(Great Dream)ကြီးဟာ သာမန်လူတွေအဆင်နဲ့ ဝေဖန်စရာမလိုပါဘူး။

ဇရှိရင် ဝေဖန်ကြည့်လိုက်။ “နိုင်ငံတော် သစ္စာဖောက်” လို့ အစွပ်စွဲခံရပြီး ဆိုက်ဘေးရီးယားဂူလက် (Gulag) အကျဉ်းစခန်းတွေကို ပို့ပစ်ပါတယ်။ဒါမှမဟုတ် သေဒဏ်ထိတောင် အပေးခံရနိုင်ပါတယ်။

​ခက်တာက မဟာရှယ်ပလင်လမ်းစဉ်တော်ကြီးနဲ့ အနာဂတ်ကွန်မြူနစ်အိပ်မက်ကြီး(Great Dream)ကြီးကို လူတိုင်းဝေဖန်ခွင့်မရှိပေမယ့် အဲဒီမဟာရှယ်ပလင်လမ်းစဉ်တော်ကြီးနဲ့အနာဂတ်ကွန်မြူနစ်အိပ်မက်ကြီးကို အထမြောက်လာဖို့အတွက်ကျတော့ လူတိုင်းမှာတာဝန်ရှိတယ်လို့ ဆိုထားပြန်ပါတယ်။

မြေပြင်မှာ သေလုမျောပါးဆင်းရဲဒုက္ခတွေကြုံတွေ့နေရတာကို မသိပါဘူး။အစိုးရနဲ့ပါတီက ချမှတ်လိုက်တဲ့”Partis an Requirement”အရ လူတိုင်းကပါတီရဲ့ရည်မှန်းချက်နဲ့ အနာဂတ်ကွန်မြူ နစ်အိပ်မက်အတွက် အကြွင်းမဲ့ပေးဆပ်ရပါမယ်။အကောင်းမြင်ဝါဒနဲ့ခက်ခဲကြမ်းတမ်းစွာ အလုပ်လုပ်ရမယ်ဆိုတဲ့ သဘောပါ။

​ဗိုက်ထဲမှာစားစရာမရှိလို့ ကိုယ့်မိသားစုဝင်တွေမျက်စိရှေ့မှာတင် ငတ်မွတ်နေချိန်၊ သေဆုံးနေချိန်၊ သတင်းစာတွေနဲ့ အနုပညာတွေထဲမှာတော့ လယ်သမားတွေကအမြဲပြုံးရွှင်နေပြီး စနစ်ကို ကျေးဇူးတင်နေကြတယ်လို့ ဖော်ပြနေတာကိုမြင်တွေ့ရတဲ့အခါ လူထုအတွက်ဒါဟာ စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ပါပဲ။

​စတာလင်လက်ထက်မှာ လူထုဟာအ ကြောက်တရားနဲ့အသံတိတ်နေထိုင်ခဲ့ရပြီး မူဝါဒကို ဝေဖန်မိသူတွေ၊သံသယရှိသူတွေ ဒါမှမဟုတ် သစ္စာဖောက်လို့ စွပ်စွဲခံရသူတွေကို မော်စကိုတရားခွင် (The Moscow Trials)တွေထဲ ပို့ပါတယ်။

လူသိရှင်ကြား အရှက်ခွဲအောင်စွပ်စွဲတာ၊စစ်ဆေးတာ၊အတင်းအကျပ်ကို့ကိုကိုယ်မှားပါတယ်လို့ ဝန်ခံခိုင်းတာမျိုးကို သုံးပြီးဖိနှိပ်ပါတယ်။

၁၉၃၆ခုနှစ်မှ ၁၉၃၈ ခုနှစ်အတွင်း ကျင်းပခဲ့တဲ့မော်စကိုတရားခွင်တွေမှာ စတာလင်ရဲ့မူဝါဒတွေကို ဝေဖန်ခဲ့ကြတဲ့၊ ဝေဖန်နိုင်ချေရှိတယ်လို့ သံသယရှိခံရတဲ့ ပါတီတွင်းက အကြီးတန်းခေါင်းဆောင်ဟောင်းတွေ၊တော်လှန်ရေးလုပ် ဖော်ကိုင်ဖက်ဟောင်းတွေကို လူထုရှေ့မှောက္မှာတရားစွဲဆိုခဲ့ပါတယ်။

တရားခံတွေဟာ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့မိသားစုကိုခြိမ်းခြောက်ခံရတာကြောင့် တရားခွင်မှာသူတို့မလုပ်ခဲ့တဲ့ အပြစ်တွေကိုပါ လူသိရှင်ကြားဝန်ခံခဲ့ကြရပါတယ်။

အဲဒါဟာ ကျန်တဲ့ပြည်သူတွေ ကြောက်လန့်သွားအောင်၊အစိုးရကို ဘယ်တော့မှမော်မကြည့်ဝံအောင် အကြီးအကျယ်စိတ်ပိုင်းဆိုင်ရာခြောက်လှန့်ပြသတဲ့ နည်းလမ်းဖြစ်ပါတယ်။

​ဝေဖန်ငြီးငြူမိသူတွေ အများဆုံးရောက်ရှိသွားခဲ့ရတဲ့ နေရာကတော့ဆိုက်ဘေးရီးယားအပါအဝင် နိုင်ငံအနှံ့မှာ ဖြန့်ကျက်ထားတဲ့”ဂူလာ့ဂ်”အကျဉ်းစခန်းတွေပါ။

ဆိုက်ဘေးရီးယားက ဂူလာ့ဂ်အကျဉ်းထောင်စခန်းတွေဟာ အင်မတန်ဆိုးဝါးပါတယ်။

အကျဉ်းသားတွေဟာ အစားအသောက်လုံလောက်စွာမရပါဘူး။ပြင်းထန်လွန်းတဲ့ ရာသီဥတုအအေးဒဏ် ကြားထဲမှာ အဓမ္မလုပ်အားပေးခိုင်းစေခြင်းခံရတာကြောင့် သန်းပေါင်းများစွာသေဆုံးခဲ့ကြရပါတယ်။

နိုင်ငံရေးအရ အနည်းငယ်သံသယရှိတာနဲ့၊စပါးသိမ်းဆည်းမှုကို အနည်းငယ်ကန့်ကွက်မိတာနဲ့၊ ဒါမှမဟုတ်ဟာ သတခုပြောမိတာနဲ့တောင် ဒီစခန်းတွေဆီထောင်ဒဏ်ဆယ်စုနှစ်နဲ့ချီချမှတ်ခံရပြီး ပို့ဆောင်ခံခဲ့ကြရပါတယ်။

​အဲဒီလိုလက်လွန်ခြေလွန်တွေလုပ်ပြီး စတာလင်တို့အုပ်စုဟာ လူထုကိုလည်းမယုံကြည်ရဲတော့ပါဘူး။

အဲဒီတော့ စတာလင်တို့က လူထုကိုအချင်းချင်းတဖန်ပြန်ပြီး ရန်တိုက်ပါတယ်။”လူအချင်းချင်း မယုံကြည်ရအော င်လုပ်ပါတယ်။စာသင်ကျောင်းတွေမှာ ကျောင်းသားတွေကို မိဘတွေရဲ့အစိုးရဆန့်ကျင်တဲ့ စကားတွေကို ပြန်တိုင် ကြားခိုင်းတာ၊အိမ်နီးနားချင်းတွေက တယောက်ကို တယောက်လျှို့ဝှက်တိုင်ကြားတာစတဲ့(Secret Denunciation) ယဉ်ကျေးမှုကို ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးပါတော့တယ်။

​သားဖြစ်သူက ဖခင်ကိုတိုင်ကြားလို့ တိုင်ကြားတဲ့သားဖြစ်သူကို “နိုင်ငံတော်သူရဲကောင်း”အဖြစ် သတ်မှတ်ပြတာမျိုးထိ လူ့အဖွဲ့အစည်းရဲ့လူ့ဂုဏ်သိက္ခာ၊ကျင့်ဝတ်နဲ့အခြေခံယုံကြည်မှုတွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။

အဲဒါကြောင့် လူတွေဟာ ကိုယ့်ရဲ့ရင်းနှီးတဲ့မိတ်ဆွေ၊မိသားစုဝင်ရှေ့မှာတောင်အစိုးရအကြောင်း မကောင်းမပြောရဲဘဲ အမြဲတန်းသတိနဲ့ နေထိုင်ခဲ့ကြရပါတော့တယ်။

​စတာလင်တို့ဟာ NKVD လို့ ခေါ်တဲ့ ပြည်တွင်းလုံခြုံရေးပြည်သူ့ကော်မီရှင်လို့ခေါ်တဲ့ လျှို့ဝှက်ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးအဖွဲ့ကိုဖွဲ့ထားပါတယ်။ ဖမ်းဆီးခံရသူတွေဟာ ဘယ်ကိုပါသွားမှန်း၊ အသက်ရှင်ရဲ့လား၊ သေသွားပြီလားဆိုတာကို မိသားစုဝင်တွေတောင် သိခွင့်မရှိပါဘူး။ ပိုဆိုးတာက အဲဒီ ရဲတပ်ဖွဲ့၊ထောက်လှမ်းရေးအဖွဲ့တွေမှာ စတာလင်တို့ကို ဖားယားဖို့အတွက်၊သူတို့ အလုပ်အင်မတန်မှ လုပ်ကြောင်းပြဖို့အတွက် တလလျှင် လူဘယ်နှစ်ယောက်ကို ဖမ်းဆီးတယ်ဆိုတာမျိုးလုပ်ပြကြပါတယ်။

အကျိုးဆက်က သူတို့စာရင်းပြဖို့အတွက်၊အမှတ်ရဖို့အတွက်၊မြှောက်စားခံရဖို့အတွက်(Quota)ပြည့်မှီအောင် အပြစ်မရှိတဲ့ ရိုးသားတဲ့ပြည်သူတွေပါ တခါတရံအဆစ်ပါပြီး ကျပန်းဖမ်းဆီးသတ်ဖြတ်ခံခဲ့ကြရပါတယ်။

အဲ​ဒီလိုဖြစ်စဉ်တွေကြောင့်ပဲ မြေပြင်ကလူထုဟာ အသက်ဆက်ရှင်ဖို့အတွက် ကိုယ့်ရဲ့ခံစားချက်၊ဒုက္ခနဲ့ အမှန်တရားတွေကို မြိုသိပ်ပြီး အသံတိတ်ငိုကြွေးနေခဲ့ရတာပါ။

​ဖော်မြူလာဖခင်ကြီးဇဒါနော့ဖ်က “ပြည်သူတွေအနေနဲ့ လက်ရှိကြုံတွေ့နေရတဲ့ ဆင်းရဲဒုက္ခ၊ပင်ပန်းဆင်းရဲမှုနဲ့ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေရှိနေရင်တောင် လက်တွေ့မြေပြင်မှာ ပါတီရဲ့တာဝန်ဝတ္တရား၊အမိန့်တွေကို တက်ကြွတဲ့ သူရဲကောင်းဆန်ဆန်လုပ်ကိုင်ရမယ်”လို့ ဆိုခဲ့ပါတယ်။

​ဒီဘက်ခေတ်မှာ Pirates of the Caribbean ဇာတ်လမ်းတွဲကို ကြည့်ဖူးတဲ့သူတွေရှိမှာပါ။

ဖော်မြူလာဇဒါနော့ဖ်ရဲ့စကားဟာ အဲဒီ Pirates of the Caribbean ဇယတ်လမ်းတွေထဲက At World’s End အတွဲမှာ ရေဘဝဲလူဆိုးကြီးဒေးဗီးဂျုံးစ် (Davy Jones) ငေါက်ငမ်းပုံနဲ့ တူပါတယ်။

ရေဘဝဲလူဆိုးကြီးဒေးဗီးဂျုံးစ်က ပင်လယ်နတ်စုန်းမကြီးကာလစ်ပဆို (Calypso) ရဲ့ ပြင်းထန်တဲ့ မုန်တိုင်းနဲ့ လှိုင်းထန်တဲ့ ရေပြင်အခြေအနေကိုရင်ဆိုင်ရတဲ့အခါ သူစိတ်ထင်တိုင်းမဖြစ်ရကောင်းလားဆို ဒေါသထွက်ကာ သူ့လက်အောက်ငယ်သားတွေကို ခြိမ်းခြောက်ခဲ့တာပါ။

​”ဘယ်သူ့ဆီကမှ ပျော်ရွှင်တဲ့အသံမထွက်စေနဲ့!”

“ဘယ်သူမှလည်း မျှော်လင့်ချက်နဲ့ ကောင်းကင်ဘက်ကို မော်မကြည့်ရဲစေနဲ့!”

“မျှော်လ့င်ချက်တွေနဲ့ပြည့်နေတဲ့ကောင်းကင်ကို လွတ်မြောက်ခွင့်ရလိုရငှား ဘယ်သူမှထပ်ပြီး မမော်ကြည့်ကြနဲ့!”

“ငါတို့တွေကြောင့် ဒီနေ့ရက်ကို ကျိန်စာသင့်စေရမယ်… ဒီနေ့ရက်တွေကို ကျိန်စာသင့်တဲ့နေ့တနေ့အနေနဲ့ အားလုံး ထာဝရ အမှတ်ရနေရမယ်”

“ခရာကန် (The Kraken)”

“ခရာကန်ကို ခေါ်လိုက်ကြစမ်း!”

​(မှတ်ချက် ခရာကန် (The Kraken) ဆိုတာ ပင်လယ်ပြင်တွင် ရှိရှိသမျှဆွဲနစ်ဖျက်စီးတဲ့ဒဏ္ဍာရီလာ မကောင်းဆိုး ဝါးကြီးရဲ့ နာမည်)

​ပြီး…

​ကိုးကား…

​https://soviet-union.com/socialist-realism?hl=en-GB

​https://en.wikipedia.org/wiki/Socialist_realism?hl=en-GB

PrevPreviousIPU ညီလာခံမှာ နိုင်ငံပေါင်းကိုးနိုင်ငံနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ့
Previous Post

IPU ညီလာခံမှာ နိုင်ငံပေါင်းကိုးနိုင်ငံနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ့

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

​ပါတီ၊ လမ်းစဉ်နဲ့ “ဇဒါနော့ဖ် ဖော်မြူလာ” – ၁

October 13, 2026
ဓာတ်ပုံ - APM

ဝီရဌာနီကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ကလေးတဦးအပါ သုံးဦးဒဏ်ရာရ

October 12, 2026
​ဓာတ်ပုံ-APM

တောင်ကုတ်မှာ ယာဉ်စည်းကမ်းလိုက်နာရေး ULA အသိပညာပေးနေ

October 11, 2026
ဓာတ်ပုံ - အာရက္ခ မှုခင်းနဲ့ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့

​အဉ္ဇနပူရမှာ လယ်သမားတဦးကိုသတ်ခဲ့တဲ့ တရားခံနှစ်ဦးဖမ်းမိ

October 11, 2026

IPU ညီလာခံမှာ နိုင်ငံပေါင်းကိုးနိုင်ငံနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ့

ကလေးသူငယ်တွေအပေါ် စစ်တပ်ရဲ့ရာဇဝတ်မှုတွေကိုအရေးယူဖို့ ဦးကျော်မိုးထွန်းတိုက်တွန်း

မင်းတုန်းမှာ စစ်တပ်ပါရာမော်တာနဲ့တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

​ပါတီ၊ လမ်းစဉ်နဲ့ “ဇဒါနော့ဖ် ဖော်မြူလာ” – ၁

ထိုင်းရောက် မြန်မာတွေအတွက် CI စခန်းတွေစဖွင့်မယ်

မီဇိုရမ်မှာ မြန်မာမှတင်သွင်းလာတဲ့ ကွမ်းသီးခြောက်အိတ်တွေဖမ်းမိ

Releated Post

​ဓာတ်ပုံ-CRPH

IPU ညီလာခံမှာ နိုင်ငံပေါင်းကိုးနိုင်ငံနဲ့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေ့

October 13, 2026

ကလေးသူငယ်တွေအပေါ် စစ်တပ်ရဲ့ရာဇဝတ်မှုတွေကိုအရေးယူဖို့ ဦးကျော်မိုးထွန်းတိုက်တွန်း

October 13, 2026
ဓာတ်ပုံ - သရက်ခရိုင် အမှတ် (၄) တပ်ရင်း

မင်းတုန်းမှာ စစ်တပ်ပါရာမော်တာနဲ့တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် သုံးဦးသေဆုံး

October 13, 2026

​ပါတီ၊ လမ်းစဉ်နဲ့ “ဇဒါနော့ဖ် ဖော်မြူလာ” – ၁

October 13, 2026
​ဓာတ်ပုံ - BNA

ထိုင်းရောက် မြန်မာတွေအတွက် CI စခန်းတွေစဖွင့်မယ်

October 13, 2026

မီဇိုရမ်မှာ မြန်မာမှတင်သွင်းလာတဲ့ ကွမ်းသီးခြောက်အိတ်တွေဖမ်းမိ

October 12, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page