Border News Agency
ဂျပန်၊နိုဝင်ဘာ ၂။
ဂျပန်နိုင်ငံ၊ဖူကူအိုကာမြို့မှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးနိုဝင်ဘာလ ၁ ရက်နေ့မှာ “Free Her” လှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။
မတရားဖမ်းဆီးခံထားရသူတွေအားလုံးခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေးအတွက် ညနေ ၄ နာရီမှ ၆နာရီထိ ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။
အဲဒီအပြင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ စစ်အုပ်စုကိုတရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့ ဂျပန်ပြည်သူတွေကတဆင့် ဂျပန်အစိုးရဆီတောင်းဆိုခဲ့ကြပါတယ်။
အဲဒီလှုပ်ရှားမှုမှမှေးမိန်နေတဲ့ မြန်မာ့အရေးအတွက် ဂျပန်လူမျိုးတွေရဲ့ အကြံပြုချက်တွေကိုလာမယ့်နှစ်မှာ အကောင်အထည်ဖော်သွားမှာဖြစ်ပါတယ်။


















