Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
စစ်ဘေးရှောင် ဆောင်းပါး မြောက်ဦးခရိုင် အမျိုးသမီးကဏ္ဍ အာရက္ခဒေသ

ဒုက္ခပင်လယ်ထဲ လူးလိမ့်နေရတဲ့ စစ်ဘေးရှောင်တွေရဲ့မှုန်ဝါးဆဲအိမ်ပြန်လမ်းတွေ

Author picture

By

BNA Author
Reading Time: 2 mins read
0
A A
0
SHARES
9
VIEWS
Share on FacebookShare on Twitter

ခိုင်ဇော် ရေးတယ်။
Border News Agency
မြောက်ဦး၊ မေ ၁၆။

အသားညိုညို၊ ပိန်သွယ်သွယ်၊ ကိုယ်ဝန်လွယ်ထားတဲ့ အမျိုးသမီးတဦးဟာ နို့စို့အရွယ်ကလေးငယ်တဦးကို ရင်ခွင်ပိုက်နို့တိုက်နေရင်း ငရုတ်ဆုံခွက်ထဲမှငရုတ် သီးတွေကို ကျောက်သားလုံးတခုနဲ့ ကြိတ်နေပါတယ်။

အော်ဟစ်ငိုယိုနေတဲ့ ရင်ခွင်ထဲက ကလေးငယ်ကိုလည်း စကားတပြောပြောနဲ့ချော့သိပ်ရင်း အနားမှာချက်ထားတဲ့ ဟင်းအိုးကိုပါ တချက်တချက် လှမ်းကြည့်ကာ မီးမှုတ်ပေးနေပါတယ်။

ဆေးရောင်လွင့်ပြယ်ကာ ဝါဖျင့်ဖျင့်၊ ညစ်နွမ်းနေပြီဖြစ်တဲ့ တီရှပ်နဲ့ ထဘီဝတ်ထားပြီး နွေအပူဒဏ်ကြောင့် ချွေး တလုံးလုံးကျနေတဲ့ အဲဒီအမျိုးသမီးအနားမှာ နောက်ထပ်ကလေးငယ်တဦးလည်း တဝဲလည်လည်နဲ့မုန့်သွားစားဖို့ ပိုက်ဆံတောင်းနေတာတွေ့ရပါတယ်။

သူမဟာ တိုက်ပွဲကြောင့် နေအိမ်အများအပြားပျက်စီးခဲ့ရကာ နေရပ်ပြန်ခွင့်မရသေးတဲ့ ပေါက်တောမြို့ အမှတ်(၄) ရပ်ကွက်မှ အသက်သုံးဆယ့်ခြောက်နှ စ်အရွယ်ဒေါ်ဆန်းဆန်းဖြစ်ပါတယ်။

ပေါက်တောတိုက်ပွဲစခဲ့တဲ့ ပြီးခဲ့တဲ့တနှစ်ကျော်ကတည်းက တနေရာပြီး တနေရာ ရွေ့ပြောင်းတိမ်းရှောင်လာခဲ့တဲ့သူမဟာ လက်ရှိမှာတော့ မြေပုံမြို့နယ်က စစ်ဘေးရှောင်စခန်းမှာ ခိုလှုံနေပါတယ်။

ဒေါ်ဆန်းဆန်းမှာ ရှစ်နှစ်အရွယ်သမီးကြီးတဦး၊ တိုက်ပွဲကာလ၊ စစ်ရှောင်နေစဉ်မွေးဖွားခဲ့တဲ့ တနှစ်ကျော်အရွယ် သားငယ်တဦးရှိပြီး စစ်ဘေးရှောင်နေစဉ်ကာလအတွင်းမှာပဲ နောက်ထပ်ကို ယ်ဝန်လွယ်ထားရတာဖြစ်ပါတယ်။

“မွေးရေးကင်းရေးက ဘယ်လိုလုပ်ရမလဲဆိုတာကတောင် စဉ်းစားလို့မရသေးဘူး။ လကတော့ ရင့်နေပြီ(ကိုယ်ဝန်)ကိုးလရှိနေပြီ။” လို့ ‌ဒေါ်ဆန်းဆန်းက ပြောပါတယ်။

ငွေပိုငွေလျှံတပြားမှမရှိတဲ့ ဒေါ်ဆန်းဆန်းဟာ ကိုယ်၀န်ကိုးလရှိတဲ့ထိ ဆရာ ၀န်နဲ့ဆေးခန်းတကြိမ်မျှပင် မပြဖူးသေးသလို အရေးပေါ်လို အပ်လာရင်လည်း သုံးဖို့ ငွေကြေးတပြားတချပ်မရှိသေးဘူးလို့ ဆိုပါတယ်။

“အဲဒါတွေကို စိတ်ပူနေတယ်။မွေးရေး ကင်းရေးနဲ့ ပိုက်ဆံလိုတယ်လေ။မိဘတွေဆီက တောင်းဖို့လည်း သူတို့မှာတောင် မလုံလောက်ဘူး။စစ်ရှောင်တွေ၊ နှပ်မှန်ဖို့ ရောင်းချစားနေကြရတာ။”လို့ ဒေါ်ဆန်းဆန်းက ပြောပါတယ်။

ဒေါျဆနျးဆနျးတို့မိဘတှနေဲ့ယောက်ခမ (ဒေါ်ဆန်းဆန်းအမျိုးသားရဲ့မိဘ)မိ သားစုတို့ဟာလည်း တိုက်ပွဲနောက်ဆ က်တွဲအခြေအနေတွေကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရပြီး ခုထိနေ ရပ်ပြန်ဖို့ အခွင့်မသာသေးပါဘူး။

အာရက္ခအဆုံးအဖြတ်စစ်ပွဲတိုက်ပွဲတွေနဲ့စစ်ကောင်စီတပ်ရဲ့လေကြောင်း၊လ က်နက်ကြီးတိုက်ခိုက်မှုတွေကြောင့် နေရပ်စွန့်ခွာနေရသူ ခြောက်သိန်းကျော်ထိရှိနေပြီး နေရပ်ပြန်နိုင်သေးသူ ရာဂဏန်းသာရှိ သေးတယ်လို့ အာရက္ခပြည်သူ့အစိုးရနဲ့ကူညီရေးအဖွဲ့တွေရဲ့ စာရင်းတွေက ဆိုပါတယ်။

အဲဒီနေရပ်စွန့်ခွာတိမ်းရှောင်နေရသူတွေဟာ ဘေးလွှတ်မယ်လို့ ယူဆရတဲ့ စစ်ဘေးရှောင်စခန်းတွေ၊ဆွေးမျိုး၊အ သိနေအိမ်တွေနဲ့ စာသင်ကျောင်း၊ဘုန်းတော်ကြီးကျောင်းတွေမှာ နေထိုင်ကြပြီး တချို့ကတော့ ကားလမ်းဝဲယာတလျှောက်မလုံ့တလုံတဲကလေးထိုးကာ ခိုလှုံနေကြရပါတယ်။

တိုက်ပွဲမဖြစ်ခင်ကာလတုန်းက နေရပ်မှတင်းဝါး(ကောက်ညှင်းကျည်တောက်လုပ်တဲ့ဝါး)ခုတ်ရောင်းကာ စားဝတ်နေရေးအသင့်အတင့်အဆင်ပြေပြေနေ ထိုင်နိုင်ခဲ့တဲ့ ဒေါ်ဆန်းဆန်းတို့ မိသားစုဟာလည်း နေရပ်ပြန်ခွင့် မရသေးပါဘူး။

စစ်ကောင်စီထိန်းချုပ်ထားဆဲ မြို့တော်စစ်တွေနဲ့ မိုင်နှစ်ဆယ်နီးပါးကွာဝေးပြီး စစ်ကောင်စီတပ်ရဲ့လေကြောင်း၊လက် နက်ကြီးပစ်ခတ်မှုမကြာခဏရှိနေတဲ့ ပေါက်တောမြို့ထဲကို အရပ်သားတွေ ဝင်ရောက် နေထိုင်ခွင့်မရသေးတာပါ။

“ကိုယ့်ဖက်(အာရက္ခပြည်သူ့အစိုးရ)က ပေးမဝင်သေးတာ။ပေးဝင်ရင်တောင် ဘယ်သူနေရဲအုံးမှာလဲ။အိမ်ကိုတော့ ပြန်ချင်တာပေ့ါ။” လို့ ဒေါ်စိန် စိန်ရဲ့ အ မျိုးသားက ပြောပါတယ်။

ပုံမှန်အလုပ်အကိုင်နဲ့ အဆင်ပြေပြေနေ ထိုင်ခဲ့ကြတဲ့ ဒေါ်ဆန်းဆန်းတို့မှာ စစ်ဘေးရှောင်စခန်း၊ဆွေမျိုးအသိနေအိမ်တွေမှာ ခိုလှုံနေထိုင်လာခဲ့တာ တနှစ်ခွဲနီးပါးရှိပြီဖြစ်ပေမယ့် ကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့ကိုတော့ ခြောက်လဝန်ကျင်ပဲရခဲ့ပြီး ခုဆိုရင် အထောက်အပံ့လုံး၀မရတာ ငါးလကျော်သွားခဲ့ပါပြီ။

“ငတ်တဲ့ရက်တွေရှိတယ်။ကလေးတွေကိုတော့ အငတ်မပေးဘူးပေ့ါ။”လို့ ဒေါ်ဆန်းဆန်းက ပြောပါတယ်။

အာရက္ခပြည်အတွင်းက ခြောက်သိန်းကျော်သော စစ်ဘေးရှောင်တွေဟာလ ည်း ဒေါ်ဆန်းဆန်းတို့မိသားစုလိုပဲ စားဝတ်နေရေးခက်ခဲကြပ်တည်းတဲ့အခြေ အနေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပြီး တ ချို့မိသားစုတွေဆိုရင် ငတ်မွတ်တဲ့အ ခြေအနေနဲ့ပါ ကြုံနေကြရတာပါ။

အရင်တုန်းကတော့ စစ်ဘေးရှောင်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)က လစဉ်ရိက္ခာ၊ငွေကြေးထောက်ပံ့ပေးခဲ့ပေမယ့် ခုအခါမှာတော့ အထောက်အပံ့လုံး ၀မရတော့တာ ငါးလကျော်သွားခဲ့ပြီဖြ စ်ပါတယ်။

အဲဒီလိုအထောက်အပံ့တွေ မရတော့တာကြောင့် တချို့စစ်ဘေးရှောင်တွေဆိုရင် မိသားစုနှပ်မှန်မစားကြရတော့ တဲ့အခြေအနေထိပင်ရောက်သွားခဲ့ကြရပြီး အလုပ်အကိုင်လည်းရှာမရတာကြောင့် နီးစပ်ရာရွာတွေဆီသွားကာ တောင်းရမ်းကြရတယ်လို့ ဆိုပါတယ်။

“ရွာတွေပတ်ပြီး တောင်းတယ်။ ကလေးရွက်ပြီး လမ်းလျှောက်သွားရတာဆိုတော့ တခါတခါ ကလေးနေမ ကောင်း ဖြစ်သွားတယ်။ရလာတဲ့ပိုက်ဆံနဲ့ ဆေးကုစရိတ်နဲ့ မမျှတာလည်း ရှိတယ်။” လို့ ပေါက်တောမြို့ အမှတ်(၁) ရပ်ကွက်မှ မြေပုံမြို့နယ်သို့စစ်ရှောင်လာတဲ့က လေးမိခင်အမျိုးသမီးတဦးက ပြောပါတယ်။

နေရပ်မှာတုန်းက ကြုံရာကျပန်း၊လက် ပေါက်အလုပ်လုပ်ကိုင်ခဲ့တဲ့ သူမဟာ နှ စ်နှစ်အရွယ်ကလေးတဦးနဲ့အတူ စစ်ရှောင်လာတာဖြစ်ပြီး ကူညီရေးအဖွဲ့တွေရဲ့ အထောက်အပံ့မရတော့ချိန် စား စရာဆန်မရှိတော့တဲ့နေရက်များစွာကို ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဆိုပါတ ယ်။

“ကလေး ဗိုက်ဆာလို့ငိုတယ်။ချက်ကျွေးစရာ ဆန်မရှိဘူး။အနားက သွား ချေးပြီး ကျွေးရတယ်။အလုပ်လည်း မကျတော့ တောင်းစားရတာပေါ့။”လို့ သူမက ပြောပါတယ်။

သံတွဲမြို့နယ်၊ဂျိတ်တောရွာမှ တိမ်းရှောင်လာကြတဲ့ ဒေါ်သန်းသန်းတို့ မိ သားစုကလည်း စစ်ရှောင်စခန်းမှာ အ ခက်အခဲရှိတာမို့ နေရပ်ပြန်ချင်ပြီ၊ သို့ သော် နေရပ်ပြန်ခွင့်မရသေး၊ပြန်ခွင့်ရလို့ ပြန်ခဲ့ရင်လည်း နေရပ်မှာ လုပ်ကိုင်စား သောက်စရာ ရှိတော့မယ်မထင်၊ အခက်အခဲကြုံရမယ်လို့ ညည်းညူပြောဆိုပါတယ်။

သက်ကြီးရွယ်အို မိဘနှစ်ဦး၊ဆယ် ကျော်သက်အရွယ်သားငယ်တဦး၊ သမီးငယ်နှစ်ဦးတို့နဲ့အတူ တိမ်းရှောင်လာခဲ့ ဒေါ်သန်းသန်းတို့ဟာ စစ်ရှောင်စခန်းမှာ နေထိုင်လာခဲ့တာ တနှစ်ကျော်ခဲ့ပြီဖြစ်ပြီး ကျောင်းနေအရွယ်သမီးနှစ်ဦး ကိုလည်း ပညာဆက်မသင်နိုင်တော့ပါဘူး။

“ဒီနှစ်တော့ ကလေးတွေကို စာသင်ပေးချင်တယ်။အကူအညီရရင် ကောင်းမယ်။” လို့ ဒေါ်သသန်းသန်းက သူ့ဆန္ဒ ကို ပြောပါတယ်။

သမီးနှစ်ဦးကို ကျောင်းဆက်သင်ဖို့မဆိုထားနဲ့ စားရေးအတွက်ပင် လက်ပေါက်လုပ်ကာ ရုန်းကန်နေရတဲ့အခြေအနေပါ။

ဂျိတ်တောရွာမှ တိမ်းရှောင်လာကတည်းက အတူပါမလာတဲ့ အမျိုးသားနဲ့ သားလတ်ဖြစ်သူတို့နဲ့လည်း အဆက်အသွယ်ပုံမှန်မရတာမို့ စိတ်ပူနေရတယ်လို့ သူမက ပြောပါတယ်။

နိုင်ငံတကာကူညီရေးအဖွဲ့တွေရဲ့အထောက်အပံ့တွေ လုံး၀မရတော့ဘဲ ဝမ်းရေးရုန်းကန်နေရတဲ့ စစ်ရှောင်တွေအဖို့ နေရပ်ပြန်ရေးကလည်း မရေရာ၊အလှ မ်းဝေးနေဆဲအခြေအနေဖြစ်တယ်လို့ စစ်ရှောင်တွေက ပြောကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကတော့ နေရပ်ပြန်လိုတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေကို စား နပ်ရိက္ခာ၊အိမ်ဆောက်ပစ္စည်း၊ငွေကြေး ၊လမ်းစရိတ်ပေးကာ နေရပ်ပြန်ပို့နေပါတယ်။

ပြီးခဲ့တဲ့ဧပြီလအတွင်းကလည်း မြော က်ဦးနဲ့ ကျောက်တော်မြို့နယ်မှ စစ်ဘေးရှောင်အိမ်ထောင်စုလေးဆယ်ကိုးစုကို ဆန်၊ ဆီ၊ ဆား၊ ပဲ၊ အိုးခွက်၊ ပန်းကန်၊ စောင်၊အဝတ်အထည်၊ တကိုယ်ရည်သုံးပစ္စည်းတွေ၊ တာပေါ်လင်၊ ဟင်းသီးဟင်းရွက်မျိုးစေ့အပါအဝင် အခြေခံစားသောက်ကုန်တွေ ထောက်ပံ့ပေးကာ နေရပ်ပြန်ပို့ခဲ့ပါတယ်။

အဲဒီနေရပ်ပြန်စစ်ရှောင်တွေကို စားသောက်ကုန်၊ မျိုးစေ့တွေအပြင် အိမ်ထောင်စုတစ်စုစီကို ငွေကျပ် ခုနှစ်သိန်းနီးပါး(၆၈၀၀၀၀) နှုန်းနဲ့ ထောက်ပံ့ပေးခဲ့ပြီး လမ်းစရိတ်အနေနဲ့လည်း မိသားစုတစုကို ကျပ်နှစ်သိန်းခွဲ ကူညီခဲ့တယ် လို့ HDCO က ထုတ်ပြန်ထားပါတယ်။

တခြားနေရပ်ပြန်လိုတဲ့ စစ်ဘေးရှောင်တွေကို အဲဒီလိုအထောက်အပံ့ပေး၊မပေးဆိုတာကိုတော့ တိတိကျကျအသိ ပေးထားတာမရှိပါဘူး။

“ပြန်မယ့်သူတိုင်းကိုတော့ ဒီလိုပေးမယ်ထင်တယ်။ငွေမပမာဏတော့ ကွာမှာပေ့ါ။” လို့ HDCO နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

အာရက္ခပြည်တွင်းက စစ်ဘေးရှောင်တွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအန္တရယ်ကို စိုးရိမ်တာ၊စစ်ကောင်စီ တပ်ချန်ထားခဲ့တဲ့ မြေမြှပ်မိုင်းအန္တရယ်ကြောင့် လုပ်ကိုင်စားသောက်ဖို့ အဆင်မပြေတာ၊နေရပ်မှာ အလုပ်အကိုင်တွေ ပုံမှန်မရှိတော့တာ၊တိုက်ပွဲမပြီး ပြတ်သေးတာစတဲ့အချက်တွေကြောင့် နေ ရပ်ပြန်ဖို့ ခက်ခဲနေကြတာလို့ ကူညီရေးအဖွဲ့တွေနဲ့ စစ်ရှောင်ပြည်သူတွေက ပြောကြပါတယ်။

အာရက္ခပြည်တွင်းက စစ်ရှောင်ပြည်သူတွေဟာ နေရပ်ကနေ စပြီးထွက်လာက တည်းက ပါလာတဲ့ရှိစုမဲ့စုရွှေငွေပိုင်ဆို င်မှုအနည်းငယ်ကို ဝမ်းရေး၊ကျန်းမာ ရေးအတွက် ထုခွဲရောင်းချစားသုံးလာခဲ့ကြတာပါ။

မိသားစုဝင်လေးဦးနဲ့အတူ အိမ်ကထွက်လာတာ တနှစ်ကျော်ပြီဖြစ်တဲ့ ပေါက်တောမြို့မှ ဒေါ်ဆန်းဆန်းတို့ဆိုရင် လ ည်း စစ်ရှောင်ကာလတနှစ်ကျော်အတွ င်း နေရာသုံးခုထက်မနည်းမှာ ရွေ့ပြောင်း၊ ခိုလှုံနေထိုင်လာခဲ့ရပြီး ရှိစု၊ မဲ့စုရွှေ နားကပ်နှစ်ရံ၊ လက်စွပ်တစ်ကွင်းနဲ့ ဖုန်းသုံးလုံးတို့ကို ရောင်းချသုံးစွဲခဲ့ရပြီလို့ ဆိုပါတယ်။

“သမီးလေးနားကပ်၊ကျွန်မနားကပ် ရောင်းလိုက်ရပြီ။ဘာမှကို မကျန်တော့ဘူး။အရေးပေါ်သုံးစရာလည်းမရှိတော့ဘူး။” လို့ ချောင်းတဟွတ်ဟွတ်ဆိုးနေတဲ့ သမီးငယ်မျက်နှာ စိုက်ကြည့်ရင်း ဒေါ်ဆန်းဆန်းက ပြောပါတယ်။

ခုတော့ ဒေါ်ဆန်းဆန်းရဲ့အမျိုးသားဟာ ငါးဖမ်းစက်လှေမှာ နေ့စားအလုပ်သ မားအနေနဲ့ လိုက်လုပ်နေပြီး ဝမ်းရေး ဖြေရှင်းဖို့ကြိုးစားနေပေမယ့် ပုံမှန်မလိုက်ရတာကြောင့် ဝမ်းရေးခက်ခဲနေဆဲပဲလို့ ဆိုပါတယ်။

ပင်လယ်ပြင် ထွက်ကာ ငါးဖမ်းတဲ့ စက်လှေမှာ လိုက်လုပ်ရတာကြောင့် စစ်ကောင်စီရေတပ်တွေနဲ့ တိုးပြီး ဖမ်းဆီးခံရမှာကိုလည်း စိုးရိမ်နေရတယ်လို့ ဒေါ်ဆန်းဆန်းရဲ့အမျိုးသားက ပြောပါတ ယ်။

ငါးဖမ်းစက်လှေနေ့စားအလုပ်လုပ်ပြီး ဝမ်းရေးမလောက်မငှဖြေရှင်းနိုင်ပေမယ့် မိုးတွင်းကာလမှာတော့ ငါးဖမ်းလှေတွေ ရပ်နားတော့မှာမို့ ဒေါ်ဆန်းဆ န်းရဲ့အမျိုးသားဟာလည်း အလုပ်ပျော က်တော့မယ့်အရေးနဲ့ ကြုံလာရတော့မှာပါ။

“ရှေ့လဆို မိုးကျပြီ။ဘုတ်(စက်လှေ)မှာ လိုက်လို့မရတော့ဘူး။ စားရေးသောက်ရေးနဲ့အခက်အခဲဖြစ်တော့မယ်။ တမိုးကို ဘယ်လိုစားရမလဲ။ ဘယ်လိုနေမလဲ။ မိုးတစ်မိုးကို ဘယ်လိုဖြတ်သန်းရမလဲတောင် မသိသေးဘူး။” လို့ ဒေါ်ဆန်းဆန်းက ပြောပါတယ်။

ဒေါ်ဆန်းဆန်းတို့အဖို့ စားရေးအပြင် ကလေးမီးဖွားရမယ့်အရေးကလည်း ရှိနေပါသေးတယ်။

ရှေ့လဆိုရင် ကိုးလလွယ်ထားပြီဖြစ်တဲ့ ဒေါ်ဆန်းဆန်းရဲ့ ဗိုက်ထဲမှ ရင်သွေးငယ်ဟာလည်း လူ့လောကအပြင်သို့ ရော က် မီးဖွားရတော့မှာပါ။

ဒါပေမယ့် ဒေါ်ဆန်းဆန်းတို့မိသားစုမှာ ရှိစု၊ မဲ့စုရွှေတိုငွေစေတွေလည်း ကုန်ပြီ၊ ထပ်မံစုဆောင်ဖို့ကလည်း တနေ့စာစား စရာအတွက်ပင် လောက်ငှရုံမရှာနိုင်တဲ့အခြေအနေမို့ ထပ်မံပြီးလည်း စုဆောင်းနိုင်တာမရှိသေးဘူးလို့ ဆိုပါတယ်။

ဆေးရုံ၊ ဆေးခန်းသွားပြီး မွေးရရင် လမ်းစရိတ်မရှိ၊ ဆေးဖိုးဝါးခအတွက် တပြားတချပ်စုထားနိုင်တာမရှိတော့ လွ တ်လွတ်ကင်းကင်းအဆင်ပြေပြေမီး ဖွားနိုင်ဖို့သာ ဆုတောင်းမျှော်လင့်နေရတယ်လို့ ဒေါ်ဆန်းဆန်းက ပြောပါတယ်။

ဒါပေမယ့် ကြိုမမြင်နိုင်တဲ့ သူ့ရင်သွေးမီးဖွားရမယ့်အရေး တွေးကာ ရင်ထဲမွန်းကြပ်၊ ပူလောင်နေမိတယ်လို့ သူမက ပြောပါတယ်။

“သားသမီးနှစ်ယောက်ကတော့ လွယ်လွယ်ကူကူမွေးထားတယ်။ဘယ်လိုဖြစ်လာမလဲမသိတော့ပါဘူး။” လို့ က လေးငယ်ကို ရင်ခွင့်ပိုက်နို့တိုက်နေရာကနေ အဝေးကိုငေးရင်း ပြောပါတယ်။

ခုလို စားရေးအခက်အခဲ၊ ကလေးကျန်း မာရေး၊မီးဖွားရမယ့်အရေး တွေးမိတိုင်း ဆို့နင့်မွန်းကြပ်နေရတဲ့ ဒေါ်ဆန်းဆန်းဟာ နေရပ်ပြန်ချင်စိတ်တွေ မကြာခဏဖြစ်မိတယ်လို့လည်း ဆိုပါတယ်။

“အိမ်ပြန်မယ်ဆိုရင်တော့ စိတ်ထဲမှာ စိတ်ချမ်းသာတာပေ့ါနော်။ပျော်မိတယ်။တဖက်မှာလည်း ပြန်သွားလို့ ဘယ်ကို စားနေမလဲ။ဘာကိုလုပ်စားကိုင်မလဲဆိုတဲ့ အတွေးဝင်လာရော။” လို့ တိုက်ပွဲကြား နေအိမ်တခြမ်းပျက်စီးသွား ခဲ့ရတဲ့ ဒေါ်ဆန်းဆန်းက ပြောပါတယ်။

ဒေါ်ဆန်းဆန်းအပါအဝင် အာရက္ခပြည်အတွင်းမှ စစ်ဘေးရှောင်တို့အဖို့ နေရပ်ပြန်ရေးကတော့ ပိန်းပိတ်မှောင် မိုက်နေဆဲဖြစ်ပြီး ပြန်ခွင့်ရတော့မယ်ဆိုရင် တောင် အပျက်အစီးတွေကြား ပြန်လ ည်တည်ဆောက်ရအုံးမှာမို့ ဝမ်းရေးခက်ခဲနေအုံးမှာဖြစ်တယ်လို့ စစ်ရှောင်တွေက ဆိုကြပါတယ်။

PrevPreviousမြောက်ဦးမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးခြေတဖက်ပြတ်သွား
Nextအရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၂ ။Next
Previous Post

မြောက်ဦးမြို့နယ်မှာ မြေမြုပ်မိုင်းနင်းမိလို့ အရပ်သားတဦးခြေတဖက်ပြတ်သွား

Next Post

အရှေ့တီမော၏အခင်းအကျင်းအားလေ့လာခြင်း ၂ ။

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

March 11, 2026

နီပေါရွေးကောက်ပွဲမှာ ရာစထရိယဆွာတန်တရပါတီဦးဆောင်နေ

March 11, 2026

မောင်တောမြို့နယ်လေးမိုင်မှာ လက်နက်ခဲယမ်းတွေ ဖမ်းမိ

March 11, 2026

ဒုံးပိုက်ရွာအနောက်ဖက် ပင်လယ်ကမ်းခြေမှာအမျိုးသားတလောင်းတွေ့

March 10, 2026

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

​မဲဆောက်ရှိအထည်ချုပ်စက်ရုံတွေမှာ အထောက်အထားမဲ့မြန်မာလုပ်သား ၃၀ ကျော်ဖမ်းဆီးခံရ

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

ညောင်လေးပင်မှာ စစ်ကော်မရှင်တပ်ကြောင့် ဒဏ်ရာရလာတဲ့အရပ်သားတွေကို ပကဖမှဆေးကုပေး

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

Releated Post

​ယင်းမာပင်ရဲမေအမှုကျူးလွန်သူတွေကို အရေးယူမယ်လို့ NUG ထုတ်ပြန်

March 11, 2026

ဟော်မုဇ်ရေလက်ကြားမှာ ထိုင်းကုန်တင်သင်္ဘောတိုက်ခိုက်ခံရပြီး သင်္ဘောသား ၃ ဦးပျောက်ဆုံးနေ

March 11, 2026
Photo-Thai PBS

​မဲဆောက်ရှိအထည်ချုပ်စက်ရုံတွေမှာ အထောက်အထားမဲ့မြန်မာလုပ်သား ၃၀ ကျော်ဖမ်းဆီးခံရ

March 11, 2026
Photo - Ye Guerrilla Force No.8001 Battalions Medical Teams

ရာမညမွန်တပ်တော်ရဲ့ရှေ့ဦးသူနာပြုစုနည်းသင်တန်း

March 11, 2026

ညောင်လေးပင်မှာ စစ်ကော်မရှင်တပ်ကြောင့် ဒဏ်ရာရလာတဲ့အရပ်သားတွေကို ပကဖမှဆေးကုပေး

March 11, 2026

အမ်းရှိစစ်သုံ့ပန်းစခန်းကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့အကျည်သား နှစ်ရာခန့်သေဆုံး

March 11, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page