Border News Agency

Facebook Twitter Youtube

BNA

  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
  • သတင်း
    • နိုင်ငံရေး
    • စစ်ရေး
    • ကျမ်းမာရေး
    • စီးပွားရေး
    • နိုင်ငံတကာ
    • စစ်ဘေးရှောင်
  • ဆောင်းပါး
  • လူ့အခွင့်အရေး
  • ဓာတ်ပုံသတင်း
  • မာတီမီဒီယာ
    • ဗီဒီယို
    • ရေဒီယို
  • အာရက္ခဒေသ
    • ကျောက်ဖြူခရိုင်
    • စစ်တွေခရိုင်
    • တောင်ကုတ်ခရိုင်
    • မြောက်ဦးခရိုင်
    • မောင်တောခရိုင်
    • သံတွဲခရိုင်
    • အမ်းခရိုင်
  • အခြား
    • အမျိုးသမီးကဏ္ဍ
    • သဘာဝပတ်ဝန်းကျင်
    • မသန်စွမ်း
ဆောင်းပါး သဘာဝပတ်ဝန်းကျင် အာရက္ခဒေသ

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အာရက္ခဒေသ ခံနိုင်ရည်ရှိမှာလား

Author picture

By

BNA Author
Reading Time: 3 mins read
0
A A
0
SHARES
35
VIEWS
Share on FacebookShare on Twitter

ရခိုင်ကမ်းရိုးတန်း

ရခိုင်ကမ်းရိုးတန်းဟာ မြန်မာနိုင်ငံရဲ့အနောက်ဘက်မှာ ဖြူလွှလွှသဲသောင်ပြင်တွေ၊မြင့်မားမဲညို့ကျောက် ဆောင်ကြီးတွေ၊လေယူရာယိမ်းနှုတ်ဆက်နေတဲ့ စီရီရီအုန်းပင်တန်းတွေနဲ့အနားသတ်အလှဆင်ထားကာ သဘာဝပန်းချီကားကြီးပမာ တင့်တယ်လှပလွန်းစွာတည်ရှိနေပါတယ်။

အဲဒီအပြင် အပြာရင့်ရောင်ရေပြင်ကြီးမှာ မျောနေတဲ့အစိမ်းရောင်သစ်တောကြီးတွေလို တည်ရှိနေတဲ့ ဒီရေတောအုပ်တွေကလည်း ရခိုင်ကမ်းရိုးတန်းရဲ့တန်ဖိုးဂုဏ်ကို ပိုတိုးစေပါတယ်။

အဲဒီရခိုင်ကမ်းရိုးတန်းမှာ လူနေထိုင်တဲ့ကျွန်းပေါင်း ၉၃ ကျွန်းနဲ့လူမနေတဲ့ကျွန်းပေါင်း ၅၁ ကျွန်း စုစု ပေါင်း ၁၄၄ ကျွန်းရှိပြီး ဖရုံကာကျွန်း၊ နံ့သာကျွန်းနဲ့ကျီးကျွန်းတို့မှာ ထင်ရှားတဲ့ကျွန်းတွေပင်ဖြစ်ပါတယ်။

ရခိုင်ကမ်းရိုးတန်းတလျှောက်ကျွန်းတွေပေါ်က သဘာဝတောတောင်တွေ၊ လမုတောကြီးတွေဟာ ဘင်္ဂလားပင်လယ်အော်ကတိုက်ခတ်လာတဲ့ လေပြင်းဒဏ်၊မုန်တိုင်းဒဏ်၊ရေလှိုင်းဒဏ်တွေကို အကာ အကွယ်ဖို့ သဘာဝတရားကဖန်တီးပေးထားတဲ့ တံတိုင်းကြီးတွေပင်ဖြစ်ပါတယ်။

အဲဒီလိုသဘာဝတရားတွေကြောင့်တင့်တယ်လှပနာမေကြီးသလို သဘာဝဘေးဒဏ်တွေကိုလည်း တခြားဒေသတွေထက် ပိုမိုဆိုးဝါးစွာကြုံတွေ့ခံစားကြရတာမို့ ရခိုင်ကမ်းရိုးတန်းဟာ ခေတ်အဆက်ဆ က်မှာ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်တွေကို အလူးအလဲခံစားကြုံတွေ့ရင်ဆိုင်ရင်ခဲ့ရ၊ ရင်ဆိုင်နေ ကြရဆဲဖြစ်ပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ်စစ်အာဏာသိမ်းမှုနဲ့အတူ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတာမို့ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တွေရဲ့ လုပ်ငန်းတွေဟာလည်း လုံးဝရပ်ဆိုင်းနေတဲ့ အခြေအနေကို ဖြစ်သွားစေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ဒီရေတောတွေ ဘာကြောင့်အရေးကြီးသလဲ

ရခိုင်ကမ်းရိုးတန်းမှာ သဘာဝလက်ဆောင်ဒီရေတောတွေဟာ သဘာဝအတိုင်းပေါက်ရောက်တည်ရှိ နေကြပါတယ်။

အဲဒီဒီရေတောတွေဟာ ကမ်းခြေနေဒေသခံတွေအတွက် သက်မွေးဝမ်းကျောင်းငါးဖမ်းလုပ်ငန်းတွေ အတွက်သာမက နေအိမ်ဆောက်လုပ်ဖို့နဲ့ လောင်စာအတွက်ပါ မှီခိုအားထားရာလည်းဖြစ်ပါတယ်။

ဒီရေတောတွေဟာ လူတွေရဲ့ လူမှုဘဝမှာ စားနပ်ရိက္ခာ၊ လောင်စာ၊ ဆေးဖက်ဝင်အစာအတွက် အသုံးဝင် နေသလို ဆိုင်ကလုန်းမုန်တိုင်း၊ဆူနာမီလို သဘာဝဘေးအန္တရာယ်တွေကနေ လူ့အသက်တွေကို ကယ်ဆ ယ် ပေးနေပါသေးတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၈ ခုနှစ်၊ မေလက တိုက်ခတ်ခဲ့တဲ့အပြင်းထန်ဆုံးနာဂစ်မုန်တိုင်းဝင်ရောက်တုန်း ဧရာဝ တီမြစ်ဝကျွန်းပေါ် ဒေသ ကဒုံကနိကြိုးဝိုင်းနဲ့ မိန်းမလှကျွန်းဘေးမဲ့တောကြောင့်လူပေါင်းများစွာ အသက်ရှင်သန်ခွင့်ရရှိခဲ့တဲ့သဓကရှိခဲ့ပါတယ်။

မုန်တိုင်းဒဏ်ကို နှစ်စဉ်နီးပါးခံစားကြုံ တွေ့နေကြရတဲ့ ရခိုင်ကမ်းရိုးတန်းမှာလည်း ပြင်းထန်တဲ့ မုန်တိုင်း အရှိန်အဟုန်ကို ဒီရေတောတွေက လျော့နည်းသွားစေပြီး အသက်အိုးအိမ်စည်းစိမ်တွေကိုထိခိုက်မှုနည်း အောင်သဘာဝအလျောက်တားဆီးပေးခဲ့ပါတယ်။

အဲဒီအပြင် ကမ္ဘာကြီးကိုပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့ကိုလည်း ကမ်းရိုးတန်းမှာ ပေါက်တဲ့ လမုပင်တွေက ပိုမိုစုပ်နိုင်တယ်လို့ ဆိုပါတယ်။

ရခိုင်ကမ်းရိုးတန်းကဒီရေတော

ဒီရေတောတွေကို အပူပိုင်းနဲ့အပူသမပိုင်းဒေသကမ်းရိုးတန်းတွေမှာ တွေ့ရပြီး မိုင်ပေါင်း ၁၃၀၀ ကျော် ရှည်လျားတဲ့ မြန်မာ့ကမ်းရိုးတန်းတလျောက် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ရခိုင်ကမ်းရိုးတန်းနဲ့ တနင်္သာရီကမ်းရိုးတန်းဒေသမှာ အများအပြားတွေ့ရှိရပါတယ်။

မြန်မာ့ဒီရေတောတွေဟာ ကမ္ဘာ့ဒီရေတောဧရိယာစုစုပေါင်းရဲ့သုံးဒဿမသုံး ရာခိုင်နှုန်းရှိပြီး ဒီရေတော ဧရိယာ (၁,၂၄၂,၁၉၀ ဧက)ပေါက်ရောက်နေတယ်လို့ World Mangrove Atlas ရဲ့၂၀၁၀ ခုနှစ်စာရင်းမှာ ဖော်ပြထားပါတယ်။

အဲဲဒါကြောင့် မြန်မာ့ဒီရေတောတွေဟာ အာရှဒေသမှာ တတိယအများဆုံး၊ ကမ္ဘာပေါ်မှာ သတ္တမမြောက် အများဆုံး ဒီရေတောပေါက်ရောက်တဲ့နိုင်ငံဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီရေတောဧက လေးသိန်းကျော်ရှိတဲ့ ရခိုင်ကမ်းရိုးတန်းမှာ ကျောက်ဖြူခရိုင်၊ရမ်းဗြဲမြို့နယ်အတွင်းကျ ရောက်တဲ့ ဝမ်ဖိုက်ဒီရေတောကြိုးဝိုင်းကို ၁၉၃၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ဧက ၅၆၆၀၀ ရှိပါတယ်။

အဲဒီအပြင် ရခိုင်ကမ်းရိုးတန်းဒေသက ပြုန်းတီးသွားတဲ့ဒီရေတောနေရာတွေမှာ ဒေသခံပြည်သူအစုအဖွဲ့ ပိုင်သစ်တောစိုက်ခင်းတွေကိုလည်း မြန်မာ့သစ်တောမူဝါဒ ၁၉၉၅ နဲ့အညီ တည်ထောင်ပေးသွားဖို့ စီစဉ် ထားရှိတယ်လို့လည်း NLD အစိုးရပြည်ထောင်စုဝန်ကြီးက ပြောဆိုခဲ့ပါတယ်။

အဲဒီဝမ်းဖိုက်ဒီရေတောကြီးဟာ အရှေ့ တောင်အာရှမှာ ဒုတိယအကြီးဆုံးဒီရေတောကြီးလည်း ဖြစ်ပါတယ်။

အဲဒီဝမ်းဖိုက်ဒီရေတောကြီးမှာ လင်းပိုင်မျိုးစိတ်တွေနဲ့ ရှားပါးငှက်မျိုးစိတ်တွေကိုလည်း တွေ့ရသလို ဒုတိယကမ္ဘာစစ်ကာလ ကမ္ဘာကျော်လမုတောကြီးလည်းဖြစ်ပါတယ်။

ဝမ်ဖိုက်ဒီရေတောတည်ရှိတဲ့ ရမ်းဗြဲကျွန်းဟာဧရိယာ ၅၂၀ စတုရန်းမိုင်ရှိပြီး စစ်တွေတောင်ဘက်မိုင် ၇၀ အကွာမှာတည်ရှိပါတယ်။

ဒါပေမယ့် ကမ္ဘာကျော် ရမ်းဗြဲကျွန်းပေါ်ကလမုတောဟာ လက်ရှိမှာတော့ အတားအဆီးမရှိ သစ်ခိုးထုတ် သူတွေကြောင့် ဒီရေတောဧရိယာဟာလည်းတဝက်မက ပျောက်ဆုံးခဲ့ရပြီး မိကျောင်းကြီးတွေကို မတွေ့ရတော့ဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဝမ်ဖိုက်ဒီရေတောကို ထိန်းသိမ်းမှုမရှိဖြစ်သွားပြီး တရားမဝင် ခိုးခုတ်သူတွေ ပိုများလာနေတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။

အဲဒီလိုအတားအဆီးမဲ့သစ်ခိုးထုတ်မှုကြောင့် ဒီရေတောပျက်စီးလာတာနဲ့အမျှ လှိုင်းဒဏ်၊လေဒဏ် ကြောင့် ဝမ်ဖိုက်ဒီရေတောကြီးကို ဖြတ်သန်းဖောက်လုပ်ထားတဲ့ ကျောက်ဖြူ- ရမ်းဗြဲ- မအီကားလမ်း မှာလည်း ပျက်စီးသွားနိုင်တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာဏာပိုင်တွေက ထိထိရောက်ရောက် တားဆီးကာကွယ်တာမရှိလို့ ဒီရေတောထိန်းသိမ်းရေးလုပ် ဆောင်နေသူတွေနဲ့ ဒေသခံတွေစုပေါင်းပြီး ဝမ်ဖိုက်ဒီရေတောစောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေး ကော်မတီတစ်ခုကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၂၉ ရက်က ဖွဲ့စည်းခဲ့ပါသေးတယ်။

အဲဒီကော်မတီက ဝမ်ဖိုက်ဒီရေတောမှ တရားမဝင်သစ်ထုတ်လုပ်မှု၊လောင်စာထင်းမီးသွေးထုတ်လုပ် မှုကို တတ်နိုင်သလောက်ကာကွယ်ခဲ့ကြပါတယ်။

ရခိုင်မှာ ငါးပုစွန်ကန်တွေ တူးဖော်ခဲ့တာ၊ဆားကွင်းဖော်ထုတ်ခဲ့တာ၊စိုက်ပျိုးမြေတိုးချဲ့တာ၊မီးသွေးဖုတ်ဖို့ သစ်ပင်ခုတ်တာတွေကြောင့် ဒီရေတောများ စွာပျက်စီးခဲ့ပြီး ဒီရေရောက်တော ဧကလေးသိန်းကျော်ရှိ နေသေးတယ်လို့ဆိုကြပေမယ့် အများစုမှာ ခုတ်လွန်တောပျက်တွေ ဖြစ်နေတယ်လို့ ဒီရေတောထိန်း သိမ်းရေးလုပ်ဆောင်သူတွေက ဆိုကြပါတယ်။

မီးသွေးဖုတ်ဖို့၊အုတ်ဖုတ်ဖို့အတွက် ချိန်းဆော (Chain Saw) တွေကို အသုံးပြုပြီး နေ့စဉ် လမုပင်တွေကို ခုတ်နေတာက ဒီရေတောကို ပျက်စီးမြန်စေတယ်လို့ ပညာရှင်တွေ၊ လေ့လာသူတွေက ထောက်ပြပြောဆိုကြပါတယ်။

မြန်မာနိုင်ငံမှာ လမုပင်တွေလျော့ပါးသွားရတဲ့အကြောင်းရင်းထဲမှာ ရာသီဥတုကြောင့်နဲ့ လူတွေရဲ့ မဆင် မခြင်ခုတ်ထွင်ရှင်းလင်းမှုတွေကြောင့်လို့ ပညာရှင်တွေက ထောက်ပြပါတယ်။

ကမ္ဘာ့ရာသီဥတုပြောင်းလဲသက်ရောက်မှုခံစားလာရတဲ့ရခိုင်ကမ်းရိုးတန်း

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားရတဲ့နိုင်ငံတွေထဲက ခံစားရဆုံးနိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်ပါတယ်။

အဲဒီမြန်မာနိုင်ငံထဲမှာ ရခိုင်၊တနင်္သာရီနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွေက မုန်တိုင်းဒဏ်ကို ပိုမိုခံစား ကြုံတွေ့ကြရပြီး မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားကြရသလို မြန်မာပြည် မြောက်ဘက်ပိုင်းမှာလည်း ရေဘေးဒဏ်ကို ခံစားကြုံတွေ့ကြရပါတယ်။

ရခိုင်ကမ်းရိုးတန်းဒေသဟာ နှစ်စဉ်လိုလိုမုန်တိုင်းဒဏ်ကို ခံစားကြုံတွေ့ကြရပြီး ဘင်္ဂလားပင်လယ်အော် မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းအားလုံးဒဏ်ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ခံစားရလေ့ရှိပါတယ်။

၂၀၀၀ ပြည့်နှစ်မတိုင်မီက မုန်တိုင်းဟာ ပျဉ်းမျှသုံးနှစ်မှာ တကြိမ်လောက်ဖြစ်ခဲ့ပေမယ့် ခုနှစ်ပိုင်းမှာ နှစ်စဉ်လိုလို မုန်တိုင်းဘေးဒဏ်ကို ခံစားကြုံတွေ့လာကြရပါတယ်။

ရခိုင်ကမ်းရိုးတန်းကို ဝင်ရောက်တိုက် ခတ်ခဲ့တဲ့ မုန်တိုင်းကြီးတွေ

ဘင်္ဂလားပင်လယ်အော်မှာ ၁၈၇၇ ခုနှစ်မှ ၂၀၀၅ ခုနှစ် အတွင်း မုန်တိုင်း ၁၂၄၈ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး မြန်မာကမ်းရိုးတန်းကို အကြိမ် ၈၀ ဝင်ရောက်ခဲ့တယ်လို့ အာရှဒေသ၂၀၁၀ ဇွန်မှာသဘာဝဘေးကြိုတင် ပြင်ရေးဌာန ကထုတ်ဝေခဲ့တဲ့ မြန်မာနိုင်ငံ၏ သဘာဝဘေးများအကြောင်း စာအုပ်မှာ မိုးလေဝသမှတ် တမ်းတွေကို ကိုးကားရေးသားထားပါတယ်။

အဲဒီအထဲမှာ ၁၉၃၆ ခုနှစ်၊ဧပြီလ မှာ တိုက်ခတ်ပြီး လူတစ်ထောင်ဦးခန့်သေဆုံးခဲ့တဲ့ ကျောက်ဖြူမုန်တိုင်း၊ ၁၉၆၈ ခုနှစ်၊မေလမှာ လေတိုက်နှုန်းတစ်နာရီမိုင် ၈၀ မှ၁၀၀ထိတိုက်ခတ်ပြီးလူ ၁၀၃၇ ဦးသေဆုံးခဲ့ တဲ့စစ်တွေမုန်တိုင်းတွေဟာ ရခိုင်ကမ်းရိုးတန်းကို ဝင်တိုက်တဲ့မုန်းသမိုင်းမှာ အပြင်းထန်ဆုံးမုန်တိုင်းတွေ ဖြစ်ခဲ့ပါတယ်။

အဲနောက်ပိုင်း ၂၀၀၄ ခုနှစ်၊မေလ မှာ တစ်နာရီ ၁၀၅မိုင်နှုန်းတိုက်ခတ်ပြီးလူ၂၂၈ဦးသေဆုံးခဲ့တဲ့ စစ်တွေ-မြေပုံမုန်တိုင်း၊ ၂၀၀၇ ခုနှစ်၊မေလ မှာ စစ်တွေအနီးမှ တစ်နာရီမိုင် ၈၀ ခန့်တိုက်ခတ်ခဲ့ပြီး လူ ၂၉၁ ဦးသေဆုံးခဲ့တဲ့ အကာ့ရှ်မုန်တိုင်း နဲ့ ၂၀၁၀ ခုနှစ်၊အောက်တိုဘာ မှာ တစ်နာရီ မိုင် ၁၂၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ပြီး လူ ၄၅ ဦးသေဆုံးခဲ့တဲ့ ဂီရိမုန်တိုင်းတွေဟာတွေဟာလည်း အင်အားပြင်းမုန်တိုင်းတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလ မှာတစ်နာရီ ၁၃၇ မိုင်နှုန်းတိုက်ခတ်ပြီး လူ ၁၄၈ဦးသေဆုံးခဲ့တဲ့ မိုခါမုန်တိုင်းကတော့ မြန်မာ့သမိုင်းမှာ အပြင်းထန်ဆုံးမုန်တိုင်းအဖြစ်မှတ်တမ်းဝင်သွားပါတယ်။

အဲဒီလိုဆိုင်ကလုံးမုန်တိုင်းတွေ ဝင်ရောက်ရာလမ်းကြောင်းမှာ ကျရောက်နေတဲ့ ရခိုင်ကမ်းရိုးတန်းဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို တိုက်ရိုက်ခံစားကြုံတွေ့ လာရတဲ့ဒေသဖြစ်ပါတယ်။

ချောင်ထိုးခံထားရတဲ့ စီမံချက်တွေ

ရခိုင်ကမ်းရိုးတန်းဟာမုတ်သုန်ရာသီဥတုမျိုးဖြစ်ပြီးမိုးများတဲ့ဒေသဖြစ်သလိုအပူအအေးမပြင်းထန်ပေမယ့် အပူဆုံးလမှာ မေလ ဖြစ်ပြီး အအေးဆုံးလမှာ ဇန်နဝါရီဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်တဲ့ မုန်တိုင်းကြောင့် နေအိမ်တွေပျက်စီးတာ၊ ရေကြီးတာကို နှစ်စဉ်ကြုံတွေ့ကြရပါတယ်။

ရခိုင်ပြည်အတွင်းသက်ရောက်ခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်တွေထဲ ၂၀၁၄၊၂၀ ၁၆၊၂၀၁၇ ခုနှစ်တွေမှာ မိုးကြီးရေကြီးတာတွေဖြစ်ခဲ့ပြီး ယခု ၂၀၂၄ သြဂုတ် လဆန်းမှာလည်း မိုးကြီးရေကြီးတာဖြစ်ခဲ့ ပါသေးတယ်။

မုန်တိုင်းတွေဟာ မိုးဦးနဲ့မိုးနှောင်းကာ လတွေမှာ အဖြစ်များပေမယ့် တခါတရံမိုးလယ်ကာတွေမှာလည်း တိုက်ခတ်တတ်ပါတယ်။

အမြင့်ပိုင်းနေရာဒေသမှာ မိုးသည်းထန်စွာရွာသွန်းရင် မြစ်ချောင်းတွေကို မိုးရေစီးဝင်လာတာကြောင့် အနိမ့်ပိုင်းနဲ့ဆက်စပ်နေရာတွေမှာလည်းမိုးသည်းထန်နေချိန်၊ဆိုင်ကလုန်းမုန်တိုင်းတိုက်ချိန်၊ဒီရေမြင့်ချိန်နဲ့ မြစ်ရေကြီးချိန်တွေမှာ ရေလွှ မ်းမိုးမှုဖြစ်ပေါ်စေပါတယ်။

ရခိုင်မှာ သစ်တောဖုံးလွှမ်းတဲ့ ဧရိယာ ၄၆.၆၄ ရာခိုင်နှုန်းရှိပြီး သစ်တောကြိုးဝိုင်း ဧရိယာ ၂၁၃၀၁၈၇ ဧကရှိပါတယ်။

သစ်တောကြိုးဝိုင်း ၃၈ ခုရှိပေမယ့် လူဦးရေတိုးတက်လာမှုနဲ့အတူ သစ်တောကြိုးဝိုင်းဧရိယာတွေမှာ ကျူးကျော်ဝင်ရောက်မှုကြောင့် ဧက ၅၅၅၁၂.၈၃ခန့် ပျက်စီးမှု ကြုံတွေ့နေရပါတယ်။

ရခိုင်ပြည်အတွင်း ကမ်းပါးပြိုတာတွေနည်းပါးရေး ဒီရေတောတွေ စိုက်ပျိုးတာထိန်းသိမ်းတာတွေ ဆောင်ရွက်နေပေမယ့် ကြိုးဝိုင်း၊ကြိုးပြင် ကာကွယ်တောတွေ သတ်မှတ်ထားတာမရှိတာကြောင့် မြို့နယ်တွေရဲ့ သဘာဝပတ်ဝန်းကျင်အနေအထားဟာ ပုံစံမျိုးစုံ၊န ည်းမျိုးစုံနဲ့ထိခိုက်ပျက်စီးနေတယ်လို့ ၂၀၁၉ခုနှစ်၊စက်တင်ဘာလမှာအတည်ပြုရေးဆွဲခဲ့တဲ့ရခိုင်ပြည်သဘာဝဘဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်မှာ ဖော်ပြပါရှိပါတယ်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့လုပ်ငန်းနဲ့ရာသီဥတုပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သဘာဝဘေးတွေကို ကိုင်တွယ်ဖြေရှင်းတဲ့လုပ်ငန်းတွေကို အာဏာပိုင်အစိုးရက ဘဏ္ဍာငွေသုံးစွဲ လုပ်ဆောင်မှဖြစ်တဲ့အနေအထားဖြစ်ပါတယ်။

လူထု အပေါ် သြဇာကြီးတဲ့ အဖွဲ့အစည်း၊ လူထုက အားကိုးယုံကြည်တဲ့ လူမှုအဖွဲ့အစည်း တွေရဲ့ သတိပေးချက်တွေကလည်း ထိရောက်မှုရှိပါတယ်။

ဒါပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ကြုံတွေ့နေရတဲ့ အသက်ရှင်ရပ် တည်ရေးအတွက် ရုန်းကန်နေရတဲ့ပြည်သူတွေအဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းစဉ်ဟာဦးစားပေးအခန်းကဏ္ဍတခုဖြစ်မလာတော့ဘူးလို့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူတွေကထောက်ပြကြပါတယ်။

အရင်အစိုးရလက်ထက်ကရေးဆွေးထားခဲ့တဲ့သဘာဝဘဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းစီမံချက်တွေလည်း ချောင်ထိုးခံထားရတဲ့အနေအ ထားသို့ ရောက်သွားတယ်လို့ ဆိုကြပါတယ်။

ဒီလိုအချိန်မှာသဘာဝဘေးအန္တရာယ်အတွက်သက်ဆိုင်ရာဒေသမှာသြဇာသက်ရောက်တဲ့အဖွဲ့အစည်းတွေ၊ရပ်ရွာကိုဦးဆောင်တဲ့လူပုဂ္ဂိုလ်တွေ၊ရပ်ရွာလူထုအရပ်ဘက်အဖွဲ့အစည်းတွေကပြည်သူကိုသတင်းပေးတာ၊ဘေးလွတ်ရာရွှေ့ပြောင်းပေးတာ၊နေရာချထားပေးတာ၊ကူညီကယ်ဆယ်တာ၊လူသားချင်းစာနာမှုပေးတာတွေကိုချိတ်ဆက်လုပ်ဆောင်ရမယ့်အနေအထားသို့ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ ဆိုကြပါတယ်။

မုန်တိုင်းဖြစ်လာရင်

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂ ၁ ခုနှစ်၊ဖေဖော်ဝါရီလက စတင်ပြီးမနားတမ်းမြင့်တက်လာခဲ့တဲ့ လူသားချင်းစာနာမှုအကျပ်အတည်းတွေပိုမိုနက်ရှိုင်းလာတာနဲ့အမျှ ၂၀၂၄ ခုနှစ်ဟာအန္တရာယ်ရှိတဲ့အနေအထားတခုမှာ ရပ်တည်နေတယ်လို့ ၂၀၂၃ ခုနှစ်၊ဒီဇင် ဘာလ ၁၈ ရက်နေ့က ထုတ်ပြန်တဲ့ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ရဲ့ ဖြိုခွင်းမှုကြောင့် တနိုင်ငံလုံး တော်လှန်စစ်ပွဲတွေဖြစ်ပေါ်နေပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတက်ကြွလှုပ်ရှားသူတွေနိုင်ငံကနေထွက်ခွာသွားရတာ၊ဖမ်းဆီးခံရတာနဲ့ပုန်းအောင်းနေရတာတွေကြောင့်လူမှုကူညီကယ်ဆယ်ရေးနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်းတွေလည်းနည်းပါးကုန်တယ်လို့ ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာရခိုင်ပြည်ဟာအနွမ်းပါးဆုံးနဲ့လူဦးရေအထူထပ်ဆုံးဖြစ်ပြီး အခြေခံနိုင်ငံရေးပဋိပက္ခ၊ ရေရှည်ခံစားနေရတဲ့ဆင်းရဲနွမ်းပါးမှု၊လူမှုပတ်ဝန်းကျင်မှချန်လှပ်ခံရမှု၊ရာသီဥတုဖောက်ပြန်မှုအကျိုးဆက်တွေနဲ့ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်စွမ်းနည်းပါးတာ သမိုင်းကြောင်းရှိတယ်လို့လည်း UNDP က ဆိုထားပါတယ်။

လက်နက်ကိုင်ပဋိပက္ခအကြောင်းပြကာစစ်ကောင်စီက ရခိုင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေကိုကန့်သတ်တားဆီးတာ၊လမ်းပန်းဆက်သွယ်ရေးဖြတ်တောက်ခံထားရတာနဲ့အင်တာနက် ၊တယ်လီဖုန်းဆက်သွယ်ရေးတွေပြတ်တောက်နေတာက သတင်းအချက်အလက်ရရှိစေမှုကို ခက်ခဲသွားစေတယ်လို့ ဝေဖန်ပြောဆိုကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက် လူမှုကူညီကယ်ဆယ်ရေးတွေ တားဆီးပိတ်ပင်တာ၊ထိရောက်တဲ့ သဘောဝအစီအမံတွေ မရှိတာတွေကြောင့် သဘာဝဘေးဒဏ်သင့်ဒေသကပြည်သူတွေ များစွာ အတိဒုက္ခရောက်ကြရတယ်လို့လည်းဆိုကြပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၃ ခုနှစ်ကတိုက်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကိုကြည့်မယ်ဆိုရင်တောင် သာဓကအနေနဲ့သိနိုင်တယ်လို့ ဆိုကြပါတယ်။

၂၀၂၃ ခုနှစ်၊ မေ ၁၄ ရက်မှာ အမြင်ဆုံး လေတိုက်နှုန်း တစ်နာရီ ၁၃၇ မိုင်နှုန်းနဲ့ မိုခါဆိုင်ကလုန်းကြောင့် လူပေါင်း ၁၄၈ ဦးသေဆုံးခဲ့ရပြီး နေအိမ်အဆောက်အဦးပျက်စီးမှုတန်ဖိုးငွေကျပ် ၅၂၂ ဘီလီယံ ရှိတယ်လို့ ထုတ်ပြန်ကြပါတယ်။

မိုခါမုန်တိုင်းကြောင့် ရခိုင်နဲ့မြောက်ပိုင်းဒေသက လူပေါင်း ၅.၄ သန်း မုန်တိုင်းဒဏ်ခံရပြီး ၃.၂သန်းမှာ လူသားချင်းစာနာမှုဆိုင်ရာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (OCHA)က မုန်တိုင်းတိုက်ပြီး ၃ ရက်အကြာ ၂၀၂၃ ခု မေ ၁၇ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်ကောင်စီက မုန်တိုင်းသင့်ဒေသတွေကို အကူအညီကယ်ဆယ်ရေးပေးမယ့် ယူအင်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကိုတားဆီးတာ၊ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေထိထိရောက်ရောက်လုပ်ဆောင်မပေးတာ၊သတင်းအချက်အလက်ကိုပိတ်ပင်ထားတာ၊မုန်တိုင်းကိုအကြောင်းပြနိုင်ငံရေးအမြတ်ထုတ်တာတွေကို မြင်တွေ့ခဲ့ရတယ်လို့ဝေဖန်ပြောဆိုနေကြပါတယ်။

မိုခါမုန်တိုင်းနောက်ပိုင်းခံစားကြုံတွေ့ကြရတဲ့ အကျပ်အတည်းတွေနဲ့အတူစားနပ်ရိက္ခာမဖူလုံတာ၊ကျန်းမာရေးစနစ်အကျပ်အတည်းဖြစ်သွားတာ၊ပညာရေးစနစ်ပြတ်တောက်သွားတာ၊များစွာသောပြည်သူတွေကကြောက်လန့်မှုကြားကနေဘေးလွတ်ရာကိုတိမ်းရှောင်ထွက်ပြေးနေကြရတာစတဲ့စိန်ခေါ်မှုတွေကလည်းအခြေအနေကိုပိုမိုဆိုးရွားစေတယ်လို့UNOCHAရဲ့မြန်မာနိုင်ငံလူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးလုပ်ငန်းက ၂၀၂၃ ခုနှစ်၊ဒီဇင်ဘာလမှာ ဖော်ပြခဲ့ပါတယ်။

ဒီရေတောတွေပျက်စီးမှုမြန်ဆန်လာတာဟာ ဒေသတွင်းစစ်ပွဲတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိထိ ရောက်ရောက် ကာကွယ်မှုမပေးနိုင်တာတွေကလည်း ရာသီဥတုပြောင်းလဲမှုရဲ့ အကျိုးဆက် သဘာဝ ဘေးအန္တရာယ်ကို ဒေသခံတွေ အရင်ထက် ပိုခံစားကြုံတွေ့ကြရမယ့်အခြေအနေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

အဲဒါကြောင့်လက်နက်ကိုင်ပဋိပက္ခတွေပြင်းထန်နေတဲ့အာရက္ခဒေသသို့ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်လာရင်ဒေသခံပြည်သူတွေဆိုးဝါးတဲ့ဘေးဒုက္ခကိုဖြစ်စေနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်နေကြပါတယ်။

အာရက္ခဒေသကမြို့အများစုကိုရက္ခိုင့်တပ်တော် (AA)ကတိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ထားပြီးပြည်နယ်မြို့တော် အပါအဝင် မြို့အနည်းငယ်ကို စစ်ကောင်စီကခုခံကာကွယ်နေရတဲ့အနေအထားဖြစ်နေတယ်လို့ အာရက္ခပြည်သူတွေက ဆိုကြပါတယ်။

ရက္ခိုင့်တပ်တော်(AA)မှာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ပတ်သက်လို့မူဝါဒတွေရေးဆွေးထားသလားဆိုတာ မသိရပေမယ့် ရှားပါးတောရိုင်းတိရစ္ဆာန်တွေကို ဖမ်းဆီးသတ်ဖြတ်တာ မလုပ်ဖို့တားမြစ်တဲ့ ထုတ်ပြန်ချက် ထုတ်ထားတာကို တွေ့ရပါတယ်။

ဒါ့အပြင် သဘာဝဘေးဖြစ်တဲ့မုန်တိုင်းတိုက်ခတ်တာ၊ရေကြီးတာဖြစ်ရင် အရေးပေါ်ကူညီကယ်ဆယ်ရေးတွေကိုတပ်တော်ကလုပ်နေတာကိုတွေ့ရပြီးကူညီထောက်ပံ့ရေးကော်မတီတခုဖွဲ့စည်းထားတာကိုလည်း တွေ့ရပါတယ်။

အဲဒီလို ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုးကျိုးကို အာရက္ခဒေသခံနိုင်ရည်ရှိစေဖို့ အာရက္ခဒေသတခုလုံးကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ထိန်းချုပ်ပြီးစီမံအုပ်ချုပ်မယ့်အာရက္ခတပ်တော်(AA)မှာကမ္ဘာ့ရာသီဥတုပြောင်းလဲမှုကို ကြိုတင် ကာကွယ်မယ့်အစီအမံတွေရေးဆွဲရှိနေ မှ အာရက္ခဒေသခံနိုင်ရည်ရှိမယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလှုပ် ရှားသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

PrevPreviousမောင်တောမှာ မွတ်ဆလင်အများအပြား လက်နက် ကြီးထိမှန်သေဆုံး
Nextမောင်တောမြို့ပေါ်မှ မွတ်ဆလင်တွေ အာရက္ခတပ်တော်ထိန်းချုပ်မြေသို့ခိုလှုံလာNext
Previous Post

မောင်တောမှာ မွတ်ဆလင်အများအပြား လက်နက် ကြီးထိမှန်သေဆုံး

Next Post

မောင်တောမြို့ပေါ်မှ မွတ်ဆလင်တွေ အာရက္ခတပ်တော်ထိန်းချုပ်မြေသို့ခိုလှုံလာ

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

Related Posts

ဓာတ်ပုံ - လူမှုကွန်ရက်

ပိတ်ထားတဲ့ မီဇိုရမ်-ပလက်ဝနယ်စပ်လမ်း ရှာဟာခရိုင်ဘက်မှ ပြန်ဖွင့်

February 19, 2026
Photo - Golden Era Media

စစ်တွေခရိုင်မှာ နီပါးဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးနေ

February 19, 2026
Photo-ONN

အာရက္ခဒေသမှာ ယာဉ်စည်းကမ်းတင်းကျပ်ပြီး အသိပညာပေးမှုတွေလုပ်နေ

February 18, 2026
Photo - Golden Era Media

​မောင်တောမြောက်ပိုင်းမှာ အာရက္ခအစိုးရက လမ်းတံတားတွေပြန်လည်ပြုပြင်နေ

February 18, 2026

ပိတ်ထားတဲ့ မီဇိုရမ်-ပလက်ဝနယ်စပ်လမ်း ရှာဟာခရိုင်ဘက်မှ ပြန်ဖွင့်

​ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၆၄ ဦးအထိရှိလာ

WHO ကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ့ဆုံ

စစ်တွေခရိုင်မှာ နီပါးဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးနေ

​ချောင်ပူရီရှိ ဆေးစပ်စက်ရုံ အပြင်းအထန် မီးလောင်

ဗိုလ်နဂါးနဲ့BNRA အဖွဲ့ဝင်တွေရဲ့ရာဇဝတ်မှု ၇ ခုအတွက် အရေးယူဆောင်ရွက်ခဲ့တယ်လို့ NUG ထုတ်ပြန်

Releated Post

ဓာတ်ပုံ - လူမှုကွန်ရက်

ပိတ်ထားတဲ့ မီဇိုရမ်-ပလက်ဝနယ်စပ်လမ်း ရှာဟာခရိုင်ဘက်မှ ပြန်ဖွင့်

February 19, 2026
Photo - MRRV-9702

​ဖိလစ်ပိုင်သင်္ဘောနစ်မြုပ်မှုမှာ သေဆုံးသူ ၆၄ ဦးအထိရှိလာ

February 19, 2026
ဓာတ်ပုံ - စစ်ကော်မရှင်

WHO ကိုယ်စားလှယ်နဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေ့ဆုံ

February 19, 2026
Photo - Golden Era Media

စစ်တွေခရိုင်မှာ နီပါးဗိုင်းရပ်စ် ကာကွယ်ရေး အသိပညာပေးနေ

February 19, 2026
Photo - Fire & Rescue Thailand

​ချောင်ပူရီရှိ ဆေးစပ်စက်ရုံ အပြင်းအထန် မီးလောင်

February 19, 2026

ဗိုလ်နဂါးနဲ့BNRA အဖွဲ့ဝင်တွေရဲ့ရာဇဝတ်မှု ၇ ခုအတွက် အရေးယူဆောင်ရွက်ခဲ့တယ်လို့ NUG ထုတ်ပြန်

February 19, 2026

Voices, rights, diversity. News & documentaries on underreported issues

စစ်တွေခရိုင်

  • စစ်တွေမြို့နယ်
  • ပုဏ္ဏားကျွန်းမြို့နယ်
  • ပေါက်တောမြို့နယ်
  • ရသေ့တောင်မြို့နယ်

မြောက်ဦးခရိုင်

  • မြောက်ဦးမြို့နယ်
  • ကျောက်တော်မြို့နယ်
  • မင်းပြားမြို့နယ်
  • မြေပုံမြို့နယ်

မောင်တောခရိုင်

  • မောင်တောမြို့နယ်
  • ဘူးသီးတောင်မြို့နယ်

သံတွဲခရိုင်

  • သံတွဲမြို့နယ်
  • ဂွမြို့နယ်

Lorem ipsum dolor sit amet, consectetur adipiscing elit. Ut elit tellus, luctus nec ullamcorper mattis, pulvinar dapibus leo.

ကျောက်ဖြူခရိုင်

  • ကျောက်ဖြူမြို့နယ်
  • ရမ်းဗြဲမြို့နယ်

တောင်ကုတ်ခရိုင်

  • တောင်ကုတ်မြို့နယ်
  • မာန်အောင်မြို့နယ်

အမ်းခရိုင်

  • အမ်းမြို့နယ်

Copyright © 2025 Border News Agency All rights reserved.

  • Home
  • Privacy Policy
  • Terms and conditions
  • About Us
  • Home
  • Privacy Policy
  • Terms and conditions
  • About Us

Add New Playlist

Hey! Don't Copy my content.

All Categories

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

Add Your Heading Text Here

  • List Item #1
  • List Item #2
  • List Item #3

English Page